Wednesday, December 25, 2013

AFC U-22 Championship 2013 ပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် ပဏာမကစားသမား ၂၇ ဦး ရွေးချယ်ပြင်ဆင်နေ

အာဆီယံဒေသတွင်း နိုင်ငံများအနက် တစ်သင်းတည်းသော အာရှခြေစစ်ပွဲအောင်သည့်အသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့သော မြန်မာယူ-၂၂ အသင်းသည် ယခုအခါ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ၀င် ရောက် ယှဉ်ပြိုင်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။
အဆိုပါအသင်း၏ နည်းပြချုပ်ရာထူးအတွက် မြန်မာ ယူ-၁၉ အသင်းအား တိုးတက်အောင်မြင်စေရန် ဦးဆောင်မှုပေးနိုင်ခဲ့သည့် ဂျာမနီနိုင်ငံသား မစ္စတာဂတ်အား တာဝန်ပေးအပ်ခဲ့ပြီး ၎င်းနှင့် အတူ မြန်မာ့ ဘောလုံးငွေခေတ် လက်ရွေးစင်ဟောင်းများဖြစ်သည့် ဦးသန်းတိုးအောင်နှင့် ဦးကြည်လွင် တို့အား အသင်းအုပ်ချုပ်သူနှင့် နည်းပြရာထူးများပေးအပ်ခဲ့သည်။

အသင်း၏ ပဏာမလူစာရင်းတွင်မူ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ အသင်းမှ ကစားသမား ကိုးဦးနှင့် အတူ စုစုပေါင်း ၂၇ ဦးအား ရွေးချယ်ကာ ဒီဇင်ဘာ ၂၃ ရက်မှ စတင်၍ တစ်နေ့နှစ်ကြိမ်လေ့ ကျင့်ရေး များ ပြုလုပ်လျှက်ရှိသည်။

မြန်မာ ယူ-၂၂ အသင်းသည် အိုမန်နိုင်ငံက အိမ်ရှင်အဖြစ် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်မှ ၂၆ ရက် အထိ လက်ခံကျင်းပမည့် အာရှတိုက်၏ ပထမဆုံးအကြိမ် အသက် ၂၂ နှစ်အောက် ပြိုင်ပွဲကြီးတွင် အိမ် ရှင်အိုမန်၊ တောင်ကိုရီးယား၊ ဂျော်ဒန်အစရှိသည့် အာရှထိပ်သီးနိုင်ငံများနှင့် အုပ်စု (က)တွင် တစ်အုပ်စု တည်း ကျရောက်လျက်ရှိသည်။ အဖွင့်ပွဲအဖြစ် ဇန်န၀ါရီလ ၁၁ ရက်တွင် အိုမန်အသင်းနှင့် လည်း ကောင်း၊ ဒုတိယပွဲအဖြစ် ဇန်န၀ါရီ ၁၃ ရက်တွင် တောင်ကိုရီးယားအသင်းနှင့် လည်းကောင်း၊ ဇန်န၀ါရီ ၁၅ ရက်တွင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဂျော်ဒန်နှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

လက်ရှိရွေးချယ်မှုအရ ပဏာမစာရင်းတွင် ခြေစစ်ပွဲအောင်အသင်းမှ တိုက်စစ်မှူးကျော်ကိုကိုနှင့် ခံစစ်မှူး ဇော်မင်းထွန်း တို့ကို အဓိကအားပြုကစားရဖွယ်ရှိသည်။

အုပ်စု(က) အိုမန်၊ မြန်မာ၊ေ တာင်ကိုရီးယား၊ ဂျော်ဒန်

အုပ်စု(ခ) မြောက်ကိုရီးယား၊ ယူအေအီး၊ဆီးရီးယား၊ ယီမင်

အုပ်စု(ဂ) ဂျပန်၊ သြစတြေးလျ၊ အီရန်၊ကူဝိတ်

အုပ်စု(ဃ) အီရတ်၊ ဆော်ဒီအာရေဗျ၊ဥဇဘတ်ကစ္စတန်၊ တရုတ်

Mizzima

No comments:

Post a Comment