Saturday, October 12, 2013

မိုးညှင်းတွင် ဈေးရောင်းသူများ လုယက်ခံရ

မိုးညှင်းမြို့နယ်၊ အောင်သပြေ အမှတ် ၂ ဈေးသို့ ဈေးရောင်းရန် လက်တွန်းလှည်းဖြင့် လာရောက်သော အမျိုးသမီး နှစ်ဦးအား လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။ ယမန်နေ့ နံနက် ၅ နာရီခန့်အချိန်က အမျိုးသမီး နှစ်ဦးသည် ဖိနပ်ရောင်းရန်အတွက် လက်တွန်းလှည်းဖြင့် လာရောက်စဉ် အရပ်အမောင်းကောင်းသော အမျိုးသားတစ်ဦး မျက်နှာတွင် ဖုန်ကာ ၀တ်ဆင်ထားကာ လာရောက်လုယက်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးများမှ အော်ဟစ် အကူအညီတောင်းသည့်အတွက် လမ်းထောင့်အကွယ်တွင် အသင့်စောင့်ဆိုင်းနေသော ဆိုင်ကယ်ဖြင့် လူတစ်ဦး ပေါ်လာပြီး အမြန်မောင်းပြေးသွားခဲ့ကြောင်း သိရသည်။

“ရမ်းကားခံရတဲ့ အမျိုးသမီးမှာ ရန်ညိုးရန်စလည်းမရှိဘူး၊ ချစ်သူရည်းစားလည်းမရှိဘူး၊ သူ့ဘာသာရိုးရိုးကြီးနေတာ” ဟု လုယက်ခံရသူ အမျိုးသမီးများနေသည့် အိမ်မှ အိမ်ရှင်အမျိုးသမီးက ပြောကြားသည်။

အရှေ့စုရပ်ကွက်တွင် နေထိုင်သော ကိုခိုင်ဝင်းက “မနက်တွေမှာ အမျိုးသမီးတွေကို မတော်မတရားလုပ်ဖို့ ကြံစည်နေတဲ့ သူယုတ်မာတွေ ရှိနေတယ်။ လူလစ်ရင် မိန်းကလေးတွေကို ဟိုကိုင်ဒီကိုင်ပြီးပြေးပြေးသွားတယ်၊ မိန်းကလေးတွေအော်သံကြားလို့ အရပ်က၀ိုင်းလိုက်ဖမ်းကြတာ မမိသေးဘူး” ဟု ပြောကြားသည်။

မိုးညှင်းမြို့ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ခိုင်လွင်က “တစ်နေ့(၂)ကြိမ်ကင်းလှည့်ပါတယ်၊ နံနက်၅နာရီမှ စခန်းကိုပြန်ခဲ့ ပါတယ်၊ အရေးအကြောင်းရှိရင် ချက်ချင်းအကြောင်းကြားပေးပါ” ဟုပြောကြားသည်၊

သီဟအောင်(ကချင်)
မြန်မာ့ခေတ်

No comments:

Post a Comment