Sunday, January 12, 2014

၁၃၀၀ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနားကျင်းပ

Photo: ၁၃၀၀ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနားကျင်းပ
Sunday, January 12, 2014

၁၃၀၀ပြည့်အရေးတော်ပုံ ၇၅နှစ်ပြည့် စိန်ရတုတွင် သံဃာတော် ၇၅ပါးနှင့်အတူ ရွှေည၀ါဆရာတော်အားရွှေတိဂုံစေတီတော်မြတ်၏ အရှေ့ဘက်မုခ် ရေကြည်တော်ဝတ်အသင်း တန်ဆောင်းတွင် ဆွမ်း၊ သင်္ဃန်း၊ ဆက်ကပ်လှူဒါန်း ရေစက်ချအမျှပေးဝေသော အခမ်းအနား တစ်ခုအား ပြုလုပ်ခဲ့ပြီး နေလည်(၁း၀၀)တွင် M3 Food Center တွင် ဆက်လက် ကျင်းပခဲ့သည်။

ဗိုလ်ချုပ်နေ၀င်း၏မြေး အေးနေ၀င်းက "ဒီနေ့ပွဲကတော့ သခင် သခင်မတွေရဲ့ ၁၃၀၀ပြည့် အရေးတော်ပုံကြီးပေါ့။ ပြန်ပြီးတော့
ဂုဏ်ပြုတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ နိုင်ငံသား
တစ်ယောက် အနေနနဲ့ကောသခင် သခင်မတွေရဲ့ မျိုးဆက်အနေနဲ့ရော လာပြီးတော့ ဂုဏ်ပြုပေးတာဖြစ်ပါတယ်"ဟု ပြောသည်။

ယင်းအခမ်းအနားတွင် တို့ဗမာ သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၃၀၀ပြည့်အရေးတော်ပုံကြီးနှင့် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲကာလအတွင်း ပါဝင်ခဲ့သော သခင် သခင်မကြီးများ၊
ရဟန်းသံဃာများ၊အလုပ်သမားကြီးများ၊ တောင်သူလယ်သမားကြီးများ ကျောင်သား/သူများနှင့်လုပ်သားပြည်သူအား ဂုဏ်ပြုသောအားဖြင့် တစ်မိနစ်ငြိမ်သတ်အလေးပြုခဲ့သည်။

ယင်းနောက် ၁၃၀၀ပြည့်အရေးတော်ပုံ ၇၅နှစ်ပြည့် စိန်ရတုပွဲ၏ အခမ်းအနား သဘာပတိဖြစ်သောတို့ဗမာအစည်းရုံးဝင် သခင်သန်းညွန့်(ခေါ်) ရဲဘော်သုံးကျိပ် ဗိုလ်ဇင်ယော်၏သမီး ဒေါ်ကြည်ကြည်ဇင်မှ
ဂုဏ်ပြု အမှာအစကား ပြောရာ "အခုလိုမျိုး ၁၃၀၀ပြည့် အရေးတော်ပုံကြီးကို ပြန်လည်ကျင်းပခွင့်ရတော့အရမ်းကို
ဝမ်းသာမိပါတယ် ဒီ၁၃၀၀ပြည့် အရေးတော်ပုံကြီးဟာ ကိုလိုနီခေတ် နှစ်(၁၀၀)အတွင်း ဗမာပြည်သူ တစ်ရပ်လုံးက
အင်္ဂလိမ်နယ်ချဲ့တို့ကို လူထုနည်းဖြင့် စနစ်တကျ တော်လှန် တိုက်ခိုက်ခဲ့ကြသောပထမဆုံး တော်လှန်ရေးကြီးလည်း ဖြစ်ပါတယ် ဒီအရေးတော်ပုံကြီးဟာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းသံဃာ၊ လူတန်းစားပေါင်းစုံ သွေးစည်းညီညွတ်ခဲ့တဲ့ ပွဲကြီးလည်းဖြစ်ပါတယ် "ဟု ပြောသည်။

ဆက်လက်၍ တို့ဗမာအစည်းအရုံးဝင် သခင်လှကျွေ၏သား ဖြစ်သူ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်(တို့ဗမာ) မှ အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းခဲ့ပြီး အဖွဲ့အစည်း အသီးသီးမှ
ပေးပို့လာသော ဂုဏ်ပြုသ၀ဏ်လွှာများကို ဖတ်ကြားခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ဆရာတော်ရွှေည၀ါက "ဦးဇင်းကတော့ အခုလို ၁၃၀၀ပြည့် အရေးတော်ပုံကြီးမှာ တက်ရောက်ဟောပြောရတော့ အရမ်းကို ၀မ်းသာမိပါတယ် အခုမှပြန်လည် လုပ်ဖြစ်တဲ့ ၁၃၀၀ပြည့် အရေးတော်ပုံကြီးကို နောင်နှစ်တွေမှာလည်း လုပ်နိုင်ဖို့ မျှော်လင့်တယ် ။ အခုပုဒ်မ၅၉(စ)ကိုပြင်ဖို့ လုပ်နေကျတာ ကောင်းပါတယ် ဖြစ်နိုင်ရင် အကုန်လုံးပြောင်းလည်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်"ဟု
ပြောသည်။

ယင်းနောက်ဆင်းရဲပြီး ကျန်းမာရေးချို့တဲ့နေသော သခင်ကြီးနှစ်ဦးအား၊ ဂုဏ်ပြုထောက်ပံ့ကြေး ပေးအပ်ခဲ့ပြီးသဘာပတိဖြစ်သူ ဒေါ်ကြည်ကြည်ဇင်က နိဂုံးချုပ်ဂုဏ်ပြုစကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

ချစ်မင်းထွန်း
The Myanma Age
၁၃၀၀ပြည့်အရေးတော်ပုံ ၇၅နှစ်ပြည့် စိန်ရတုတွင် သံဃာတော် ၇၅ပါးနှင့်အတူ ရွှေည၀ါ ဆရာတော် အားရွှေတိဂုံစေတီတော်မြတ်၏ အရှေ့ဘက်မုခ် ရေကြည်တော်ဝတ်အသင်း တန်ဆောင်းတွင် ဆွမ်း၊ သင်္ဃန်း၊ ဆက်ကပ်လှူဒါန်း ရေစက်ချအမျှပေးဝေသော အခမ်းအနား တစ်ခုအား ပြုလုပ် ခဲ့ပြီး နေ လည်(၁း၀၀)တွင် M3 Food Center တွင် ဆက်လက် ကျင်းပခဲ့သည်။
ဗိုလ်ချုပ်နေ၀င်း၏မြေး အေးနေ၀င်းက "ဒီနေ့ပွဲကတော့ သခင် သခင်မတွေရဲ့ ၁၃၀၀ပြည့် အရေးတော် ပုံကြီးပေါ့။ ပြန်ပြီးတော့ ဂုဏ်ပြုတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ နိုင်ငံ သားတစ်ယောက် အနေနနဲ့ကောသခင် သခင်မတွေရဲ့ မျိုးဆက်အနေနဲ့ရော လာပြီးတော့ ဂုဏ်ပြုပေး တာဖြစ်ပါတယ်" ဟု ပြောသည်။

ယင်းအခမ်းအနားတွင် တို့ဗမာ သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၃၀၀ပြည့်အရေးတော်ပုံကြီးနှင့် နယ်ချဲ့ဆန့် ကျင်ရေး အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲကာလအတွင်း ပါဝင်ခဲ့သော သခင် သခင်မကြီးများ၊ ရဟန်းသံဃာများ၊အလုပ်သမားကြီးများ၊ တောင်သူလယ်သမားကြီးများ ကျောင်သား/သူများနှင့်လုပ်သားပြည်သူအား ဂုဏ်ပြုသောအားဖြင့် တစ်မိနစ်ငြိမ်သတ် အလေးပြု ခဲ့သည်။

ယင်းနောက် ၁၃၀၀ပြည့်အရေးတော်ပုံ ၇၅နှစ်ပြည့် စိန်ရတုပွဲ၏ အခမ်းအနား သဘာ ပတိဖြစ်သောတို့ဗမာ အစည်းရုံးဝင် သခင်သန်းညွန့်(ခေါ်) ရဲဘော်သုံးကျိပ် ဗိုလ်ဇင်ယော်၏သမီး ဒေါ်ကြည်ကြည်ဇင်မှ ဂုဏ်ပြု အမှာအစကား ပြောရာ "အခုလိုမျိုး ၁၃၀၀ပြည့် အရေးတော်ပုံကြီး ကို ပြန်လည်ကျင်းပခွင့်ရတော့အရမ်းကို ၀မ်းသာမိပါတယ် ဒီ၁၃၀၀ပြည့် အရေးတော်ပုံကြီးဟာ ကိုလိုနီခေတ် နှစ်(၁၀၀)အတွင်း ဗမာပြည်သူ တစ်ရပ်လုံးက အင်္ဂလိမ်နယ်ချဲ့တို့ကို လူထု နည်းဖြင့် စနစ်တကျ တော်လှန် တိုက်ခိုက်ခဲ့ကြသော ပထမဆုံး တော် လှန်ရေးကြီးလည်း ဖြစ်ပါတယ် ဒီအရေးတော်ပုံကြီးဟာ အလုပ်သမား၊ လယ်သမား ၊ ကျောင်း သား၊ ရဟန်းသံဃာ၊ လူတန်းစားပေါင်းစုံ သွေးစည်းညီညွတ်ခဲ့တဲ့ ပွဲကြီးလည်းဖြစ်ပါတယ် "ဟု ပြော သည်။

ဆက်လက်၍ တို့ဗမာအစည်းအရုံးဝင် သခင်လှကျွေ၏သား ဖြစ်သူ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင် (တို့ဗမာ) မှ အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းခဲ့ပြီး အဖွဲ့အစည်း အသီးသီးမှ ပေး ပို့လာသော ဂုဏ်ပြုသ၀ဏ်လွှာများကို ဖတ်ကြားခြင်း၊ မှတ်တမ်း တင်ခြင်း တို့ကို ပြုလုပ်ခဲ့ သည်။

ဆရာတော်ရွှေည၀ါက "ဦးဇင်းကတော့ အခုလို ၁၃၀၀ပြည့် အရေးတော်ပုံကြီးမှာ တက်ရောက်ဟောပြော ရတော့ အရမ်းကို ၀မ်းသာမိပါတယ် အခုမှပြန်လည် လုပ်ဖြစ်တဲ့ ၁၃၀၀ပြည့် အရေးတော်ပုံကြီး ကို နော င်နှစ်တွေ မှာလည်း လုပ်နိုင်ဖို့ မျှော်လင့်တယ် ။ အခုပုဒ်မ ၅၉(စ) ကိုပြင်ဖို့ လုပ်နေကျ တာ ကောင်း ပါတယ် ဖြစ်နိုင်ရင် အကုန်လုံးပြောင်းလည်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်"ဟု ပြောသည်။

ယင်းနောက်ဆင်းရဲပြီး ကျန်းမာရေးချို့တဲ့နေသော သခင်ကြီးနှစ်ဦးအား၊ ဂုဏ်ပြုထောက် ပံ့ကြေး ပေး အပ်ခဲ့ပြီးသဘာပတိဖြစ်သူ ဒေါ်ကြည်ကြည်ဇင်က နိဂုံးချုပ်ဂုဏ်ပြုစကားပြောကြားပြီး အခမ်း အနားကို ရုပ်သိမ်း ခဲ့သည်။

ချစ်မင်းထွန်း
The Myanma Age

No comments:

Post a Comment