Monday, December 9, 2013

လက်နက်များ တပ်ဆင်နိုင်သော မောင်းသူမဲ့ လေယာဉ် တရုတ် (တိုင်ပေ) ထုတ်လုပ်လျက်ရှိ

Photo: လက်နက်များ တပ်ဆင်နိုင်သော မောင်းသူမဲ့ လေယာဉ် တရုတ် (တိုင်ပေ) ထုတ်လုပ်လျက်ရှိ
Monday, December 09, 2013

တရုတ် (တိုင်ပေ) စစ်ဘက်၏ Chung-Shan သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်တွင် ရေဒါမှ ရှောင်ကွင်းနိုင်ပြီး လက်နက်များ တပ်ဆင်နိုင်သော မောင်းသူမဲ့ လေယာဉ် တစ်မျိုးကို ထုတ်လုပ်လျက်ရှိကြောင်း Chung-Shan တက္ကသိုလ် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၈ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

လက်နက်များ သယ်ဆောင်နိုင်စွမ်း မရှိသော နည်းဗျူဟာမြောက် စောင့်ကြည့် ထောက်လှမ်းရေး ဆိုင်ရာ မောင်းသူမဲ့ လေယာဉ် အမျိုးမျိုးကို ထုတ်လုပ်ခဲ့သော တရုတ် (တိုင်ပေ) စစ်ဘက်ပိုင် သုတေသန ဌာန အတွက် အဆိုပါ မောင်းသူမဲ့ လေယာဉ်သည် လက်နက်များ တပ်ဆင်နိုင်သော ပထမဆုံး မောင်းသူမဲ့ လေယာဉ် ဖြစ်လာမည် ဖြစ်သည်။

အဆိုပါ မောင်းသူမဲ့ လေယာဉ်အား ယခင်ပုံစံနှင့် ကွဲပြားခြားနားမှု ရှိစေရန် ရေဒါရှောင်ကွင်းနိုင်သော စွမ်းရည်များ ထည့်သွင်း ရေးဆွဲထားပြီး တောင်ပံကိုလည်း တိုထားကြောင်းနှင့် ဒုံးကျည်နှင့် ဗုံးများသယ် ဆောင်နိုင်သည့် လက်နက် အခန်းတစ်ခန်း ဖွဲ့စည်း တည်ဆောက်ထားကြောင်း သိရသည်။ မောင်းသူမဲ့ လေယာဉ် အသစ်များ၏ ကိုယ်ထည်ကို ရေဒါလှိုင်းစုပ် ပစ္စည်းများဖြင့် တည်ဆောက် ထားသောကြောင့် ရေဒါ ရှာဖွေမှုမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။ Taoyuan ပြည်နယ်တွင် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ပြုလုပ်သော လက်နက်ပစ္စည်း ပြပွဲများ၌ နည်းပညာနှင့် အာကာသပိုင်းဆိုင်ရာ ကဏ္ဍရပ်များတွင် မောင်းသူမဲ့လေယာဉ် အမျိုးမျိုး အပါအဝင် ခေတ်မီ ပစ္စည်းများ၊ Hsiung Feng (Brave Wind) III သင်္ဘောဖျက် ဒုံးကျည်များနှင့် Tien Kung (Sky Bow) III လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ ပြသခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment