Thursday, October 10, 2013

နိုင်ငံတကာပွဲတွေပြီးရင် ချယ်ဆီးအသင်း ပိုကောင်းလာပါမယ်။(အိုင်ဗန်နိုဗစ်)

ချယ်ဆီး နောက်ခံကစားသမား အိုဗစ်နိုဗစ်ဟာ ချယ်ဆီးအသင်းအနေနှင့် ခြေစွမ်း အတက်အကျများ ရှိနေခဲ့ပြီး ယခုတစ်ပါတ် နိုင်ငံလက်ရွေးစင်ပွဲများ ပြီးဆုံးပါက ချယ်ဆီးအသင်းအနေနှင့် ပိုမိုကောင်းမွန် လာမည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

အိုဗန်နိုဗစ်က “ကျနော်တို့ ဒီထက်ပိုပြီး ကြိုးကြိုးစားစား လုပ်ပြစရာတွေ ရှိနေပါသေးတယ်။ ကျနော်တို့ ကစားခဲ့တဲ့ ပွဲတွေမှာ သိပ်ကောင်းတဲ့တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ရှုံးပွဲတွေလည်း ရှိခဲ့တာပါပဲ။ အသင်းနှင့် ကျနော်တို့ရဲ့ စွမ်းဆောင်ချက်တွေဟာ ဒီထက် ပိုပြီး တိုးတက်လာစရာ ရှိပါသေးတယ်။ ကျနော်တို့ ပိုကောင်းအောင် လုပ်ပြနိုင်မှာပါ။ ကျနော့်အထင်တော့ နိုင်ငံ လက်ရွေးစင် အသင်းတွေ ကစားတဲ့ ဒီရက်သတ္တပါတ်အပြီးမှာ ကျနော်တို့ လုပ်ပြနိုင် လိမ့်မယ်လို့ ထင်ပါတယ်။” ဟု ချယ်ဆီး ဝက်ဘ်ဆိုက်မှာ ပြေကြားခဲ့ခြင်း ဖြစ်သည်။

ချယ်ဆီး အသင်းဟာ ပရီးမီးယားလိဂ်မှာ ၄ ပွဲနိုင်၊ ၂ ပွဲသရေ၊ တစ်ပွဲ ရှုံး ရလာဒ်ဖြင့် အဆင့်၃ မှာ ရပ်တည်လျက်ရှိပြီး ချန်ပီယံလိဂ်မှာ တစ်ပွဲရှုံး တစ်ပွဲနိုင်ထားသည့် အသင်းဖြစ်သည်။ ဥရောပ စူပါဖလားမှာတော့ ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ထားသည်။
Written by အောင်စိုးမိုး(နတ်ရွာ)

No comments:

Post a Comment