Thursday, December 26, 2013

မိဘပြည်သူများမှ သတင်းပေးခဲ့သဖြင့် လူပြန်ပေး/လုယက်မှုမှ တရားခံများအား ဖမ်းဆီးရမိ၊ကျန်တရားခံများဖမ်းဆီး ရမိရေး သတင်းပေးစေလို

တွံတေးမြို့နယ်၊ တွံတေးမြို့မရဲစခန်း (ပ) ၄၀၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၆၅/ ၃၉၄ အမှုမှ ထွက်ပြေး တိမ်းရှောင်နေသော တရားခံ ကျင်စိမ်း(ခ) ကျော်ဝင်းစိန်၊ ကထီး(ခ)သူရဇော်ဦး၊ သံပါးစပ်(ခ)စိုးမင်းဦးတို့အား ဖမ်းဆီး ရမိရေး သတင်းပေးကြပါရန် YangonPolice (facebook) ၌ ၁၅.၁၁.၂၀၁၃ ရက်နေ့တွင်ဖော်ပြ အကူ အညီ တောင်းခံခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ၂၆.၁၁.၂၀၁၃ ရက်နေ့တွင် ထွက်ပြေးတရားခံ သံပါးစပ်(ခ)စိုးမင်းဦး အားဖမ်း ဆီးရမိခဲ့ပြီး ကျန်ထွက်ပြေးတိမ်းရှောင်နေသည့်တရားခံ ကထီး(ခ)သူရဇော်ဦးနှင့် ပတ်သက် ၍ ပြည်သူ တစ်ဦးမှ သတင်းပေးပို့မှုအရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မြ၀တီ ခရိုင် ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ဒုရဲမှူးအောင်ထူးအဖွဲ့မှ ၂၅.၁၂.၂၀၁၃ ရက်နေ့တွင် မြ၀တီမြို့၌ ဖမ်းဆီး ရမိခဲ့ပါသည်။

အဆိုပါအမှုမှ ထွက်ပြေးတရားခံ ကထီး(ခ)သူရဇော်ဦးအားအမြန်ဖမ်းဆီးရမိခဲ့ခြင်းမှာ မိဘပြည်သူများမှ သတင်းပေးခဲ့၍ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းပေးပြည်သူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့်မှတ်တမ်းတင်ထားရှိပါသည်။ နောင်တွင်လည်း မိဘပြည်သူများမှ ရဲတပ်ဖွဲ့နှင့်လက်တွဲ၍ ရဲနှင့်ပြည်သူတစ်သားတည်းဖြစ်စေရေး ကူညီသတင်းပေးပူးပေါင်းဆောင် ရွက်ပေးကြ ပါရန်မေတ္တာရပ်ခံဖော်ပြအပ်ပါသည်။

တရားခံကထီး(ခ)သူရဇော်ဦးအား ကူညီဖမ်းဆီးပေးသည့် ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရဲတပ်ဖွဲ့အားလည်း အထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။

အလားတူ မင်္ဂလာဒုံမြို့နယ်တွင် သားအမိ(၂)ဦးအား ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့် မင်္ဂလာဒုံမြို့မ ရဲစခန်း (ပ) ၇၂၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသည့်တရားခံ မွန်လေး (ခ)လွင်မျိုးသူ အား ဖမ်းဆီးရမိရေး သတင်းပေးနိုင်ပါရန် ၂၃.၁၂.၂၀၁၃ရက်နေ့က တရားခံ၏ မှတ်တမ်း ဓါတ်ပုံနှင့်အတူ သတင်းပေးနိုင်သည့် ဖုန်းနံပါတ်များနှင့်တကွ ဖော်ပြထားရှိခဲ့ပါသည်။

တွံတေးမြို့မရဲစခန်း(ပ)၄၀၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၆၅/၃၉၄အမှုမှ ကျန်ရှိထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ ကျင်စိမ်း(ခ)ကျော်ဝင်းစိန်(၄၁)နှစ်၊ (ဘ)ဦးကြည်ရှိတ်၊ အမှတ်-မရှိ၊ ပတ္တမြားလမ်း၊ ကမ်းနား အနောက် ရပ်ကွက်၊ အင်းစိန်မြို့နယ် နှင့် မင်္ဂလာဒုံမြို့မရဲစခန်း(ပ) ၇၂၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ အမှုမှတရားခံမွန်လေး (ခ)လွင်မျိုးသူ၊၂၅နှစ်၊ ၁၀/မဒန(နိုင်)၁၁၀၃၇၄၊ (ဘ)ဦးအုန်းရွှေ၊ ကော့ပရံကျေးရွာ၊ မုဒုံမြို့နယ်၊ မွန်ပြည်နယ် တို့အားလည်းအမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်လျှက်ရှိသဖြင့် မိဘပြည်သူ များမှလည်း ကူညီသတင်းပေးကြပါရန် တရားခံများ၏ဓါတ်ပုံ၊ သတင်းပေးနိုင်သည့် ဖုန်းနံပါတ် များနှင့် တကွထပ်မံဖော်ပြ တိုက်တွန်းမေတ္တာရပ်ခံအပ်ပါသည်။

၀၁-၂၃၀၀၇၄၇ (ကွပ်ကဲမှုခန်းမ) ၊
၀၉-၅၂၄၀၁၁၂ (ရဲမှူး-ဦးစီး) ၊
၀၉-၈၆၀၂၃၆၃(ရဲမှူး-မှုခင်း)၊
၀၉-၈၆၀၂၃၈၆(မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၁-၆၃၅၁၄၈ (မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၁-၆၃၅၀၇၄(မင်္ဂလာဒုံမြို့မရဲစခန်း)၊
၀၉-၈၆၀၂၃၆၉(တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)။

Yangon Police

No comments:

Post a Comment