Tuesday, November 5, 2013

ရန်ကုန်မြို့၏ကတ္တရာလမ်းများကို လူအင်းအားသုံးပြုပြင်ခြင်းအစား လမ်းခြစ်စက်များဖြင့်ပြုပြင်နေ

လက်ရှိပြုလုပ်နေသည့် လူများနှင့် လမ်းပြင်ခြင်းအစားကတ္တရာလမ်းများကို လမ်းခြစ်စက်များ အသုံးပြု၍ ပြုပြင်နေကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ လမ်းတံတားဌာနမှ ဒုတိယဌာနမှူး ဦးမျိုးလွင်က မဇ္ဈိမကို ပြောသည်။

လမ်းခြစ်ပြုပြင်ခြင်းကို ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ အထက် ကြည်မြင့်တိုင် လမ်း၊ ကမ်းနား လမ်းတို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိတွင်ဆူးလေဘုရားဝန်ကျင်းနှင့် ကုန်သည် လမ်းတွင် ဆောင် ရွက်လျက် ရှိနေသည်။

ရန်ကုန်မြို့ရှိ ကတ္တရာလမ်းမများကို ယခင်ကလူအင်အားအသုံးပြုကာ ပြုပြင်မှုကြောင့် လုပ်ငန်းတွင် ကျယ်မှု အားနည်းပြီး လမ်းညီညာမှု လည်းကောင်းမွန်မှုမရှိသည့်အတွက် ယခုကဲ့သို့ ပြောင်းလဲ အသုံးပြု နေခြင်းဖြစ်သည်။

လမ်းတံတားဌာနမှ ဒုတိယဌာနမှူးဦးမျိုးလွင်က “ထုထည်ထူပြီး မျက်နှာပြင်မညီတဲ့ ကတ္တရာ လမ်းတွေကို ခြစ်ထုတ်ပြီး ခြစ်ထားတာတွေကို ကတ္တရာပြန်ထည့်ပြီး လမ်းအသစ်ပြန်ခင်းတယ်။ ဘတ်ဂျက်ရရင် ရသလိုဆောင်ရွက်သွားမယ်”ဟု ပြောသည်။

လမ်းခြစ်ပြုပြင်ခြင်းကို လမ်းမညီညာသည့် မီးပွိုင့်ရပ်ပြီးပြန်အတွက် နေရာများ၊ ကားအကွေ့နေရာများ၊ ခုံးအတက်၊ အဆင်းများနှင့် လမ်းနှုတ်ခမ်းသားများတွင် ပြုပြင်သွားမည်ဖြစ်ကြောင်း။ ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ညပိုင်းများတွင်ပြုပြင်သွားမည်ဖြစ်သည်။

လမ်းခြစ်ပြုပြင်သည့် စက်ကိုဂျာမနီနိုင်ငံမှ အကြီးတစ်စီး၊ အသေးတစ်စီး ၀ယ်ယူ ထားပြီး ယခုနှစ်သြဂုတ် လက လမ်းခြစ်ပြုပြင်ခြင်းကို စတင်ဆောင် ရွက်နေခြင်း ဖြစ်သည်။

တက္ကဆီယာဉ်မောင်း အမျိုးသားတစ်ဦးက “လမ်းခြစ်ပြီး ပြန်ခင်းတဲ့အတွက် လမ်းမှာ လှိုင်းတွေမရှိတော့ ဘူး။ အန္တရာယ်လဲကင်းသွားတယ်။ ဒါပေမဲ့ လမ်းကောင်းတဲ့အတွက် အိမ်ကား၊ ပြိုင်ကား၊ မိန်းကလေး မောင်းတဲ့ကားတွေ သတိနဲ့ ထိန်းထိန်းသိမ်းသိမ်းမောင်းသင့်တယ်” ဟု ပြောသည်။

ယခင်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မိမိဘတ်ဂျတ်ဖြင့် ရပ်တည်ပြီးယခုအခါတွင် တိုင်းဒေသကြီး ရန်ပုံငွေမှဘဏ္ဍာရေးနှစ်အလိုက် ဘတ်ဂျက်ပြန်လည်ခွဲဝေပေးထား ခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment