Saturday, November 30, 2013

ရန်ကုန် ကားဈေးကွက် အတွင်း မော်တော်ယာဉ် ဈေးနှုန်းများ ပျမ်းမျှငွေကျပ် ဆယ်သိန်းနီးပါး ကျဆင်း


ရန်ကုန်ကားဈေးကွက်အတွင်း မော်တော်ယာဉ် အရောင်းအဝယ်များ အေးစက်လျက် ရှိသည့်အပြင် ဈေးနှုန်း များပါ ဆက်တိုက် ကျဆင်း လျက် ရှိကြောင်း မော်တော်ယာဉ် အကျိုးဆောင်များ ထံမှ သိရသည်။
မော်တော်ယာဉ် ဝယ်ယူလိုသူများ အနေဖြင့် လက်ငင်းငွေချေ စနစ်ဖြင့် ပြင်ပကား ဈေးကွက်နှင့် ကားအရောင်း ပြခန်းများတွင် ဝယ်ယူခြင်း မရှိတော့ဘဲ အရစ်ကျ စနစ်ဖြင့် ရောင်း ချသော နေရာ များတွင်သာ ဝယ်ယူလျက် ရှိကြောင်း သိရသည်။

ရန်ကုန် ပြင်ပကား ဈေးကွက်အတွင်း အရောင်းအဝယ်မှာ မဖြစ်သလောက် အေးစက်လျက် ရှိပြီး မော်တော် ယာဉ် ဈေးနှုန်းများမှာ ပျမ်းမျှအားဖြင့် ငွေကျပ် ဆယ်သိန်းနီးပါး ကျဆင်းလာကြောင်း စုံစမ်း သိရသည်။

''ပြင်ပကား ဈေးကွက်မှာ အရောင်းအဝယ် မဖြစ်သလောက် အေးနေတယ်။ ဈေးနှုန်းတွေကလည်း ကျနေ တယ်။ ရောင်းဖို့ချိတ်ထားတဲ့ သူတွေက များနေပြီး ဝယ်မယ့်သူက တော်တော်လေး နည်းနေတယ်။ အရစ်ကျ စနစ်နဲ့ ဝယ်တာကိုပဲ အလုပ်ဖြစ်နေတယ်'' ဟု ဝါရင့်ကားအကျိုးဆောင် ဦးမောင်မောင်က ပြောကြားခဲ့သည်။

အရစ်ကျ ဈေးနှုန်းဖြင့် ရောင်းချသည့် မော်တော်ယာဉ် ဈေးနှုန်းများမှာ ပြင်ပဈေးကွက် အတွင်းအရောင်း အဝယ် ဖြစ်ပေါ်နေ သည့် ဈေးနှုန်းထက် ငွေကျပ် ငါးသိန်းမှ ငွေကျပ် ခုနစ်သိန်း အထိ နည်းပါးသွားလျက် ရှိကြောင်း သိရသည်။

''အခု ကားဝယ်လိုတဲ့ သူတွေက ဈေးကွက်ထဲက မဝယ်ဘူး။ ကိုယ်တိုင် စလစ်ဝယ်ပြီး တင်သွင်းကြတယ်။ အဲဒီတော့ ပြင်ပဈေးကွက်ထဲမှာ အရောင်းအဝယ် မဖြစ်ဘူး။ဈေးနှုန်းတွေ ကျလာတယ်'' ဟုလုပ်သက်ရင့် ကားအကျိုးဆောင် တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။

မြ၀တီ

No comments:

Post a Comment