ပြည်ထောင်စုလွှတ်တော် နာယကနှင့် မိတ္ထီလာမြို့ ဒေသခံများ တွေ့ဆုံဆွေးနွေးစဉ်
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် မိတ္ထီလာမြို့ ဒေသခံများ
နိုဝင်ဘာ ၁၀ ရက်တွင် တွေဆုံခဲ့ကြသည်။ ထို့ပြင် မန္တလေးတိုင်း ဒေသကြီး
အတွင်းရှိ ကျောက်ဆည်၊ ၀မ်းတွင်းနှင့် မိတ္ထီလာမြို့များရှိ ပြည်ထောင်စု
ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
ထိုပြင် လက်ရှိအချိန်တွင် ပြည်ထောင်စုလွှတ်တော်မှ ပြင်ဆင်ပြဋ္ဌာန်းပြီးသည့်
ဥပဒေပေါင်း ၇၀ ကျော်ရှိပြီ ဖြစ်ကြောင်းနှင့် မိမိတို့ထံ၌ ထပ်မံပြဋ္ဌာန်းရန်
ဥပဒေပေါင်း ၅၀ ကျော် ရှိနေကြောင်း ထည့်သွင်းပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဖက်ဒရယ်ဆန်သောပုံစံ ရေးဆွဲထားကြောင်း၊
အရေးကြီး သည်က ပြည်ထောင်စုဖြစ်ကြောင်း၊ ပြည်ထောင်စု ဆိုသည်မှာ စုစည်းနေမှ
နိုင်ငံဖွံဖြိုး တိုးတက်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စု စနစ်နှင့်
ဒီမိုကရေစီစနစ် ယှဉ်တွဲကျင့်သုံးသည့် အမေရိကန်၊ ဂျာမနီနှင့် အခြားထိပ်တန်း
နိုင်ငံကြီးများအား အတုယူသင့်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
ထိုပြင် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား တရားမျှတစွာဖြင့်
အနိုင်ရရှိအောင် ကြိုးစားရမည်ဟု သူရဦးရွှေမန်းက ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် များနှင့် တွေ့ ဆုံစဉ်
ပြောကြားသည်။
Eleven
No comments:
Post a Comment