Friday, January 10, 2014

ခဲအိုဖြစ်သူက မှိုဝယ်မည်ဟု လိမ်လည်ခေါ်ဆောင်ကာ ခယ်မကို တစ်လနီးပါး အလိုမတူဘဲ ပေါင်းသင်း

ပွင့်ဖြူ ။ ။ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာမှ အသက် ၁၇နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို သူမ၏ခဲအိုဖြစ်သူက မှိုဝယ်ရန်ဟု ဆိုင်ကယ်ဖြင့် လိမ်လည်ခေါ်ဆောင်ကာ တစ်လနီးပါးခန့် အလိုမတူဘဲ ခိုးယူပေါင်းသင်းမှုတစ်ခုကို ဇန်နဝါရီ ၈ ရက်က အဓမ္မမှုဖြင့် အမှုဖွင့်တိုင်တန်းထားသည်ဟု ပွင့်ဖြူမြို့နယ် ရဲစခန်းက သတင်းထုတ်ပြန်သည်။

အမှုတွင် အမျိုးသမီးငယ်သည် ကျောင်းကုန်းကြီးကျေးရွာမှ ရေပုတ်ကြီး ကျေးရွာသို့ ၂၀၁၃ ဒီဇင်ဘာ ၈ ရက် ဈေးရောင်းချရန် သွားစဉ် ညနေ (၃) နာရီခန့်က ၎င်း၏ ခဲအိုတော်စပ်သူ အသက် (၄၅)နှစ်အရွယ်ရှိ ကျပန်းလုပ်ကိုင်သည့် တင်ရွှေဆိုသူက မှိုလိုက်ဝယ်ဟုဆိုကာ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားခဲ့ပြီး ရေပုတ်ကြီးကျေးရွာ မြောက်ဖက် တောစပ်တွင် ဆိုင်ကယ်ကို ထားခဲ့၍ ခြေလျင်လျှောက်ခဲ့ရသည်။

ထို့နောက် တောထဲတွင် အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရပြီး တင်ရွှေ ယခင်မီးသွေးဖုတ်သည့် စေတုတ္တရာမြို့ ၊ ခိုနန်းရွာ အနောက်ဖက် တောထဲသို့ ခြေလျင် လိုက်ခဲ့ရပြီး တောထဲတွင် တဲဆောက်၍ နေထိုင်ခဲ့ရပြီး ကူညီ မည့်သူ တစ်ဦးတစ်ယောက်မျှ မရှိဘဲ တင်ရွှေနှင့်အတူ ဆက်လက်နေထိုင်ခဲ့ရသည်။

၂၀၁၄ခုနှစ်၊ ဇန်နဝါရီ ၆ရက်တွင် တင်ရွှေမရှိခိုက် ထွက်ပြေးခဲ့ရာ ကျောင်းကုန်းကြီးကျေးရွာ မိဘများထံ ပြန်လည်ရောက်ရှိပြီး ဖြစ်စဉ်အားပြောပြ တိုင်ပင်၍ မိဘများနှင့်အတူ ရဲစခန်းသို့လာရောက်၍ တင်ရွှေအားအရေးယူပေးရန် ဇန်နဝါရီ ၈ရက်တွင် မ××× မှတရားလို ပြုလုပ်၍တိုင်းတန်းသဖြင့် ပွင့်ဖြူမြို့နယ် မြိုမရဲစခန်းမှ (ပ) ၃/၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

Mizzima

No comments:

Post a Comment