Tuesday, November 19, 2013

အိမ်ဝိုင်းထဲဝင်၍ဓါးဖြင့်ခုတ်သူအား အရေးယူထား

၁၅-၁၁-၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် နတ်မောက်မြို့နယ်၊ တွင်းကြီးကျေးရွာအုပ်စုနေ ဦးနေလင်း(၅၄)နှစ်သည် နေအိမ်အောက်ထပ်တွင် သားသမက်ဖြစ်သူ ဘိုဌေး၊ မရီးဖြစ်သူ မမြကြည် တို့နှင့်အတူ စကားပြောနေစဉ် တစ်ရွာတည်းနေ ခမည်းခမက်ဖြစ်သူ ခင်မောင်သိန်း(၄၅)နှစ်မှာ အရိုးအသွား(၂)တောင်ခန့်ရှိ ကိုင်းခုတ်ဓားအားကိုင်ဆောင်၍ ရောက်ရှိလာပြီး ဓါးနှင့်ခုတ်သဖြင့် ဦးနေလင်းတွင် ၀ဲဘက်လက်ဖျံပြတ်ရှဒဏ်ရာ(၁)ချက်၊ မမြကြည်တွင် ၀ဲဘက်လက်သန်းပွန်းရှဒဏ်ရာ (၁)ချက် အသီးသီးရရှိခဲ့သောကြောင့် အရေးယူပေးရန်တိုင်တန်းခဲ့ရာ ခင်မောင်သိန်းအား နတ်မောက်မြို့မ ရဲစခန်း(ပ)၉၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၅၂/၃၂၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment