Thursday, December 19, 2013

ရွှေရရှိရန် သေချာလျက်ရှိသော မြန်မာနိုင်ငံရွက်လှေအဖွဲ့ကို နိုင်ငံတော်အလံများ လွှင့်ထူ၍ သောင်းသောင်း ဖြဖြကြိုဆို ဂုဏ်ပြု

Photo: ရွှေရရှိရန် သေချာလျက်ရှိသော မြန်မာနိုင်ငံရွက်လှေအဖွဲ့ကို နိုင်ငံတော်အလံများ လွှင့်ထူ၍ သောင်းသောင်း ဖြဖြကြိုဆို ဂုဏ်ပြု
Thursday, December 19, 2013

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပင်လယ်ပြင် ရွက်လှေပြိုင်ပွဲကို ဧရာဝတီတိုင်း ဒေသကြီး ငွေဆောင်ကမ်းခြေတွင် ယနေ့ ဆက်လက်ယှဉ်ပြိုင် ကျင်းပပြီးချိန်တွင် Half Rater (open) နှစ် ယောက်တွဲ ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာနိုင်ငံမှ စည်သူမိုးမြင့်နှင့် ဖုန်းကျော်မိုးမြင့်အတွဲက ပွဲစဉ်တစ်လျှေက် ထိပ် ဆုံးမှ ရပ်တည်လျက်ရှိကာ ယနေ့ပြိုင်ပွဲအပြီးတွင် ရွေရရှိရန် သေချာသွားပြီ ဖြစ်ကြောင်းသိရသည်။
နိုင်ငံတကာ ရွက်လှေပြိုင်ပွဲတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း(၆)နိုင်ငံမှ အားကစားသမားများက ပြိုင်ပွဲ အားကစား(၁၂)မျိုးကို ယှဉ်ပြိုင်လျက်ရှိကြပြီး Half Rater (open) အမျိုးသားနှစ်ယောက်တွဲ၊ INT´L 420 (Boys)၊ INT´L 420 (girls)ပြိုင်ပွဲ၊ INT´L 470 (Men)နှင့် INT´L 470 (Women)ပြိုင်ပွဲ၊ RS 1 (win surfing) ပြိုင်ပွဲများမှာ ပြိုင်ပွဲပြီးဆုံးရက် ဒီဇင်ဘာ(၂ဝ)ရက်နေ့ထိ ပွဲစဉ်အလိုက် အမှတ်ပေးစနစ်ဖြင့် ဆက်လက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။
ရွေတံဆိပ်ရရှိရန် သေချာသလောက်ရှိသည့် Half Rater(open) နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ထိပ်ဆုံးမှ ပန်းဝင် လာသော အိမ်ရှင်မြန်မာနိုင်ငံမှ စည်သူမိုးမြင့်နှင့် ဘုန်းကျော်မိုးမြင့်အတွဲနှင့် ရွက်လှေအား မြန်မာပရိသတ်များ က မြန်မာနိုင်ငံ အလံလွှင့်ထူ၍ အားပါးတရ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။


MOI Webportal Myanmar မှ
Popular Journal
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပင်လယ်ပြင် ရွက်လှေပြိုင်ပွဲကို ဧရာဝတီ တိုင်း ဒေသကြီး ငွေဆောင်ကမ်းခြေတွင် ယနေ့ ဆက်လက်ယှဉ်ပြိုင် ကျင်းပပြီးချိန်တွင် Half Rater (open) နှစ် ယောက်တွဲ ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာနိုင်ငံမှ စည်သူမိုးမြင့်နှင့် ဖုန်းကျော်မိုးမြင့်အတွဲက ပွဲစဉ် တစ်လျှေက် ထိပ် ဆုံးမှ ရပ်တည်လျက်ရှိကာ ယနေ့ပြိုင်ပွဲအပြီးတွင် ရွေရ ရှိရန် သေချာ သွားပြီ ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာ ရွက်လှေပြိုင်ပွဲတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း(၆)နိုင်ငံမှ အားကစားသမားများက ပြိုင်ပွဲ အားကစား(၁၂)မျိုးကို ယှဉ်ပြိုင်လျက်ရှိကြပြီး Half Rater (open) အမျိုးသားနှစ်ယောက်တွဲ၊ INT´L 420 (Boys)၊ INT´L 420 (girls)ပြိုင်ပွဲ၊ INT´L 470 (Men)နှင့် INT´L 470 (Women)ပြိုင်ပွဲ၊ RS 1 (win surfing) ပြိုင်ပွဲများမှာ ပြိုင်ပွဲပြီးဆုံးရက် ဒီဇင်ဘာ(၂ဝ)ရက်နေ့ထိ ပွဲစဉ်အလိုက် အမှတ်ပေးစနစ်ဖြင့် ဆက်လက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။
ရွေတံဆိပ်ရရှိရန် သေချာသလောက်ရှိသည့် Half Rater(open) နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ထိပ်ဆုံးမှ ပန်းဝင် လာသော အိမ်ရှင်မြန်မာနိုင်ငံမှ စည်သူမိုးမြင့်နှင့် ဘုန်းကျော်မိုးမြင့်အတွဲနှင့် ရွက်လှေအား မြန်မာ ပရိသတ်များ က မြန်မာနိုင်ငံ အလံလွှင့်ထူ၍ အားပါးတရ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။


MOI Webportal Myanmar မှ
Popular Journal

No comments:

Post a Comment