Thursday, October 10, 2013

မိုးစက်ဝိုင်ဖွင့်လိုက်တဲ့ ကိုယ်ပိုင် Facebook အကောင့် တစ်ရက်တည်းနဲ့ Like ပေါင်း ၃ သောင်းနီးပါးရနေ

Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာအား ယမန်နေ့ ညနေပိုင်းတွင် ဖွင့်လိုက်ပြီဖြစ်ကြောင်း Miss Myanmar Universe အဖွဲ့၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ကြေငြာလိုက်သည်။
မိုးစက်ဝိုင်၏ တရားဝင်ဖေ့စ်ဘုတ် ဖွင့်လှစ်ပြီး ၁ ရက်အတွင်း Like လုပ်သူပေါင်း ၃ သောင်းကျော် ရရှိခဲ့သည်။ သူ၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာမှာ Moeset Winehttps://www.facebook.com/missuniversemyanmarmoesetwine ဖြစ်သည်။
ထိုဖေ့စ်ဘုတ်စာမျက်နှာတွင် မိုးစက်ဝိုင်က သူမနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ရုရှားတွင် သွားရောက်ယှဉ်ပြိုင်စဉ်ကာလတွင် ပြိုင်ပွဲ အကြောင်းအရာများ၊ ဓာတ်ပုံများကို သူမကိုယ်တိုင် တင်ပေး သွားမည်ဖြစ်ပြီး သူမနှင့် ပတ်သက်၍ သိလိုသည်များ မေးမြန်းနိုင်ကြောင်းသိရသည်။
သူမ၏ နာမည်ဖြင့် ဖေ့စ်ဘုတ်အကောင့်များစွာပေါ်ထွက်နေပြီး ထိုအကောင့်များအားလုံးသည် သူ မသုံးစွဲခြင်း မဟုတ်ဘဲ ယနေ့ဖွင့်သော အကောင့်ကိုသာ တရားဝင် သုံးစွဲမည်ဖြစ်ကြောင်း မိုးစက်ဝိုင် က အောက်တိုဘာလ ၇ရက်က Park Royal Hotel တွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။
 
Forward

No comments:

Post a Comment