Friday, October 4, 2013

မိတ္ထီလာကန်ရေ မြင့်တက်နေပြီး မိုးဆက်လက် ရွာသွန်းပါက ဖောက်ချရန် စီစဉ်လျှက်ရှိ

စက်တင်ဘာ လကုန်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှု့ကြောင့် မိတ္ထီလာမြို့ မိတ္ထီလာကန်ရေမှာ လက်ရှိအချိန်တွင် မြင့်တက်နေပြီး မိုးဆက်လက် ရွာသွန်းပါက မိတ္ထီလာကန်ရေ ဖောက်ချနိုင်ရန် စိစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

''ဒေသခံတွေရဲ့ ရေတိုင်းမှတ်ဖြစ်တဲ့ နဂါးကတော့ မြုပ်စပြူနေပါပြီ၊ နဂါးမြုပ်ပြီး နောက်ထပ် တစ်ပေလောက် ရောက်ရင် ရေပြည့်မှတ် ရောက်ပါပြီ၊ အခု အောက်တိုဘာ လဆန်းမှာ မိုးဆက်လက် ရွာတဲ့အတွက် ရေလွှဲတွေကနေ ရေစလွှတ်ဖို့ ပြင်ဆင်နေပါပြီ၊ ရေစချပေးဖို့ အတွက် မိတ္ထီလာ ကန်အောက် ကျေးရွာတွေကို ဒီနေ့ကစပြီး အကြောင်းကြားနေပါပြီ၊ မိတ္ထီလာကန်အောက် ရေကျော် ခုနစ်ပေါက်အောက်က ကျေးရွာတွေကို ကန်ရေစလွှတ်တော့မှာ ဖြစ်တဲ့အတွက် ချောင်းထဲမြောင်းထဲမှာ ဆင်းပြီး တံငါလုပ်ငန်း မလုပ်ဖို့နဲ့ ရေနားနီးရင် ဂရုစိုက်ဖို့ အောက်တိုဘာ ၂ ရက်နေ့ ညနေကစပြီး သတိပေး ကြေညာနေပါပြီ၊ ကန်ရေလွှတ်ရင်လည်း တစ်ချိန်လုံး မလွှတ်ပါဘူး၊ ကန်ရေကို ဖြည်းဖြည်းချင်း လွှတ်ပေးပါမယ်၊ ဒါတွေကလည်း အောက်တိုဘာ လထဲမှာ မိုးဆက်ရွာစ ပြုနေတဲ့ ကြိုတင်ပြင်ဆင်ထားတာပါ၊ မိုးဆက်ရွာလို့ ကန်ရေလွှတ်ရင်လည်း စနစ်တကျနဲ့ အန္တရယ် ကင်းကင်း ရေလွှတ်နိုင်အောင် ကြိုတင်ပြင်ဆင် နေပါပြီ'' ဟု မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှုး ဦးမျိုးလှိုင် က ပြောကြားသည်။

စက်တင်ဘာလအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မိတ္ထီလာမြို့နယ် အတွင်းရှိ မုန်တိုင်ဆည်၊ မိတ္ထီလာကန်တို့မှာ ရေပြည့်နေခဲ့ပြီး ဒေသတွင်း ကန်ချောင်းများ ရေပြည့်လျှံနေကြောင်း သိရှိရသည်။

မိတ္ထီလာကန်ရေ တက်နေသည်ကို အောက်တိုဘာ လဆန်းက တွေ့ရစဉ်


Eleven

No comments:

Post a Comment