Tuesday, October 1, 2013

MRTV က အောက်တိုဘာလတွင် Channel သုံးခု ထပ်တိုးထုတ်လွှင့်မည်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက အောက်တိုဘာလ ၂၅ ရက်မှစတင်ပြီး Channel သုံးခု တိုးမြှင့်ကာ ရုပ်သံများကို ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂၃ ရက်က ကျင်းပသော လယ်/ဆည် ဝန်ကြီးဌာနပွဲတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။
အဆိုပါ Channel သုံးခုမှာ တောင်သူလယ်သမားကဏ္ဍ Channel, တိုင်းရင်းသားလူမျိုးစုများ Channel နှင့် လွှတ်တော် Channel ဟူ၍ပါရှိပြီး လွှတ်တော် Channel ကို Sky Net မှ လွှင့်သကဲ့သို့ မဟုတ်ဘဲ ပြန်လည် သုံးသပ်ခြင်း၊ ဥပေဒကြမ်းများအား ပြည်သူ များနှင့် ဆွေးနွေးခြင်းနှင့် ပြန် လည်ဆွေးနွေးခြင်း တို့ ပါဝင်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။

အဆိုပါ Channel သုံးခုကို လက်ရှိအချိန်တွင် DVB -T2 စက်များရှိနှင့် ပြီးသော နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ များတွင်သာ ထုတ်လွှင့်နိုင်မည် ဖြစ်ပြီး ကျန်တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ထုတ်လွှင့်နိုင်ရန်အတွက် DVB-T2 21 Set ဝယ်ယူရန် ဘက်ဂျက်ရထားပြီး ဖြစ်၍လာမည့် ၂၀၁၄ ခုနှစ် ဧပြီလတွင် တပ်ဆင်ပြီးစီးမည် ဖြစ်ကြောင်းလည်း ဒုဝန်ကြီးက ဆိုသည်။ အဆိုပါ Channel သုံးခုကို အခမဲ့ရုပ်သံလိုင်းအဖြစ် Sky Net နှင့် Family Entertainment ရုပ်သံလိုင်းများတွင်လည်း ထည့် သွင်းပြသ သွားမည် ဖြစ်ကြောင်း သိရသည်။ လွှတ်တော် Channel တွင် ဖွဲ့စည်းပုံ အခြေခံမျိုး၊ ဖက်ဒရယ်စနစ် မျိုးတို့ကို ရှင်းလင်းပြသသည့် Program မျိုးပါဝင်မည် ဖြစ်၍လည်း ယင်းနှင့်စပ်ဆက်သည့် ပညာရှင်များကို ရှာဖွေနေခြင်းရှိသလို၊ တောင်သူလယ်သမားကဏ္ဍ Channel တွင်လည်း အခြားသတင်းများအပြင် သာမန်ရိုးကျ မဟုတ်သော မိုးလေဝသ သတင်းများနှင့် ကျရောက်လာမည့် မိုးလေဝသ အခြေ အနေပေါ် တောင်သူများ ဖြေရှင်းရမည့် နည်းလမ်းများကိုပါ ထည့်သွင်း ထုတ်လွှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

-ကျော်ဇေယျ
myanmarinternetjournal

No comments:

Post a Comment