Wednesday, October 2, 2013

သူ့လောက်ရဲတင်းသူ ရှိပါအုံးမလား



ဆိုးသွမ်းလှတဲ့ စပိန်သား ဂျင်မီဂျန် ဟာ ကမ္ဘာ့ဘောလုံးရာဇ၀င်၌ ပြိုင်ပွဲတွေမှာ ကျူးကျော် အနှောက်ယှက်ပြုကြသူများထဲမှာမှ အဆိုးဆုံး သူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပါသည်။
၂၀၀၆ နှင့် ၂၀၀၇ ကာလ ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲကွင်းထဲ ကို ၀င်ရောက်နှောက်မယှက်မှီ ယူရို ၂၀၀၄ ကာလတုန်းကလည်း ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်ဖြစ်တဲ့ ဘာစီလိုနာကနေ ရီးရဲလ်မက်ဒရစ်ပြောင်းရွှေ့ ကစားသွားသည့် လူးဝစ်ဖီဂိုကို ဘာစီလိုနာ အင်္ကျီနဲ့ ပစ်ပေါက်ခဲ့ဖူး ပါသေး သည်။ 

ပိုပြီးနာမည်ကြီးစေတာကတော့ ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ လူမျိုးရေးခွဲခြားရေးကို ဆန်.ကျင်တိုက်ခိုက်ထားတဲ့ စာတမ်းပါတဲ့ တီရှပ်အနက်ကြီးကို ၀တ်ဆင် လာပြီး၊ လုံခြုံရေးတွေ ၀င်မဖမ်းဆီးခင်မှာ ကမ္ဘာ့ဖလား ဆုဖလားကို ခရစ်စမတ် ဦးထုပ်ကောက် စွပ်ခဲ့ ပါသေးသည်

မိုးတိမ် (တမာမြေ) 
Football Café

No comments:

Post a Comment