Wednesday, December 18, 2013

တပ်သားသစ် ကောက်ယူမှုအား ရှုပ်ချ ဆန္ဒပြရန် သျှမ်းအသိုင်းအဝိုင်း စီစဉ်

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း သျှမ်းရွာသားများ တပ်သားသစ် စုဆောင်းခြင်း ခံရမှုအား ရှုပ်ချသည့် အနေဖြင့် ဆန္ဒပြရန် သျှမ်းလူမှုအသိုင်းအဝိုင်းက စီစဉ်နေကြောင်း တိုင်းလိုင် သျှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီက ပြောပါသည်။
“မန်စီမြို့နယ်ထဲက သျှမ်းရွာ ၁၄ ရွာက ရွာသားတွေ တပ်သားသစ်စုဆောင်းတာခံရတယ်။ အဲဘက်မှာ လှုပ် ရှားနေတာက တော့ ကေအိုင်အေ တပ်မတော်ပေါ့နော်။ တချို့ရွာတွေဆိုရင် ၂ ကြိမ်တောင် လာ ကောက်ပါတယ်။ ဒီကိစ္စဖြေရှင်းပေးဖို့ ပြည်ထောင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ၊ မြို့နယ် အာဏာပိုင်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီကို စာရေးတင်ပြထားပြီးဖြစ်ပါတယ်” ဟု သျှမ်းနီ တိုင်း လိုင်ပါတီ အတွင်းရေးမှူး စောဝင်းထွန်းက သျှမ်းသံတော်ဆင့်အားပြောပါသည်။

ဒေသတွင်းလူထုအား ယခုလဆန်းကစ၍ တပ်သားသစ်စုဆောင်းနေသည်မှာ ယနေ့တိုင်ဖြစ်ပြီးအများစုမှာ သျှမ်းရွာသား များဖြစ်ကြောင်း၊ တချို့မှာ တဦးတည်းသောသားဖြစ်နေသကဲ့သို့ တချို့မှာ အိမ်ထောင် ဦးစီးဖြစ်နေကြောင်း၊ လုပ်ငန်းခွင် များအထိ လိုက်လံကောက်ယူကြောင်း၊ အသက်မပြည့်သေးသူများလည်း ပါဝင်ကြောင်း၊ ထို့ကြောင့် တပ်သားသစ်ကောက် ခံခြင်း ရပ်တန့်ရန် စုပေါင်း၍ ငြိမ်းချမ်းစွာ ဆန္ဒပြသွားကြဖို့ သက်ဆိုင်ရာအာဏာပိုင်များထံသို့လည်း စာတင်ထားပြီးဖြစ် ကြောင်း စောဝင်းထွန်းကပြော ဆိုပါသည်။

“သက်ဆိုင်ရာမြို့နယ်တွေရဲ့ မြို့တော်ခန်းမတွေမှာဆန္ဒပြဖို့စီစဉ်ပါတယ်။ အာဏာပိုင်တွေက ၂၂ ရက်နေ့နောက်ပိုင်းမှ အကြောင်းပြန်မယ်လို့ပြောထားပါတယ်။ ခွင့်ပြုချက်ရရင် ဆန္ဒပြမှုလုပ်သွား ပါမယ်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းပါဘဲ။ မြို့နယ် စာပေယဉ်ကျေးမှုအဖွဲ့တွေပါမယ်။ လူမှုရေး အဖွဲ့ အစည်းတွေ ပါမယ်။ နိုင်ငံရေးပါတီတွေ လူထုပါမယ်” ဟု ဆို၏။

ယခုကဲ့သို့ ငြိမ်းချမ်းရေးတည်ဆောက်နေချိန် လူထုတရပ်လုံးနှင့် လက်တွဲပူးပေါင်းမှု ရယူသင့်ကြောင်း၊ တပ်သားသစ်ကောက် ယူစုဆောင်းမှု မရှိသင့်တော့ကြောင်း သျှမ်းနီပါတီက ပြောဆိုပါသည်။


ကေအိုင်အေ ပြောခွင့်ရ ဦးလနန်ကမူ တပ်သားသစ်စုဆောင်းမှု မရှိခဲ့ကြောင်း RFA သတင်းဌာန သို့ပြော ကြားခဲ့ပါသည်။

ပြည်ထောင်ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီထံပေးပို့သည့် တိုင်းလိုင်ပါတီ၏စာ(ရှမ်းနီ သတင်းဌာန မှ ကူး ယူဖော်ပြသည်)

No comments:

Post a Comment