Wednesday, October 2, 2013

ယာဉ်အားမဆင်မခြင်မောင်းနှင်၍ ယာဉ်တိုက်လူသေဆုံး

၁.၁၀.၂၀၁၃ရက်နေ့ ၂၃၃၀အချိန် တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်း အတိုင်း မြောက်မှတောင် သို့ ကောင်းမြတ်၊ (ဘ)ဦးတင်အောင် ၊တောင်ဥက္ကလာပမြို့နယ်နေသူ မောင်းနှင်လာသော ၁ဂ/-----၊ပါရမီ
(၁၇၄)လိုင်း ခရီးသည်တင်ယာဉ်သည် ရွှေဖီခိုင်ညှာလမ်းထိပ် အရောက် တစ်ဘက်ယာဉ်ကြော သို့ရောက် ရှိကာ မျက်နှာချင်းဆိုင်မှ ဦးဖိုးကျော်မောင်းနှင် လာသော BB/----၊ အေဒီဗင်အငှား ယာဉ်နှင့် ဦးအောင်ရွှေမောင်းနှင်လာသော ၄ဃ/----၊ ကယ်ဒီနာအငှားယာဉ်တို့အား တိုက်မိပြီး ယာဘက်သို့ တိမ်းရှောင်စဉ် ၎င်း၏ရှေ့ရှိ ဦးထွန်းထွန်းဝင်း မောင်းနှင်သော AA/----၊ ပရိုဘောက်ယာဉ်အား ထပ်မံ တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်များပျက်စီးခဲ့သည့်အပြင် BB/-----၊ အေဒီဗင်အငှားယာဉ်ပေါ်ပါ ခရီးသည် ဒေါ် ယဉ်ယဉ်ထွန်း၊ (ဘ)ဦးထွန်းရွှေ၊ ရန်ကင်းမြို့နယ်နေသူမှာ မျက်နှာစုတ်ပြဲ၊ ဦးခေါင်း နောက်စေ့ပေါက်ပြဲ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားပြီး ဒေါ်သက်မာ၊ (ဘ)ဦးမောင်ကျော်သာ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နေသူတွင် ဦးခေါင်းနောက်စေ့ ဖူးယောင်ဒဏ်ရာရရှိကာ စံပြဆေးရုံကြီးတွင် အတွင်း လူနာ(မစိုးရိမ်ရ)အဖြစ် ကုသရသောကြောင့် ယာဉ်မဆင် မခြင်မောင်းနှင်သူ ကောင်းမြတ် အား တောင် ဥက္ကလာပမြို့မ ရဲစခန်းယာဉ်(ပ)၃၈/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၈/၃၀၄- ကဖြင့် အရေးယူကာ ဖမ်းဆီး စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Ploice

No comments:

Post a Comment