Sunday, January 19, 2014

ဘာသာရေး ခေါင်းဆောင်တစ်ဦး၏ အသုဘ အခမ်းအနားတွင် လူအုပ်အတွင်း စုပြုံ တိုးဝှေ့မှုကြောင့် ၁ ဦး သေဆုံး ၅၉ ဦး ဒဏ်ရာရ

Photo: ဘာသာရေး ခေါင်းဆောင်တစ်ဦး၏ အသုဘ အခမ်းအနားတွင် လူအုပ်အတွင်း စုပြုံ တိုးဝှေ့မှုကြောင့် ၁ ဦး သေဆုံး ၅၉ ဦး ဒဏ်ရာရ
Sunday, January 19, 2013

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ဇန်နဝါရီ ၁၇ ရက်က သေဆုံးခဲ့သည့် Dawoodi Bohra ဘာသာ ရေး အဖွဲ့ခေါင်းဆောင် Syedna Mohammed Burhanuddin နေထိုင်ရာ Malabar စီရင်စု၌ ဇန်နဝါရီ ၁၈ ရက် နံနက် ဒေသစံတော်ချိန် ၁ နာရီ ၃ဝ မိနစ်ခန့် တွင် ၎င်းအား လာရောက် ဂါရဝပြုသူများ အကြား စုပြုံတိုးဝှေ့မှု ဖြစ်ပွားခဲ့သောကြောင့် ၁၈ ဦး သေဆုံးခဲ့ပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ အများစုသည် မွန်းကျပ်သည့် ဒဏ်ကြောင့် အသက်ရှူ ရပ်တန့် သေဆုံးခဲ့ရခြင်း ဖြစ်ပြီး တိုးဝှေ့မှုတွင် ဒဏ်ရာရရှိသူ ၅၉ ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း၊ ၎င်းတို့အနက် ၅၆ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီး သုံးဦး ကျန်ရှိနေသေးကြောင်း မွမ်ဘိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ဒေါက်တာ Satyapal Singh က ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့ အနေဖြင့် ၎င်းဖြစ်ရပ်နှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်း ပြောကြားနိုင်ခြင်း မရှိသေးဘဲ အကြောင်းအရင်း အတိအကျကို စုံစမ်းမှုများ ပြုလုပ် ရန် အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။ 

မြ၀တီ
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ဇန်နဝါရီ ၁၇ ရက်က သေဆုံးခဲ့သည့် Dawoodi Bohra ဘာသာ ရေး အဖွဲ့ခေါင်းဆောင် Syedna Mohammed Burhanuddin နေထိုင်ရာ Malabar စီရင်စု၌ ဇန်နဝါရီ ၁၈ ရက် နံနက် ဒေသစံတော်ချိန် ၁ နာရီ ၃ဝ မိနစ်ခန့် တွင် ၎င်းအား လာရောက် ဂါရဝပြုသူများ အကြား စုပြုံ တိုးဝှေ့မှု ဖြစ်ပွားခဲ့သောကြောင့် ၁၈ ဦး သေဆုံးခဲ့ပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ အများစုသည် မွန်းကျပ်သည့် ဒဏ်ကြောင့် အသက်ရှူ ရပ် တန့် သေ ဆုံးခဲ့ရခြင်း ဖြစ်ပြီး တိုးဝှေ့မှုတွင် ဒဏ်ရာရရှိသူ ၅၉ ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း၊ ၎င်းတို့ အနက် ၅၆ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီး သုံးဦး ကျန်ရှိနေသေးကြောင်း မွမ်ဘိုင်းရဲတပ်ဖွဲ့ အကြီး အကဲ ဒေါက်တာ Satyapal Singh က ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့ အနေဖြင့် ၎င်းဖြစ်ရပ်နှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်း ပြောကြားနိုင်ခြင်း မရှိသေးဘဲ အကြောင်းအရင်း အတိအကျကို စုံစမ်းမှုများ ပြုလုပ် ရန် အမိန့်ထုတ်ပြန် ထားကြောင်း သိရသည်။ 

မြ၀တီ

No comments:

Post a Comment