Friday, December 20, 2013

“ဒီမှာက မင်းသားကိုဖားရင် ဒါရိုက်တာ ဖြစ်တယ်”

နဝရတ်, အမျိုးသမီး, မင်းသမီး, မင်းသား, အကယ်ဒမီ, မူးယစ်ဆေးဝါး
မကြာခင်မှာ ကျင်းပတော့မှာဖြစ်တဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် မီဒီယာတွေနဲ့ ပရိသတ်တွေ တစ်ပေး ခန့်မှန်းနေကြသူ ရုပ်ရှင် အနုပညာရှင်၊ အတတ်ပညာရှင်များ အကြားမှာ သရုပ်ဆောင် နဝရတ်လည်း တဦးအပါအဝင် ဖြစ်နေပါတယ်။ သူဟာ ဒီနှစ်အတွက် ဆန်ခါတင် ရုပ်ရှင်ဇာတ်ကား ၂ ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး “တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ရုပ်ရှင်ကားကတော့ သူ့ကိုယ်ပိုင် “ငွေလမင်း” ထုတ်လုပ်ရေးကနေ ထုတ်လုပ်ထားတာပါ။ ဒီကားကိုသူက အကယ်ဒမီအတွက် မျှော်လင့်ချက်ထားပြီး ရိုက်ကူး ထုတ်လုပ်ခဲ့တာလို့ သိရပါတယ်။ ဒီလို အနေအထားမှာပဲ မကြာခင်က Facebook စာမျက်နှာတခုမှာ ပျံ့နှံ့ခဲ့တဲ့ အနုပညာရှင်များနဲ့ မူးယစ်ဆေးဝါးဆက်စပ်မှု စစ်ချက်ဟောင်း တခုဟာ သူ့ရဲ့ အကယ်ဒမီ အိပ်မက်ကို သက်ရောက်မှု ရှိနိုင်မရှိနိုင်၊ သူ့သဘောထား ထင်မြင်ချက်နဲ့ တကွ၊ မြန်မာ့ရုပ်ရှင်လောကရဲ့ လက်ရှိ အခြေအနေ တချို့အကြောင်း သရုပ်ဆောင် နဝရတ်ကို ဧရာဝတီ
အယ်ဒီအဖွဲ့က တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

မေး။     ။ နဝရတ်ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ “တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ” ရုပ်ရှင်ကားက အကယ်ဒမီ စာရင်းဝင်တဲ့ အပြင် ကိုယ်တိုင်လည်း အကယ်ဒမီအတွက် မျှော်လင့်ချက် ထားနေတဲ့ ဒီလိုအချိန်မှာ တလောက မိုးဇေငြိမ်း ဆိုသူရဲ့ facebook မှာ ပျံ့နှံ့ခဲ့တဲ့ သတင်းတွေကြောင့် စိုးရိမ်မှုတွေရှိလား။ အဲဒါတွေက အကယ်ဒမီအပေါ်မှာ ထိခိုက်မှု ဖြစ်လာမယ်လို့ ထင်သလား။
ဖြေ။     ။ မိုးဇေငြိမ်းကို ဘာလုပ်မယ် ညာလုပ်မယ်တော့ ကြားနေတာပဲ။ ဒါတွေက ကျမနဲ့ မစိုးကြီး (စိုးမြတ်သူဇာ) ကို တမင် လုပ်တယ်လို့ သူများတွေက ပြောကြတယ်။ အကယ်ဒမီ တစ်ပြေးနေတဲ့ နှစ်ယောက် ဖြစ်နေတော့လေ။ ဒီ နှစ်ယောက် စလုံးကိုသာ အကြောင်းတခုခုရှိလို့ ဒီလိုလုပ်တယ်လို့ ထင်တယ်။ အကျိုးရှိမှhttp://myanmaspectrum.blogspot.com/2013/12/blog-post_9510.html#more

No comments:

Post a Comment