Wednesday, October 23, 2013

ငါးလောင်းပြိုင် လူသတ်မှု စစ်ဆေးမှုအခြေအနေ တိုးတက်လာဟုဆို

Photo: ငါးလောင်းပြိုင် လူသတ်မှု စစ်ဆေးမှုအခြေအနေ တိုးတက်လာဟုဆို

Wednesday, 23 October 2013

ရန်ကုန် ၊ အောက်တိုဘာ ၂၂ ။ ။ ငါး နှစ်နီးပါးတိုင်အောင် တရားခံဖမ်း ဆီးရမိခြင်း မရှိသေးသည့် ငါး လောင်းပြိုင်လူသတ်မှု၏ စစ်ဆေး နေသည့်အခြေအနေမှာ တိုးတက် လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ဇော် ဝင်း က ရန်ကုန်တိုင်းမ် နေ့စဉ်သ တင်းစာ၏ သီးသန့်မေးမြန်းမှုကို ဖြေကြားခဲ့သည်။အောက်တိုဘာ၁၈ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင်ပြုလုပ်ခဲ့သော ရန်ကုန် နှင့်နယ်မြို့တချို့တွင် ဗုံးဖောက် ခွဲမှု တရားခံများ နှင့်ပတ်သက် သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြော ကြားခဲ့ခြင်းဖြစ်သည်။

ရဲချုပ်ဇော်ဝင်းက ''ငါး လောင်းပြိုင် လူသတ်မှုကို ဆက် လက်စစ်ဆေးနေတယ်။ အမှုရဲ့ အခြေအနေက တိုးတက်မှုရှိလာ ပါပြီ''ဟု ပြောသည်။ အဆိုပါငါးလောင်းပြိုင် လူသတ်မှုကို ယခုအခါ စီအိုင်ဒီ မှစစ်ဆေးလျက်ရှိကြောင်း သိရ သည်။ စီအိုင်ဒီ မှ ဒုရဲမှူးကြီးတစ် ဦးက ငါးလောင်းပြိုင်လူသတ်မှု နှင့်ပတ်သက်ပြီး ''ကျွန်တော်တို့ အနေနဲ့ကတော့ ငါးလောင်းပြိုင် လူသတ်မှုကို ကြိုးစားပြီးစစ်ဆေး နေဆဲပါ။ လက်ရှိလုပ်ဆောင်နေ ပါတယ်။ အမှုမပိတ်ပါဘူး။ အမှု တွေရဲ့သဘောက တစ်ခါ တလေ ကြာတတ်တာတွေ ရှိတယ်လေ။ တချို့နိုင်ငံက မှုခင်းတွေဆိုရင် ၁ဝနှစ်၊ ၁၅နှစ်ကြာမှ မိတာတွေ လဲရှိတာပဲ''ဟုပြောသည်။

ငါးလောင်းပြိုင်လူသတ်မှု သည် ၂၀၀၈ခုနှစ်တွင် ဖြစ်ပွားခဲ့ ပြီး မိုးကုတ်သူဌေးကြီး ဦးမြမောင် ၏ သမီး၊ မြေးနှစ်ဦးနှင့် အိမ်ဖော် မှာ စိမ်းလဲ့ကန်သာလမ်းရှိ နေအိမ် တွင် သေဆုံးခဲ့သည်။ ယင်းငါးလောင်းပြိုင် လူ သတ်မှုနှင့်ပတ်သက်၍ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ ငါးလောင်းပြိုင်လူသတ် မှုကို စုံစမ်းထောက်လှမ်းနေသော် လည်း အထောက်အထားမရသေး သဖြင့် ဖော်ထုတ်နိုင်ခြင်းမရှိသေး ကြောင်း၊ စုံစမ်းဖော်ထုတ်ပြီးပါက ပြည်သူများထံ တရားဝင်ကြေညာ ပေးသွားမည် ဖြစ်သည် ဟု ပြည် ထဲရေး ဒုတိယဝန်ကြီး ဗိုလ်မှူး ချုပ်ကျော်ကျော်ထွန်းက လွန်ခဲ့ သည့်ရက်ပိုင်းက နေပြည်တော်ရှိ လွှတ်တော်ရုံးတွင် မီဒီယာများကို ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မြတ်ဇံ
Yangon Media Group

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ဇော် ဝင်း ကိုသတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။

1 comment:

  1. no one dare to investigate that massacre case. The polices are cheating people.

    ReplyDelete