Thursday, December 5, 2013

ဒီဇင်ဘာ ၄ ရက်ညက ပုဇွန်တောင်မြို့နယ် ရေကျော်၊ သဇင်လမ်းတွင် လူသတ်မှုဖြစ်ပွား

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်၊ ရေကျော် သဇင်လမ်း၊ တိုက်အမှတ် ၉၊ ၅လွှာ (B)တွင် ဒီဇင်ဘာ ၄ ရက် ည ၈နာရီဝန်းကျင်က လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
"အဲဒီတိုက်ခန်းပေါ်မှာ ၀ုန်းဝုန်းဒိုင်းဒိုင်းသံကြားတော့ ရန်ဖြစ်နေကြပြီဆိုပြီး ဘေးခန်းက လှမ်းအော်ပါတယ်။ လူသတ်တယ်လို့လည်း ကြားလိုက်ရတော့ ပတ်ဝန်းကျင်က အတက်အဆင်းလုပ်တဲ့ လှေကားတံခါးကို ပိတ်လိုက်ပါတယ်။ ရဲတွေရောက်လာကြပြီး တက်ကြည့်တဲ့အခါမှာ လူသုံးယောက်ရှိတယ်၊ လူတစ်ဦး က သေနေပြီး နောက်တစ်ဦးက ဒဏ်ရာရသွားပါတယ်။ နောက်တစ်ယောက်ကတော့ သတ်တဲ့ လူပါ။ သေတဲ့ လူက အိပ်နေချိန် စတီးဓားနဲ့ လည်ပင်းကို အလှီးခံရတယ်လို့ ပြောပါတယ်"ဟု လူသတ်မှု ဖြစ် ပွားသည့်လမ်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

အသတ်ခံရသူမှာ အသက် ၃၅နှစ်နှင့် ၄၀ ၀န်းကျင်ခန့် ရှိနိုင်ကြောင်း အနီးပတ်ဝန်းကျင် တွင် နေထိုင် သူများက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပုဇွန်တောင် မြို့မရဲစခန်းသို The Daily Eleven သတင်းစာမှ အသေးစိတ် သိရှိနိုင်ရန် သွားရောက်မေးမြန်းခဲ့ရာ အထက်သို့ သတင်းပို့ရန်ရှိ၍ ယနေ့ည ဖြေကြားနိုင်မည် မဟုတ်ကြောင်း၊ တိုင်းဒေသကြီးရုံးတွင်သာ သတင်းရယူရန် ပုဇွန်တောင် မြို့မရဲစခန်းမှူးက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment