မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ အခွင့်အရေး တိုက်တွန်းဆောင်ရွက်သော
ဥပဒေပညာရှင်ဆုကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်မဲ ဆန္ဒနယ်အမှတ်(၂)မှ
တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ရရှိခဲ့ကြောင်း
သတင်းရရှိသည်။
"လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကမှ အန်တီ့ဆီကို အီးမေးလ်ပို့လို့
သိခဲ့ရတာပါ။ ဒီလို အမျိုးသမီးတွေ သိန်းနဲ့ ချီပြီး ပါဝင်တဲ့အဖွဲ့အစည်းက
အသိအမှတ်ပြုပြီး ချီးမြှင့်တာဆိုတော့ အန်တီ့အနေနဲ့ ကျေနပ် ပါတယ်" ဟု ဒေါက်တာ
ညိုညိုသင်းက အောက်တိုဘာ ၂၂ ရက်က ပြောကြားသည်။
(Women Organization Network) မှ အဆိုပါ ဆုချီးမြှင့်ပွဲတွင်
ဒေါက်တာညိုညိုသင်း အပါအ၀င် အမျိုးသမီးခြောက်ဦးအား ဆုချီးမြှင့်သွားမည်ဟု
သိရသည်။
"ဒီဆုရသွားပြီဆိုပြီးတော့ အမျိုးသမီးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို
ရပ်သွားမှာ မဟုတ်ပါဘူး။ ဆက်လုပ်မှာပါ။ အမှန်တော့ လုပ်စရာတွေ အများကြီး
ကျန်ပါသေးတယ်။ ဆက်ပြီးတော့ တိုက်ပွဲ ၀င်ရ ဦးမှာ ဖြစ်ပါတယ်။ အခုလက်ရှိမှာက
အမျိုးသမီးနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေကို သိဖို့ပဲ လုပ်ရသေး တာပါ။
သူတို့တွေပါ ကိုယ်တိုင်ပါဝင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့တွေ
အများကြီးလုပ်ရဦး မှာပါ"ဟု ဒေါက်တာ ညိုညိုသင်းက ဆက်လက်ပြောကြားသည်။
Eleven
No comments:
Post a Comment