Tuesday, October 8, 2013

အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ၀င်ရောက်မည့် မြန်မာ အမျိုးသမီးအသင်း

တရုတ်နိုင်ငံ နန်ကျင်းမြို့တွင် အောက်တိုဘာ ၁၁ ရက်မှ ၂၀ ရက်ထိ ကျင်းပမည့် အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း အပြီးသတ် ကစားသမား ၂၃ ဦးကို ရွေးချယ်လိုက်ကြောင်း သိရသည်။ အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲတွင် တိုက်ရိုက် ကစားခွင့် ရရှိသော အိမ်ရှင် တရုတ်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ သြစတြေးလျ အသင်းတို့နှင့်အတူ ခြေစစ်ပွဲအောင် မြန်မာအသင်းတို့ ၀င်ရောက် ယှဉ်ပြိုင်ရမည် ဖြစ် သည်။ မြန်မာအသင်းသည် အာဆီယံ ဒေသတွင်း၌ ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် တစ်သင်းတည်းသော အသင်း ဖြစ်သည်။ အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အမျိုးသမီး အသင်းသည် အောက်တိုဘာ ၁၁ ရက်တွင် ဂျပန် ယူ-၁၉ အမျိုးသမီး အသင်း၊ အောက်တိုဘာ ၁၃ ရက်တွင် တောင်ကိုရီးယား ယူ-၁၉ အမျိုးသမီးအသင်း၊ အောက်တိုဘာ ၁၅ ရက်တွင် မြောက်ကိုရီးယား ယူ-၁၉ အမျိုးသမီးအသင်း၊ အောက်တိုဘာ ၁၈ ရက်တွင် သြစတြေးလျ ယူ-၁၉ အမျိုးသမီးအသင်း၊ အောက်တိုဘာ ၂၀ ရက်တွင် အိမ်ရှင် တရုတ် ယူ-၁၉ အမျိုးသမီး အသင်းတို့နှင့် ရင်ဆိုင် ကစားရမည် ဖြစ်ကြောင်း သိရသည်။
 
(Myanmar Post Global)

No comments:

Post a Comment