Tuesday, October 1, 2013

သံတွဲမြို့ အခြေအနေ တည်ငြိမ်လျက်ရှိ

သံတွဲမြို့ကို နှစ်ရက်တာ လုံခြုံရေးတင်းကြပ်စွာ ချထားပြီးနောက် သံတွဲမြို့ ဘောဓိကုန်းရပ်ကွက်နှင့် သုံးမိုင်ခန့် ဝေးသော ရာဘာခြံရှိ ခြံစောင့်တဲတစ်လုံး စက်တင်ဘာ ၃၀ ရက် ည ၇ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သံတွဲမြို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးကျော်တင့်က ပြောသည်။
“လမ်းဆုံတိုင်းမှာ လုံခြုံရေးတွေချထားပြီး ကျွန်တော်တို့ မြို့ကို လှည့်ပြီး စောင့်နေပါ တယ်။ ဗောဓိကုန်း ရပ်ကွက်နဲ့ တောင်တစ်လုံးခြားပြီး သုံးမိုင်လောက်ဝေးတဲ့ ရာဘာခြံက တဲတစ်လုံး မီးလောင်မှုဖြစ်တာပါ” ဟု ခရိုင်ရဲမှူး ဦးကျော်တင့်က မဇ္ဈိမသို့ ပြောသည်။

သံတွဲမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများအနေဖြင့် စက်တင်ဘာလ ၃၀ ရက်နေ့လည်က သံတွဲမြို့ စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့နှင့်လည်း တွေ့ ဆုံကာ ဒေသ တွင်းရှိ ရခိုင်တိုင်းရင်းသားများကို ထိန်းသိမ်းပေးရန် အကူအညီ
တောင်းခံခဲ့သည်ဟုလည်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့အနေနဲ့ လုံခြုံရေးကိုလည်း တင်းတင်းကြပ်ကြပ် ချထားတယ်။ ရပ်ကွက်အသီးသီးက ဘုန်းတော်ကြီးတွေကိုလည်း တတ်နိုင်သလောက်ထိန်းသိမ်းပေးဖို့ လျှောက်ထားတယ်။ ဘာမှပူစရာမရှိ ပါဘူး” ဟု သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်က ဆိုသည်။

သံတွဲမြို့တွင် ဆိုင်ကယ်ရပ်နားရာက အချင်းများမှုဖြစ်ပေါ်ခဲ့ကာ စက်တင်ဘာလ၂၉ ရက်က ငပလီရောင်းဝယ်ရေး ဆိုင်ရှိရာ နေအိမ်တစ်လုံး မီးရှို့ခံရပြီး တုတ်ခဲများဖြင့် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့သဖြင့် သံတွဲမြို့ စည်းကမ်းထိန်းသိမ်းရေး ရဟန်းတော်များအဖွဲ့က အချိန်မီ ထိန်းသိမ်းခဲ့ရသည်။
 Mizzima

No comments:

Post a Comment