Friday, October 11, 2013

ဘင်္ဂါလီများကို နိုင်ငံသားဖြစ်၊ မဖြစ် စိစစ်ပြီးမှ နေအိမ်တည်ဆောက်ပေးရန် ဆန္ဒဖော်ထုတ်ခဲ့သူနှစ်ဦးအား ထောင်ဒဏ်သုံးလစီချမှတ်

Photo: ဘင်္ဂါလီများကို နိုင်ငံသားဖြစ်၊ မဖြစ် စိစစ်ပြီးမှ နေအိမ်တည်ဆောက်ပေးရန် ဆန္ဒဖော်ထုတ်ခဲ့သူနှစ်ဦးအား ထောင်ဒဏ်သုံးလစီချမှတ်
Friday, October 11, 2013

ပြီးခဲ့သည့် ဇွန်နှင့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ် စဉ်ပြီးနောက် ပြန်လည်နေရာချထားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ဘင်္ဂါလီများကို နိုင်ငံသားဖြစ် မဖြစ် စိစစ်ပြီးမှ နေအိမ်တည်ဆောက်ပေးရန် ပြီးခဲ့သည့် မတ် ၈ ရက်က ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် တရားစွဲခံထားရသူ စစ်တွေမြို့ခံ နှစ်ဦးအား အောက်တိုဘာလ ၈ ရက်က ထောင်ဒဏ်သုံးလစီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

““နေ့လယ် ၁၂ နာရီမှာ စစ်တွေမြို့နယ် ယာယီတရားသူကြီးက အမိန့်ချမှတ် လိုက်တာ ဖြစ်ပါတယ်။ အမိန့်ချမှတ်ပြီးပြီးချင်း ထောင်ကို တန်းပို့လိုက်ပါ တယ်။ ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရတဲ့ ကိုကျော်ဇောဦးနဲ့ ဒေါ်ညိုအေး ကို အောက်တိုဘာ ၂ ရက်က နောက်ဆုံး စစ်ဆေးခဲ့ပြီးတော့ အောက်တိုဘာ ၈ ရက်မှာ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်”” ဟု မိသားစုဝင်များက ပြော သည်။

ရခိုင်ပြည်နယ်တွင် ဒေသခံ ပြည်သူများ၏ တောင်းဆိုချက်ကို ဆောင်ရွက်ပေးရန် ဆန္ဒထုတ်ဖော်မှုကြောင့် ထောင်ဒဏ်ချမှတ်ခြင်းခံရသူ စုစုပေါင်း ၂၁ ဦး ရှိသွားပြီဖြစ်ပြီး စစ်တွေမြို့၌ ဆန္ဒထုတ်ဖော်မှုကြောင့် တရားစွဲခံထားရသူ ကိုကျော်ဇောဦးနှင့် ဒေါ်ညိုအေးတို့နှစ်ဦးမှာ နောက်ဆုံး စီရင်ချက် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် ကျောက်တော်မှ လေးဦး၊ ရသေ့တောင်မှ နှစ်ဦး၊ တောင်ကုတ်မှ သုံးဦးနှင့် ကျောက်ဖြူမဒေးကျွန်းမှ ဆယ်ဦးအား ထောင်ဒဏ် သုံးလစီ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်တွေမြို့အနီးရှိ သဲချောင်းဘင်္ဂါလီဒုက္ခသည်စခန်းကိုတွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) 

7 Day Daily
ပြီးခဲ့သည့် ဇွန်နှင့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ် စဉ်ပြီးနောက် ပြန်လည်နေရာ ချထားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ဘင်္ဂါလီများကို နိုင်ငံသားဖြစ် မဖြစ် စိစစ်ပြီးမှ နေအိမ် တည်ဆောက်ပေးရန် ပြီးခဲ့သည့် မတ် ၈ ရက်က ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် တရားစွဲခံထားရသူ စစ်တွေမြို့ခံ နှစ်ဦးအား အောက်တိုဘာလ ၈ ရက်က ထောင်ဒဏ်သုံးလစီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

““နေ့လယ် ၁၂ နာရီမှာ စစ်တွေမြို့နယ် ယာယီတရားသူကြီးက အမိန့်ချမှတ် လိုက်တာ ဖြစ်ပါတယ်။ အမိန့်ချမှတ်ပြီးပြီးချင်း ထောင်ကို တန်းပို့လိုက်ပါ တယ်။ ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရတဲ့ ကိုကျော်ဇောဦး နဲ့ ဒေါ်ညိုအေး ကို အောက်တိုဘာ ၂ ရက်က နောက်ဆုံး စစ်ဆေးခဲ့ပြီးတော့ အောက်တိုဘာ ၈ ရက်မှာ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်”” ဟု မိသားစုဝင်များက ပြော သည်။

ရခိုင်ပြည်နယ်တွင် ဒေသခံ ပြည်သူများ၏ တောင်းဆိုချက်ကို ဆောင်ရွက်ပေးရန် ဆန္ဒထုတ်ဖော် မှုကြောင့် ထောင်ဒဏ်ချမှတ်ခြင်းခံရသူ စုစုပေါင်း ၂၁ ဦး ရှိသွားပြီဖြစ်ပြီး စစ်တွေမြို့၌ ဆန္ဒထုတ်ဖော် မှုကြောင့် တရားစွဲခံထားရသူ ကိုကျော်ဇောဦးနှင့် ဒေါ်ညိုအေးတို့နှစ်ဦးမှာ နောက်ဆုံး စီရင်ချက် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် ကျောက်တော်မှ လေးဦး၊ ရသေ့တောင်မှ နှစ်ဦး၊ တောင်ကုတ်မှ သုံးဦးနှင့် ကျောက်ဖြူမဒေးကျွန်းမှ ဆယ်ဦးအား ထောင်ဒဏ် သုံးလစီ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်တွေမြို့အနီးရှိ သဲချောင်းဘင်္ဂါလီဒုက္ခသည်စခန်းကိုတွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

7 Day Daily

No comments:

Post a Comment