Saturday, August 3, 2013

လူမျိုးရေး အခြေခံ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် လက်ရှိ လွတ်လပ်မှုများ၊ အကျိုးခံစားခွင့်များ ပျောက်ကွယ် သွားနိုင်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြား

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး အခြေခံ အကြမ်းဖက်မှု ဖြစ်စဉ် များကြောင့် မြန်မာနိုင်ငံ သားများ၏ လက်ရှိရရှိနေသော လွတ်လပ်မှုများ၊ အကျိုးခံစားခွင့်များ ပျောက်ကွယ် သွားနိုင်ကြောင်း ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။
သြဂုတ် ၁ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး အခြေခံ အကြမ်းဖက်မှု ဖြစ်စဉ်များသည် မြန်မာနိုင်ငံ အတွင်းရေးကိစ္စ အဖြစ်မှ အာရှဒေသတွင်း ကိစ္စ၊ နိုင်ငံ တကာအတွင်း ကိစ္စအဖြစ် ကူးစက်သွားနိုင်ကြောင်း၊ ထို့အပြင် ယင်းကဲ့သို့ အကြမ်းဖက်မှု ဖြစ်စဉ် များကြောင့် မြန်မာနိုင်ငံသားများ၏ လက်ရှိ ရရှိနေသော လွတ်လပ်မှုများ၊ အကျိုးခံစား ခွင့်များ ပျောက် ကွယ်သွားနိုင်ကြောင်း ပြောကြားသည်။
ထို့ပြင် မိမိယုံကြည် ကိုးကွယ်ရာ ဘာသာဟာ အခြားသော ဘာသာကို ထိခိုက်နစ်နာ စေသည့် ပြောဆို စည်းရုံးမှုမျိုး မရှိလျှင် အားလုံးကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုထားပြီး ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရခိုင်အရေးသည် ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး တစ်ဖက်နှင့်တစ်ဖက် လုယက်တိုက်ခိုက် ဖျက်ဆီးကြသည်ကို တွေ့ရကြောင်း၊ အဆုံးတွင် နှစ်ဖက်စလုံး ပျက်ဆီးသေကျေ ကြ ရကြောင်း၊ နှစ်ဖက်စလုံးတွင် နစ်နာကြောင်း၊ ရခိုင်အရေးကို လက်ပိုက်ကြည့်လို့ မရသလို တစ်ဦးချင်း တစ်ဖွဲ့ ချင်း လုပ်ဆောင်၍ ရသောကိစ္စတစ်ခု မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။

 EMG

No comments:

Post a Comment