ပေါ်တူဂီသား မန်နေဂျာက မိမိသည် ဘောလုံးပွဲ တစ်ပွဲကို ကြည့်ရှုနေစဉ်အ တွင်း ဂိုးဝင်တော့မည် ဆိုပါက ဂန္ဓာရုံ နှိုးဆွမှု အာရုံတစ်ခုကို ထူးထူးခြားခြား ပိုင်ဆိုင်ထားကြောင်း ဆိုသည်။
ကာရိုးရုဒ်တွင် သရေကျနေချိန်၌ မိမိသည် စိုးရိမ်ပူပင်မှု မရှိကြောင်းနှင့် မိမိတို့အသင်း ချေပဂိုး သွင်းခံရမည်ကို ကြိုတင်၍ အနံ့ရခဲ့ကြောင်း မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။ မော်ရင်ဟိုက "ပွဲကစားနေတဲ့ တစ်ချိန်လုံး ကျွန်တော် တုန်လှုပ်နေတာမျိုး လုံးဝ မရှိဘူး။ အရာရာကို ကျွန်တော် အာရုံခံစားကြည့်နေတယ်။ တချို့အရာတွေအတွက် ကျွန်တော့်မှာ အနံ့ခံနိုင်စွမ်း ရှိတယ်။ အပိုင်အခွင့်အလမ်း တစ်ခုကို ဒမ်ဘာဘား လက်လွတ်သွားချိန်မှာ သူတို့ဘက်က ဂိုးပြန်သွင်းတော့မယ် ဆိုတာကို ကျွန်တော် အနံ့ရလာခဲ့တယ်"ဟု ဆိုသည်။ ၎င်းက ဆက်လက်၍ "(၁)ဂိုးစီ သရေဖြစ်သွားပြီ ဆိုတာနဲ့ ကျွန်တော်တို့ နိုင်တာလည်း ဖြစ်နိုင် တယ်၊ ရှုံးတာလည်း ဖြစ်နိုင်တယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ သရေအတွက် ရည်မှန်းပြီး ကစားခဲ့တာ မဟုတ်ဘူး။ ထိပ်ဆုံးနေရာအတွက် ကြိုးစားနေတာပါ။ ဒါကြောင့် အနိုင်ရအောင် ပိုပြီးတော့ အားထုတ်သွားခဲ့ပါတယ်"ဟုလည်း ပြောဆိုသွားခဲ့သည်။
Planet Myanmar Network
No comments:
Post a Comment