Tuesday, November 5, 2013

ပြည်သူများအား ရှင်းလင်းအသိပေးခြင်း မရှိဘဲ ဓာတ်အားခများ တိုးမြှင့်ခဲ့ခြင်းသည် အာဏာရှင်စနစ် အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန်



Photo: ပြည်သူများအား ရှင်းလင်းအသိပေးခြင်း မရှိဘဲ ဓာတ်အားခများ တိုးမြှင့်ခဲ့ခြင်းသည် အာဏာရှင်စနစ် အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
Tuesday, November 5, 2013

ပြည်သူလူထုအား အသိပေးရှင်းလင်း ပြောကြားခဲ့ခြင်း မရှိဘဲ လျှပ်စစ်မီတာခများ တိုးမြှင့်ခဲ့ခြင်းမှာ အာဏာရှင်စနစ်၏ အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်သည်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားသည်။

နိုဝင်ဘာ ၄ ရက်က နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာ ဆောင်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သေချာစွာ စဉ်းစားမထားဟု ထင်မြင်မိကြောင်း၊ အမှန်တကယ် ပြုပြင်ပြောင်းလဲ လိုပါက ပြည်သူလူထု၏အသံ၊ ဆန္ဒကို ရယူရမည် ဖြစ်ကြောင်း၊ လူအများစု လက်မခံနိုင်သော်လည်း နိုင်ငံအတွက် ရေရှည်ကောင်းကျိုး ရှိမည်ဆိုပါက အမုန်းခံ ဆောင်ရွက်ရန် လိုအပ်သည်ဟု နိုင်ငံရေးဆိုရိုး ရှိသော်လည်း ယခုလျှပ်စစ်မီးကဲ့သို့ ပြည်သူလူထု နိစ္စဓူဝ ဆက်စပ်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူလူထု၏ဆန္ဒ၊ သဘောထားကို ရယူရန် လိုအပ်ကြောင်း ပြောကြားသည်။

''မီတာခကို အကြောင်းကြောင်းကြောင့်၊ တိုင်းပြည်ရဲ့ ရေရှည်အကျိုးကြောင့်၊ အကြောင်း ခိုင်ခိုင်လုံလုံ ရှိပြီးတော့ တိုးသင့်တယ်ဆိုရင် ပြည်သူကို ရှင်းပြရမယ်။ ဒီလို ဒီလို အခြေအနေတွေ ရှိတယ်။ ဒါကြောင့် ဒီလို ဒီလိုတော့ လုပ်ရလိမ့်မယ်။ ရေရှည်မှာတော့ ပြည်သူတွေက ဒီလို ဒီလိုတော့ အနစ်နာခံရ လိမ့်မယ်။ သို့ပေသော်လည်း တိုင်းပြည်ရဲ့ ရေရှည်အကျိုးအတွက် သည်းညည်းခံပြီး ၀ိုင်းဝန်းကူညီရမယ်။ ဒီလောက်တော့ မပြောဘဲနဲ့ မလုပ်ရဘူး။ ဒီလိုမရှင်းပြဘဲ လုပ်တာတော့ အာဏာရှင်စနစ်ရဲ့ အမွေဆိုးတွေရဲ့ အငွေ့အသက် မကုန်သေးဘူးလို့ဘဲ ပြောရမှာဘဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

မိမိ၏ ဆုံးဖြတ်ချက်သည် မှန်ကန်သည် ယူဆချက် ခိုင်မာပါက ပြည်သူအား တင်ပြသင့်ကြောင်း၊ အတိုက်အခံ ပြုလုပ်လာပါက နားလည်သဘောပေါက်ရန် ရှင်းပြရန် လိုအပ်ကြောင်း၊ အများက လက်မခံသော်လည်း မိမိ၏အတွက် အချက်အရ တိုင်းပြည်၏ အကျိုးဖြစ်ထွန်းမည်ဟု ထင်မြင်ပါက မိမိ၏ ရပ်တည်ချက်ဘက်က ရပ်တည်ကာ လုပ်ဆောင်ရမည်ဖြစ်ပြီး အကျိုးဆက်ကို မိမိသာ ခံရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးကို မှန်မှန်ကန်ကန် လုပ်ဆောင်ပါက ယင်းကဲ့သို့ ပြုမူဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

လျှပ်စစ်ဝန်ကြီးဌာနမှ အများပြည်သူ၏ ဆန္ဒသဘောထားနှင့် လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူခြင်း မရှိခဲ့ဘဲ လျှပ်စစ်ဓာတ်အားခများကို နိုဝင်ဘာလမှစ၍ တိုးမြှင့်မည်ဟု အောက်တိုဘာ ၂၉ ရက်တွင် အစိုးရ သတင်းစာများ မှတစ်ဆင့် ကြေညာခဲ့သည်။

အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ယူနစ် ၁၀၀ အထိအတွက် ယခင်ဈေးနှုန်း အတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့်အထက် ကျပ် ၅၀၊ အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ယူနစ် ၅၀၀၀ အထိအတွက် ကျပ် ၁၀၀၊ ၅၀၀၁ ယူနစ်နှင့် အထက်အတွက် ကျပ် ၁၅၀၊ အစိုးရ ဌာနရုံးသုံး အတွက် တစ်ယူနစ် ကျပ် ၅၀ နှင့် အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ကျပ် ၁၀၀ ဖြင့် အသီးသီးပြောင်းလဲ ကောက်ခံမည် ဖြစ်သည်ဟု ကြေညာခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လတ်တလောတွင် ပြန်လည်လျှော့ချ ကောက်ခံရန် အစီအစဉ် မရှိကြောင်း အောက်တိုဘာ ၃၀ ရက်က သတင်းထောက်များကို ပြောကြားသည်။

Eleven Media Group 

နိုဝင်ဘာ ၄ ရက်က မီဒီယာသမားများနှင့် တွေ့ဆုံ၍ မေးမြန်းမှုများကို ဒေါ်အောင်ဆန်းစုကြည်မှ ဖြေကြားပေးနေစဉ်
ပြည်သူလူထုအား အသိပေးရှင်းလင်း ပြောကြားခဲ့ခြင်း မရှိဘဲ လျှပ်စစ်မီတာခများ တိုးမြှင့်ခဲ့ခြင်းမှာ အာဏာရှင်စနစ်၏ အငွေ့အသက်မကုန်သေးသည့် လုပ်ရပ်ဖြစ်သည်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားသည်။


နိုဝင်ဘာ ၄ ရက်က နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာ ဆောင်တွင် မီဒီယာများနှင့် တွေ့ ဆုံစဉ် ဒေါ်အောင်ဆန်း စုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သေချာစွာ စဉ်းစားမထားဟု ထင်မြင်မိကြောင်း၊ အမှန်တကယ် ပြုပြင်ပြောင်းလဲ လိုပါက ပြည်သူလူထု၏အသံ၊ ဆန္ဒကို ရယူရမည် ဖြစ်ကြောင်း၊ လူအများစု လက်မခံနိုင်သော် လည်း နိုင်ငံအတွက် ရေရှည်ကောင်းကျိုး ရှိမည်ဆိုပါက အမုန်းခံ ဆောင်ရွက်ရန် လိုအပ် သည်ဟု နိုင်ငံရေးဆိုရိုး ရှိသော်လည်း ယခုလျှပ်စစ်မီးကဲ့သို့ ပြည်သူလူထု နိစ္စဓူဝ ဆက်စပ်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူလူထု၏ဆန္ဒ၊ သဘောထားကို ရယူရန် လိုအပ်ကြောင်း ပြော ကြားသည်။

''မီတာခကို အကြောင်းကြောင်းကြောင့်၊ တိုင်းပြည်ရဲ့ ရေရှည်အကျိုးကြောင့်၊ အကြောင်း ခိုင်ခိုင်လုံလုံ ရှိပြီးတော့ တိုးသင့်တယ်ဆိုရင် ပြည်သူကို ရှင်းပြရမယ်။ ဒီလို ဒီလို အခြေအနေတွေ ရှိတယ်။ ဒါကြောင့် ဒီလို ဒီလိုတော့ လုပ်ရလိမ့်မယ်။ ရေရှည်မှာတော့ ပြည်သူတွေက ဒီလို ဒီလိုတော့ အနစ်နာခံရ လိမ့်မယ်။ သို့ပေသော်လည်း တိုင်းပြည်ရဲ့ ရေရှည်အကျိုးအတွက် သည်းညည်းခံပြီး ၀ိုင်းဝန်းကူညီရမယ်။ ဒီလောက်တော့ မပြောဘဲနဲ့ မလုပ်ရဘူး။ ဒီလိုမရှင်းပြဘဲ လုပ်တာတော့ အာဏာရှင်စနစ်ရဲ့ အမွေဆိုးတွေရဲ့ အငွေ့အသက် မကုန်သေးဘူးလို့ဘဲ ပြောရမှာဘဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

မိမိ၏ ဆုံးဖြတ်ချက်သည် မှန်ကန်သည် ယူဆချက် ခိုင်မာပါက ပြည်သူအား တင်ပြသင့်ကြောင်း၊ အတိုက်အခံ ပြုလုပ်လာပါက နားလည်သဘောပေါက်ရန် ရှင်းပြရန် လိုအပ်ကြောင်း၊ အများက လက်မခံသော်လည်း မိမိ၏အတွက် အချက်အရ တိုင်းပြည်၏ အကျိုးဖြစ်ထွန်းမည်ဟု ထင်မြင်ပါက မိမိ၏ ရပ်တည်ချက်ဘက်က ရပ်တည်ကာ လုပ်ဆောင်ရမည်ဖြစ်ပြီး အကျိုးဆက်ကို မိမိသာ ခံရ မည်ဖြစ်ကြောင်း၊ နိုင်ငံရေးကို မှန်မှန်ကန်ကန် လုပ်ဆောင်ပါက ယင်းကဲ့သို့ ပြုမူဆောင်ရွက် ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

လျှပ်စစ်ဝန်ကြီးဌာနမှ အများပြည်သူ၏ ဆန္ဒသဘောထားနှင့် လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူခြင်း မရှိခဲ့ဘဲ လျှပ်စစ်ဓာတ်အားခများကို နိုဝင်ဘာလမှစ၍ တိုးမြှင့်မည်ဟု အောက်တိုဘာ ၂၉ ရက်တွင် အစိုးရ သတင်းစာများ မှတစ်ဆင့် ကြေညာခဲ့သည်။

အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ယူနစ် ၁၀၀ အထိအတွက် ယခင်ဈေးနှုန်း အတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့်အထက် ကျပ် ၅၀၊ အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ယူနစ် ၅၀၀၀ အထိအတွက် ကျပ် ၁၀၀၊ ၅၀၀၁ ယူနစ်နှင့် အထက်အတွက် ကျပ် ၁၅၀၊ အစိုးရ ဌာနရုံးသုံး အတွက် တစ်ယူနစ် ကျပ် ၅၀ နှင့် အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ကျပ် ၁၀၀ ဖြင့် အသီးသီးပြောင်းလဲ ကောက်ခံမည် ဖြစ်သည်ဟု ကြေညာခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ် ခဲ့သော်လည်း လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လတ် တလောတွင် ပြန် လည်လျှော့ချ ကောက်ခံရန် အစီအစဉ် မရှိကြောင်း အောက်တိုဘာ ၃၀ ရက်က သတင်းထောက် များကို ပြောကြားသည်။

Eleven Media Group

နိုဝင်ဘာ ၄ ရက်က မီဒီယာသမားများနှင့် တွေ့ဆုံ၍ မေးမြန်းမှုများကို ဒေါ်အောင်ဆန်း စုကြည် မှ ဖြေ ကြားပေးနေစဉ်

1 comment:

  1. အဟက်….
    သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
    ငါတို့ အစိုးရ ဖြစ်ရင် ……
    ၅ နှစ်အတွင်း ….
    ရခိုင်ပြည်နယ် အရေး ….
    အေးချမ်း သွားစေရမယ်……

    အဟက်….
    သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
    ငါတို့ အစိုးရ ဖြစ်ရင် ……
    ကချင် ပြည်နယ်မှာ …..
    သေနတ်သံ စဲသွားစေရမယ်…

    အဟက်….
    သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
    ငါတို့ အစိုးရ ဖြစ်ရင်…..
    ၅ နှစ်အတွင်း ….
    တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံး ….
    လက်နက်စွန့် ပြီး ဖြစ်စေရမယ်………

    အဟက်….
    သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
    ငါတို့ အစိုးရ ဖြစ်ရင် ……
    လူထု ဆန္ဒပြပွဲ အားလုံးကို ….
    ဘယ် အခြေအနေမှာ ဖြစ်ဖြစ်…..
    အရေးမယူဘူး……

    အဟက် …..
    သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
    ငါတို့ အစိုးရ ဖြစ်ရင် ……
    အဓိကရုဏ်း အားလုံးကို….
    သေနတ် ဖောက် မဖြိုခွဲဘူး…..

    အဟက်….
    သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
    ငါတို့ အစိုးရ ဖြစ်ရင် ……
    ငါတို့  ပါတီဝင် အစိုးရ အဖွဲ့ သား ….
    လုံးဝ လာဘ် မစား စေရဘူး….

    အဟက်…..
    သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
    ငါတို့ အစိုးရ ဖြစ်ရင် ……
    ခရိုနီတွေ နဲ့  လုံးဝ အလုပ် မလုပ်တော့ဘူး…

    အေး ……
    ပြောချင်တာက ….အဲဒါပဲ….
    ဒီတိုင်းပြည်မှာ ဘယ်ကောင်မှ ….
    ဟတ်ချလောင်းဆို ပြီး ကောင်းအောင် လုပ်လို့ မရဘူး….
    အခု ကျုပ် ရေးပြ တာတွေက ….
    ခင်ဗျားတို့ တစ်ချိန်လုံး …
    လက်ညှိးထိုး ဆဲနေတာတွေ…..

    အဲတော့ …မေးချင်တာက ….
    ခင်ဗျားတို့ လက်ထက် ….
    အားလုံး ပြောင်း သွားပါ့မယ် ….
    ဖြစ်နိုင်မလား….?
    ထွီ………ဘယ်ဖြစ်နိုင် ပါ့ မလဲ …..

    အစိုးရ အဆက်ဆက် …
    ပို ကောင်းသထက် ကောင်းလာအောင်ပဲ ….
    အဆင့်ဆင့် လုပ်ကြရမှာ….

    ဖြစ်နေတဲ့ လက်ရှိ အခြေအနေ……
    လက်ရှိ အစိုးရ ဖြေရှင်းနေတဲ့  ပုံစံ …..
    ကိုယ့် လက်ထက်ကျရင် ဘယ်လိုဆက်လုပ်မယ်….
    ဘယ်လောက်ထိတော့ ကောင်းလာမယ်…
    ဘာတွေတော့ ဖြစ်နိုင်အုန်းမှာ မဟုတ်ဘူး…..
    ဒီလိုပဲ ဖြစ်သင့် ဖြစ်ထိုက်တာ…
    လူထုကို ရှင်းပြရမှာ…

    အခုက …..
    ဟ…..စာချုပ်ချုပ်…ချုပ်ပြန်ပြီ….
    ချကွာ ….ဒီအစိုးရ…..

    တရားစွဲ …. စွဲပြန်ပြီ….
    နှက် ကွာ….ဒီအစိုးရ….

    လူစု ခွဲ…. ခွဲပြန်ပြီ….
    ရိုက် ကွာ…. ဒီအစိုးရ….

    ပြည်ပသွား ..သွားပြန်ပြီ ……
    ဆဲ ကွာ ..ဒီအစိုးရ….

    ခွီးပဲ ……
    တစ်ချိန်မှာ…….
    ကိုယ်ရောက်လာမယ့် နေရာကို ….
    မြန်မြန် ရောက်ဖို့ ….
    လက်ရှိ အစိုးရ ဘာလုပ်လုပ် …
    သောက်ပြစ် ထိုင်ပြောပြီး ….
    လူထုကို မြှောက်ပေးနေတဲ့ ကိစ္စက….
    ကိုယ့် လည်ပင်း ကိုယ် ကြိုးကွင်းစွပ်နေမှန်း …..
    ကိုယ့် တိုင်းပြည် ကိုယ် မီးတင်ရှို့ နေမှန်း ….
    သုံးတန်း ကလေးတောင် သိတယ်….
    ခင်ဗျားတို့ က မသိဘူး ….

    အေး ….ဒီအချိုးအတိုင်း ဆက်သွားရင်တော့……
    ဒီ တိုင်းပြည်မှာ …
    လူထုရဲ့  စည်းကမ်း လိုက်နာမှု….
    ဥပဒေ ကို လေးစားမှု တွေကို ဖျက်ဆီး ပြစ်ခဲ့ တဲ့ ….
    နံပါတ်တစ် တရားခံက …..
    စစ်အာဏာရှင်တွေ ဆိုရင်…..
    နံပါတ်နှစ် တရားခံက ….
    ခင်ဗျား တို့ ပဲ ဆိုတာ……
    မြဲမြဲ မှတ်ထားလိုက်ပါ …. ဒါပဲ….။

    ReplyDelete