Monday, November 4, 2013

အကောက်ခွန် ညွှန်မှူး ဗိုလ်ကြီးအမည်ခံကာ နှစ်နှစ်ကြာလိမ်လည်နေသူကို ဖမ်းမိပြီ

အကောက် ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးအမည်ခံကာ ငွေကျပ် သိန်းသုံးရာ လိမ်သူကို နိုဝင်ဘာ ၁ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

ဗိုလ်မှူးကြီး ကျော်ကျော် ထွန်း၊ ဗိုလ်မှူးမင်းသိန်း၊ အ ကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြား ရေးမှူးစသည့် အမည်များဖြင့် ငွေကြေးလိမ်လည်နေသူ တစ်ဦး ကို ဒဂုံတောင်မြို့နယ်၊ ၂၆ရပ် ကွက်ရှိ အောင်ဇေယျ အိမ်ရာ၊ ရတနာပုံလမ်းတွင် ယာဉ်အမှတ် ၁ဂ/----နံပါတ် တပ်ဆင်ထား သည့် NISSAN BLUE BIRD အနက်ရောင် မော်တော်ယာဉ် တစ်စီး၊ အဆိုပါ ယာဉ်ပေါ်တွင် ရွှေချည်ထိုး ကြည်း၊ ရေ၊ လေ တံဆိပ်နှင့် အနီရောင်အပတ်ပါ ဗိုလ်မှူးကြီးအဆင့် ဆောင်းသည့် ဦးထုပ် တစ်လုံး၊ အနီရောင်ဝါယာ လက်မီးလုံး တစ်လုံး၊ စူပါတံဆိပ် ပါ တပ်ဖွဲ့သုံး လက်ထိပ်နှစ်ကွင်း၊ WTK စာတမ်းပါအနက်ရောင် စကားပြောစက် တစ်လုံး၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးစာတမ်းပါ အစိမ်း ရောင်ကတ်တစ်ခု၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်မောင်းတံဆိပ် တစ်စုံ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး စာတမ်းပါမှတ်စုစာအုပ်တစ်အုပ်၊ ကျော်မိုးနိုင်အမည်ပါ လိပ်စာ ကတ် ၂ဝခုနှင့် ကားခေါင်မိုးပေါ် တွင် တပ်ဆင်အသုံးပြုသည့် စကား ပြောစက်ဧရိယာ တိုင်တစ်တိုင်တို့ နှင့်အတူ နိုဝင်ဘာ ၁ရက်၊ မွန်း တည့် ၁၂နာရီက သက်ဆိုင်ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး က ''သူ့ကို လက်ရှိစစ်ဆေးမှုတွေ လုပ်နေ တယ်။ တခြားဘယ်လို အမှုတွေနဲ့ ဆက်စပ်မှုတွေရှိမလဲ ဆိုတာကို နောက်ကြောင်း ပြန် လိုက်ပြီး စစ်ဆေးနေတယ်''ဟု ပြောသည်။ ဒဂုံတောင်မြို့ နယ် ၂၆ ရပ်ကွက်နေ ကိုနိုင်(ကားဝပ်ရှော့ လုပ်ကိုင်သူ) အား ယခုနှစ်၊ အောက် တိုဘာ၂၈ရက်တွင် ကျော်မိုးနိုင် (ခ)ကျော်ကျော်က သူသည် ဝန် ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး ကျော်ကျော်ထွန်း ဖြစ်ပြီး ဒဂုံမြို့သစ် မြောက် ပိုင်း ၊ ဗိုလ်မှူးဗထူးလမ်းမပေါ်ရှိ တန် ဖိုးနည်း အိမ်ရာစီမံကိန်းမှ တိုက် ခန်းတစ်ခန်းရအောင် ပြုလုပ်ပေး မည်ဟု ယုံကြည်အောင်ပြောဆို ကာ ငွေကျပ်ငါးသိန်းကို လိမ် လည်ရယူခဲ့ကြောင်း၊ အလားတူ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅ရက် ကလဲ ဆီဒိုးနား ဟိုတယ်တွင် မင်္ဂလာ ဆောင်ရန် ပြင်ဆင်နေသည့် ရန် ကင်းမြို့နယ်မှ ကိုဇာနည်၏ မင်္ဂ လာဆောင်ပွဲသို့ နိုင်ငံတော်ဒုတိယ သမ္မတဦးဉာဏ်ထွန်း၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ အကြီး အကဲများ၊ နေပြည်တော်မှ ဝန် ကြီးလေးဦးခန့်တို့ တက်ရောက် နိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည် ဟု ယုံကြည်အောင်ပြောဆိုကာ ကိုဇာနည်ထံမှ ငွေကျပ် ၁၅သိန်း ကို လိမ်လည်ရယူခဲ့ကြောင်း၊ ယင်း အပြင် လွန်ခဲ့သည့် နှစ်နှစ် ခန့်က လည်း ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ နယ် စာသူငယ်ကျေးရွာနေ ဦးကျော် လွင်ဆိုသူကို မိမိသည် အကောက် ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးဖြစ်ပြီး ငါးကန်အတွက် ကိုယ်ပိုင် ထရန်စဖော်မာတစ်လုံး ကို လျှပ်စစ်ဝန်ကြီးဌာနနှင့်ဆက် သွယ် ၍ တပ်ဆင်ပေးမည်ဟုပြော ဆိုကာ ငွေကျပ်သိန်း ၃၀၀ ခန့် ကို လိမ်လည်ရယူခဲ့ပြီး ယင်းအနက် ၂၀ KV ထရန်စဖော်မာတစ်လုံး၊ မီးတိုင်၂ဝခန့်၊ ဆားဗစ်ကြိုးသုံး ခွေနှင့် တခြားဆက်စပ်ပစ္စည်း များကို ဝယ်ပေး ကာ ကျန်ငွေများ ကို လိမ် လည် ရယူခဲ့ကြောင်း အမှု ကို ကျူးလွန်ခဲ့သူ၏ထွက်ဆိုချက် အရ သိရသည်။

အမှုကျူး လွန်သူကို ဒဂုံ မြို့မရဲစခန်းမှ (ပ)၂၃၅/၂၀၁၃၊ ကြိုးမဲ့ကြေးနန်း အက်ဥပဒေပုဒ် မ ၆(၁)နှင့် တပ်မတော်အသုံးအ ဆောင်ပစ္စည်းများ၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့သုံးပစ္စည်း များနှင့်ပတ်သက်၍(ပ) ၂၃၆/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၁၄၀/ ၁၇၀ တို့ဖြင့် အမှုဖွင့် အရေးယူထားပြီး ကျန်လိမ်လည်မှုများကို ဆက် လက်စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်မြတ်ဇံ
Yangon Media Group

No comments:

Post a Comment