Monday, December 9, 2013

ဆိုင်ကလုန်း မဒီကြောင့် မိုးရွာဖွယ်ရှိ

Photo: ဆိုင်ကလုန်း မဒီကြောင့် မိုးရွာဖွယ်ရှိ
Monday, December 09, 2013

 မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် မိုင် (၅၂၀) ခန့် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့-အရှေ့တောင်ဘက်မိုင် (၂၅၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသော အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း မဒီ (MADI) ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်၊ မြေလတ်ပိုင်းနှင့် အလယ်ပိုင်း ဒေသများအထိ မိုးအနည်းငယ်မှ အသင့်တင့် ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ အားကောင်း သော ဆိုင်ကလုန်း မုန်တိုင်း မဒီ (MADI) သည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း မြောက်ဘက်သို့ ဖြည်းညင်းစွာ ဆက်လက် ရွေ့လျားနိုင်မည်ဟု ခန့်မှန်းရကြောင်း၊ လက်ရှိ အခြေအနေမှာ အဝါရောင် အဆင့်သာ ရှိသော်လည်း မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများ အနေနှင့် မုန်တိုင်း အန္တရာယ်ကို ကြိုတင်သတိပြုရန် လိုအပ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Popular Myanmar News Journal
မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် မိုင် (၅၂၀) ခန့် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့-အရှေ့တောင်ဘက်မိုင် (၂၅၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသော အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း မဒီ (MADI) ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်၊ မြေလတ်ပိုင်းနှင့် အလယ်ပိုင်း ဒေသများအထိ မိုးအနည်းငယ်မှ အသင့်တင့် ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ အားကောင်း သော ဆိုင်ကလုန်း မုန်တိုင်း မဒီ (MADI) သည် အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း မြောက်ဘက်သို့ ဖြည်းညင်းစွာ ဆက်လက် ရွေ့လျားနိုင်မည်ဟု ခန့်မှန်းရကြောင်း၊ လက်ရှိ အခြေအနေမှာ အဝါရောင် အဆင့်သာ ရှိသော်လည်း မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများ အနေနှင့် မုန်တိုင်း အန္တရာယ်ကို ကြိုတင်သတိပြုရန် လိုအပ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Popular Myanmar News Journal

No comments:

Post a Comment