Friday, October 4, 2013

လမ်းကျပ်မှုနှင့် အခြားအခြေခံလိုအပ်ချက်များကြောင့် ကပရနှင့် အကျိုးတူဆောင်ရွက်မည့်ကိုရီးယားကုမ္ပဏီ မှစီမံ ကိန်းပယ်ဖျက်

Photo: လမ်းကျပ်မှုနှင့် အခြားအခြေခံလိုအပ်ချက်များကြောင့်
ကပရနှင့် အကျိုးတူဆောင်ရွက်မည့်ကိုရီးယားကုမ္ပဏီ မှစီမံ ကိန်းပယ်ဖျက်
Friday, October 4, 2013

မြို့တွင်း ယာဉ်လမ်းကြောင်းကျပ်တည်းမှုနှင့် အခြားအခြေခံအချက်လိုအပ်ချက်များကြောင့် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန(ကပရ)နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့်စီမံကိန်းအား တင်ဒါအောင်မြင်ထားသည့် ကိုရီးယားကားကုမ္ပဏီ Busan Bus မှပယ်ဖျက်လိုက်ကြောင်း ‘ကပရ’ မှသတင်းရရှိသည်။

ပြည်တွင်း မော်တော်ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့် အဆင့်မြှင့်တင်ရန်အတွက် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများ တင်ဒါခေါ်ယူမှုတွင်ရန်ကုန်အခြေစိုက် Forever Green Light Co.,Ltd ၊ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်အခြေစိုက် Busan Bus Co.,Ltd နှင့် မန္တလေးအခြေစိုက်မိုးသောက်နှင်းကုမ္ပဏီလီမိတက်တို့မှတင်ဒါ အောင်မြင်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ယင်းကုမ္ပဏီများအနေဖြင့် မော်တော်ယာဉ်ကဏ္ဍ တွင်ရင်းနှီးမြှုပ်နှံမှု ငွေပမာဏနှင့် အချက်အလက်တင်ပြဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြောင်း၊လက်ရှိတွင် ကုမ္ပဏီသုံးခုအနက် တောင်ကိုရီး ယားကုမ္ပဏီ Busan Bus Co.,Ltd မှာ ရန်ကုန်မြို့တွင်း ယာဉ်ကြော ကျပ်တည်းမှုနှင့်အခြားအခြေခံလိုအပ်ချက်အမျိုးမျိုးကြောင့် နုတ်ထွက်မည် ဖြစ်ကြောင်းသိရသည်။

“အဓိကကတော့ သူတို့စီးပွားရေးအတွက် တွက်ခြေမကိုက်လို့ဘဲ၊ မြို့တွင်းချဲ့ရမယ်၊ City Bus မှာသူတို့အရှုံးပေါ်ဖို့များနေတယ်၊ City Bus မှာအရှုံးပေါ်ပေမဲ့လည်း တခြားလုပ်ငန်းတွေက အမြတ်နဲ့ ပြန်ကာမယ် ဆိုတော့အဆင်ပြေမှာပါ၊ ဒါပေမဲ့သူတို့နိုင်ငံကစီးပွား ရေးလုပ်ငန်းရှင်များ အသင်းရဲ့တွက်ချက်မှုအရ မကိုက်ဘူးပေါ့၊ City Bus မှာဆိုရင် အထူးကားလည်းမဟုတ်ဘူး၊ ရပ်တင်မောင်းစနစ်နဲ့တိုင်းဒေသကြီးက သတ်မှတ်တဲ့နှုန်းအတိုင်းဆွဲရမှာဆိုတော့ သူတို့တွက်ခြေမကိုက် ဘူးလို့ ပြောတယ်၊ ဒါပေမဲ့ဌာနကလည်း လုပ်ငန်းစဉ်တွေထဲမှာ City Bus ပြေးဆွဲမှုကိုအဓိကထား ဆောင်ရွက်ထားတယ်၊ လုပ်ကိုင်ခွင့်ပြုတုန်း ကလည်း Ciyt Bus ကို ဆောင်ရွက်မှ ပေးမယ်ဆိုပြီးတော့ တစ်ခါတည်းသဘောတူထားတယ်”ဟု ‘ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန (ကပရ)’မှ ဒုတိယအထွေထွေမန်နေဂျာ ဦးတင်ဝင်းမောင်က ပြောသည်။

ပြည်တွင်း မော်တော်ယာဉ်ကဏ္ဍအဆင့်မြှင့်တင်ဆောင်ရွက်ရန်၂၀၁၃ခုနှစ်၊ ဇူလိုင်လတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီသုံးခုနှင့် အကျိုးတူပူးပေါင်းဆောင် ရွက်ရန် သဘောတူညီခဲ့ပြီး မြို့တွင်းဘတ်စ်ကားပြေးဆွဲမှု၊ အဝေးပြေးယာဉ် လိုင်း ပြေးဆွဲမှု၊ ကုန်စည်ပို့ဆောင်မှု၊ အငှားယာဉ်ပြေးဆွဲမှု၊ ယာဉ်အပို ပစ္စည်းနှင့် ၀န်ဆောင်မှုစင်တာဖွင့်လှစ်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များအတွက် Forever Green Light Co.,Ltd မှ ငွေကျပ် သန်း ၇,၁၄၀၊ မိုးသောက်နှင်းကုမ္ပဏီလီမိတက်မှ ငွေကျပ် သန်း ၁,၅၀၀နှင့် ကိုရီးယားကုမ္ပဏီ Busan Bus Co.,Ltd မှ ငွေကျပ်သန်းတစ်သောင်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ကပရဌာန၏ထုတ် ပြန်ချက်များအရသိရသည်။
၂၀၁၂ခုနှစ်၊ နိုဝင်ဘာလတွင်လည်း မြို့တွင်းဘတ်စ်ကား ပြေးဆွဲမှုအတွက် ဂျပန်နိုင်ငံ JCClကုမ္ပဏီလီမိတက်နှင့်ကပရတို့ပူးပေါင်းကာ ဆောင်ရွက် ရန်သဘောတူခဲ့ပြီး ၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းတွင် JCCl မှဖျက်သိမ်းခဲ့ကြောင်း သိရသည်။

Automobile Journal
မြို့တွင်း ယာဉ်လမ်းကြောင်းကျပ်တည်းမှုနှင့် အခြားအခြေခံအချက်လိုအပ်ချက်များကြောင့် ကုန်းလမ်း ပို့ဆောင်ရေး ဦးစီးဌာန(ကပရ)နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့်စီမံကိန်းအား တင်ဒါအောင်မြင် ထားသည့် ကိုရီးယားကားကုမ္ပဏီ Busan Bus မှပယ်ဖျက်လိုက်ကြောင်း ‘ကပရ’ မှသတင်းရရှိသည်။

ပြည်တွင်း မော်တော်ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့် အဆင့်မြှင့်တင်ရန်အတွက် ပြည်တွင်း ၊ ပြည်ပ ကုမ္ပဏီများ တင်ဒါခေါ်ယူမှုတွင်ရန်ကုန်အခြေစိုက် Forever Green Light Co.,Ltd ၊ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်အခြေစိုက် Busan Bus Co.,Ltd နှင့် မန္တလေးအခြေစိုက် မိုးသောက်နှင်း ကုမ္ပဏီလီမိတက်တို့မှတင်ဒါ အောင်မြင်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ယင်းကုမ္ပဏီများ အနေဖြင့် မော်တော်ယာဉ် ကဏ္ဍ တွင်ရင်းနှီးမြှုပ်နှံမှု ငွေပမာဏနှင့် အချက်အလက်တင်ပြဆွေးနွေးမှု များ ပြုလုပ် ခဲ့ကြောင်း၊လက်ရှိတွင် ကုမ္ပဏီသုံးခုအနက် တောင်ကိုရီး ယားကုမ္ပဏီ Busan Bus Co.,Ltd မှာ ရန်ကုန်မြို့တွင်း ယာဉ်ကြော ကျပ်တည်းမှုနှင့်အခြားအခြေခံလိုအပ်ချက် အမျိုးမျိုးကြောင့် နုတ်ထွက် မည် ဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ သူတို့စီးပွားရေးအတွက် တွက်ခြေမကိုက်လို့ဘဲ၊ မြို့တွင်းချဲ့ရမယ်၊ City Bus မှာသူတို့အရှုံးပေါ်ဖို့များနေတယ်၊ City Bus မှာအရှုံးပေါ်ပေမဲ့လည်း တခြားလုပ်ငန်းတွေက အမြတ်နဲ့ ပြန်ကာမယ် ဆိုတော့အဆင်ပြေမှာပါ၊ ဒါပေမဲ့သူတို့နိုင်ငံကစီးပွား ရေးလုပ်ငန်းရှင်များ အသင်းရဲ့တွက်ချက်မှုအရ မကိုက်ဘူးပေါ့၊ City Bus မှာဆိုရင် အထူးကားလည်းမဟုတ်ဘူး၊ ရပ်တင်မောင်းစနစ်နဲ့တိုင်းဒေသကြီးက သတ်မှတ်တဲ့နှုန်းအတိုင်းဆွဲရမှာဆိုတော့ သူတို့တွက်ခြေမကိုက် ဘူးလို့ ပြောတယ်၊ ဒါပေမဲ့ဌာနကလည်း လုပ်ငန်းစဉ်တွေထဲမှာ City Bus ပြေးဆွဲမှုကိုအဓိကထား ဆောင်ရွက်ထားတယ်၊ လုပ်ကိုင်ခွင့်ပြုတုန်း ကလည်း Ciyt Bus ကို ဆောင်ရွက်မှ ပေးမယ်ဆိုပြီးတော့ တစ်ခါတည်းသဘောတူထားတယ်”ဟု ‘ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန (ကပရ)’မှ ဒုတိယအထွေထွေမန်နေဂျာ ဦးတင်ဝင်းမောင်က ပြောသည်။

ပြည်တွင်း မော်တော်ယာဉ်ကဏ္ဍအဆင့်မြှင့်တင်ဆောင်ရွက်ရန်၂၀၁၃ခုနှစ်၊ ဇူလိုင်လတွင် ပြည်တွင်း ၊ ပြည်ပ ကုမ္ပဏီသုံးခုနှင့် အကျိုးတူပူးပေါင်းဆောင် ရွက်ရန် သဘောတူညီခဲ့ပြီး မြို့တွင်း ဘတ်စ်ကားပြေး ဆွဲမှု၊ အဝေးပြေးယာဉ် လိုင်း ပြေးဆွဲမှု၊ ကုန်စည်ပို့ဆောင်မှု၊ အငှားယာဉ်ပြေးဆွဲမှု၊ ယာဉ်အပို ပစ္စည်းနှင့် ၀န်ဆောင်မှုစင်တာဖွင့်လှစ်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များအတွက် Forever Green Light Co.,Ltd မှ ငွေကျပ် သန်း ၇,၁၄၀၊ မိုးသောက်နှင်းကုမ္ပဏီလီမိတက်မှ ငွေကျပ် သန်း ၁,၅၀၀နှင့် ကိုရီးယားကုမ္ပဏီ Busan Bus Co.,Ltd မှ ငွေကျပ်သန်းတစ်သောင်း ရင်းနှီးမြှုပ်နှံ မည်ဖြစ်ကြောင်း ကပရဌာန၏ထုတ် ပြန်ချက်များအရသိရသည်။
၂၀၁၂ခုနှစ်၊ နိုဝင်ဘာလတွင်လည်း မြို့တွင်းဘတ်စ်ကား ပြေးဆွဲမှုအတွက် ဂျပန်နိုင်ငံ JCClကုမ္ပဏီလီ မိတက်နှင့် ကပရတို့ပူးပေါင်းကာ ဆောင်ရွက် ရန်သဘောတူခဲ့ပြီး ၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းတွင် JCCl မှ ဖျက် သိမ်းခဲ့ကြောင်း သိရသည်။

Automobile Journal

No comments:

Post a Comment