Monday, December 9, 2013

လုပ်သားအင်အား စစ်တမ်းကို ၂၀၁၄ သန်းခေါင်စာရင်းအပေါ် အခြေခံ ကောက်ယူမည်

မြန်မာနိုင်ငံရှိ လုပ်သားအင်အား စစ်တမ်းကို ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအပေါ် အခြေခံကာ ကောက်ယူသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က Asia palaza ဟိုတယ်တွင် ပြု လုပ်သည့် ပညာရေး ညီလာခံ အခမ်းအနားတွင် ပြောကြားသည်။

"လုပ်သားအင်အား စစ်တမ်းကို ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအပြီး စက်တင်ဘာ သို့မဟုတ် အောက်တိုဘာမှာ ကောက်ယူသွားမယ်။ အခုလည်း သန်းခေါင်စာရင်းကောက်မယ့် အချက်ထဲမှာ အလုပ်အကိုင်၊ အလုပ် ရှိ၊ မရှိ စတဲ့အချက်တွေကို ထည့်ကောက်ခိုင်းထားတယ်။ လုပ်သားအင်အား စစ်တမ်းကို တစ်လအတွင်း အပြီးကောက်ယူ သွားမယ်" ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ လုပ်သားအင်အား စစ်တမ်းကောက်ယူရန်အတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလူလုံရေး ၀န်ကြီးဌာနနှင့် ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့) တို့ ၂၀၁၄ ခုနှစ် လုပ်သား အင်အား စစ်တမ်းကောက်ယူရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

Eleven Media Group

No comments:

Post a Comment