(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ၁၁- ၁၂-
၂ဝ၁၃ရက် ညနေ ၅ နာရီခွဲမှစ၍ စတင်ဖျော်ဖြေ ဖွင့်လှစ် တော့မည်ဖြစ်ရာ
အခမ်းအနားတွင် နိုင်ငံအလိုက် ကိုယ်စားပြု ဆိုင်း ဘုတ်ကိုင်မည့် အမျိုးသမီးလှပျိုဖြူနှင့် စစ်ကြောင်းချီ ကျောင်းသူကလေးများ၏ စာရင်းကို ဖွင့်ပွဲ
အခမ်းအနား ကျင်းပရေး ကော်မတီက ထုတ်ပြန်ပေးသည်။
အစီအစဉ်အရ
ချီတက်ရာတွင် ရန်ကုန်တိုင်း ဒေသကြီးမှ မချောစုလင်း ဖြူသန့်နှင့် ကချင်
ပြည်နယ် Cheers ကျောင်းသူအဖွဲ့-(ဘရူနိုင်းနိုင်ငံ)၊ ရန်ကုန်တိုင်း
ဒေသကြီးမှ မယွန်းရတီမြတ် နှင့် ကယားပြည်နယ် Cheers
ကျောင်းသူအဖွဲ့-(ကမ္ဘောဒီးယား နိုင်ငံ)၊ မန္တလေးတိုင်း ဒေသကြီးမှ
မပိုးအိထွန်းနှင့် ကရင်ပြည်နယ် Cheers ကျောင်းသူ အဖွဲ့-(လာအို နိုင်ငံ)၊
စစ်ကိုင်းတိုင်း ဒေသကြီးမှ မကြည်တြာဗိုလ်နှင့် ချင်းပြည်နယ Cheers
ကျောင်းသူအဖွဲ့-(အင်ဒိုနီးရှား နိုင်ငံ)၊ ပဲခူးတိုင်း ဒေသကြီးမှ
မအိစက်မွန်နှင့် မွန်ပြည်နယ် Cheers ကျောင်းသူအဖွဲ့- (မလေးရှား နိုင်ငံ)၊
တနင်္သာရီတိုင်း ဒေသကြီးမှ မဆွေဆွေ အောင်နှင့် ရခိုင်ပြည်နယ် Cheers
ကျောင်းသူ အဖွဲ့-(ဖိလစ်ပိုင် နိုင်ငံ)၊ မန္တလေးတိုင်း ဒေသကြီးမှ
မခင်ဦးသာနှင့် ရှမ်းပြည်နယ် Cheers ကျောင်းသူအဖွဲ့-(စင်ကာပူနိုင်ငံ)၊
ကရင်ပြည်နယ်မှ မနန်းထက်ထက် အောင်နှင့် တနင်္သာရီတိုင်း ဒေသကြီး Cheers
ကျောင်းသူအဖွဲ့-(ထိုင်းနိုင်ငံ)၊ မွန်ပြည်နယ်မှ မမိကျော့ ကျော့ခိုင်နှင့်
ရန်ကုန်တိုင်း ဒေသကြီး Cheers ကျောင်းသူအဖွဲ့-(တီမောလက်စ်တေ နိုင်ငံ)၊
ရန်ကုန်တိုင်း ဒေသကြီးမှ မမြတ်ကျော့ခိုင်နှင့် ရန်ကုန်တိုင်း ဒေသကြီး
Cheers ကျောင်းသူအဖွဲ့- (ဗီယက်နမ်နိုင်ငံ)၊ ရန်ကုန်တိုင်း ဒေသ ကြီးမှ
မအိန္ဒြာ သီရိကိုနှင့် ဧရာဝတီတိုင်း ဒေသကြီး Cheers ကျောင်းသူအဖွဲ့- (မြန်မာ
နိုင်ငံ)တို့ ဖြစ်ကြောင်း သတင်းရရှိသည်။
မြ၀တီ
No comments:
Post a Comment