Sunday, January 19, 2014

ဗန်ကောက်မြို့တော် ဆန္ဒပြမှုတွင် ဗုံးပေါက်ကွဲ တစ်ဦးသေ ၊ ၃၆ ဦးဒဏ်ရာရ

Photo: ဗန်ကောက်မြို့တော် ဆန္ဒပြမှုတွင် ဗုံးပေါက်ကွဲ တစ်ဦးသေ ၊ ၃၆ ဦးဒဏ်ရာရ
Sunday, January 19, 2013

ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဘန်သက်သွန်လမ်းရှိ အစိုးရ အတိုက်အခံ ဆန္ဒပြသူများ စုဝေးသည့် နေရာ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇန်နဝါရီ ၁၈ ရက် အင်တာနက် သတင်းတစ် ရပ်အရ သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုသည် အကြမ်းဖက် လှုပ်ရှားမှု တစ်ခုဖြစ်ပြီး ဆန္ဒပြမှုများကို ဟန့်တားနိုင်မည် မဟုတ်ကြောင်း၊ ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်း လဲရေး ကော်မတီ(PDRC) ထောက်ခံ ဆန္ဒပြသူများ အနေဖြင့် သေရမည်ကို ကြောက်ရွံ့နေမည် မဟုတ်ကြောင်းနှင့် ဆန္ဒပြသူများ၏ လုံခြုံရေးကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့် အတွက် ယာယီ အစိုးရအဖွဲ့ အနေဖြင့် တာဝန်ယူ ဖြေရှင်း ဆောင်ရွက် ပေးသင့်ကြောင်း ဆူသက်သောင်ဆူဘန်က ပြောကြားခဲ့သည်။ ယာယီဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်က အဆိုပါ ဗုံးပေါက်ကွဲမှု၏ နောက်ကွယ်တွင် အစိုးရရှိသည် ဆိုသော PDRC ၏ စွပ်စွဲပြောကြား ချက်များကို ငြင်းဆိုခဲ့ပြီး မည်သည့် အကြမ်းဖက် လှုပ်ရှားမှုမျိုးကို မဆို မိမိအနေဖြင့် ထောက်ခံအားပေးမည် မဟုတ်ကြောင်းနှင့် တရားခံကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗန်ကောက်မြို့တော် ရဲတပ်ဖွဲ့ အနေဖြင့် PDRC ၏ မူလချီတက် ဆန္ဒပြမည့် လမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲခဲ့မှုနှင့် ဗုံးပေါက်ကွဲ သည့် နေရာအနီးသို့ ဝင်ရောက်မည့် ရဲတပ်ဖွဲ့နှင့် သတင်းထောက်များကို ဆန္ဒပြသူ လုံခြုံရေး အစောင့်များက ပိတ်ဆို့ဟန့်တားခဲ့မှုတို့နှင့် ပတ်သက် ၍ သံသယဖြစ်မှုများ မြင့်တက်လာခဲ့ကြောင်း သိရသည်။

သို့ရာတွင် ဆူသက်သောင်ဆူဘန် ဦးဆောင်သော PDRC ထောက်ခံ ဆန္ဒပြသူများသည် ဆန္ဒပြမှုများ၌ ဗန်ကောက် မြို့သူမြို့သားများ ပါဝင်လာရေး စည်းရုံးလှုံ့ဆော်ရန် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် ပသွန်ဝမ် လမ်းဆုံမှ စတင်ကာ ဟွာချမ်တံတား၊ ရတ်ချာသဝီလမ်းဆုံ၊ ပတ်ချာဘူရီ လမ်းသစ်နှင့် ဘန်သက် သွန်လမ်းတို့သို့ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မြ၀တီ
ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဘန်သက်သွန်လမ်းရှိ အစိုးရ အတိုက်အခံ ဆန္ဒပြသူများ စုဝေးသည့် နေရာ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇန်နဝါရီ ၁၈ ရက် အင်တာနက် သတင်းတစ် ရပ်အရ သိရသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုသည် အကြမ်းဖက် လှုပ်ရှားမှု တစ်ခုဖြစ်ပြီး ဆန္ဒပြမှုများကို ဟန့်တားနိုင် မည် မဟုတ်ကြောင်း၊ ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်း လဲရေး ကော်မတီ(PDRC) ထောက်ခံ ဆန္ဒပြသူများ အနေဖြင့် သေရမည်ကို ကြောက်ရွံ့နေမည် မဟုတ်ကြောင်းနှင့် ဆန္ဒပြသူများ၏ လုံခြုံရေးကို ဆောင် ရွက်ပေးနိုင်ခြင်း မရှိသည့်အတွက် ယာယီအစိုးရအဖွဲ့အနေဖြင့် တာဝန်ယူ ဖြေရှင်း ဆောင် ရွက် ပေး သင့်ကြောင်း ဆူသက်သောင်ဆူဘန်က ပြောကြားခဲ့သည်။ ယာယီဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်က အဆိုပါ ဗုံးပေါက်ကွဲမှု၏ နောက်ကွယ်တွင် အစိုးရရှိသည် ဆိုသော PDRC ၏ စွပ်စွဲပြောကြား ချက်များကို ငြင်း ဆိုခဲ့ပြီး မည်သည့် အကြမ်းဖက်လှုပ်ရှားမှုမျိုးကိုမဆို မိမိအနေဖြင့် ထောက်ခံအားပေးမည် မဟုတ်ကြောင်းနှ င့် တရားခံကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြော င်း ပြောကြား ခဲ့သည်။

ဗန်ကောက်မြို့တော် ရဲတပ်ဖွဲ့ အနေဖြင့် PDRC ၏ မူလချီတက် ဆန္ဒပြမည့် လမ်းကြောင်းကို ရုတ် တရက် ပြောင်း လဲ ခဲ့မှုနှင့် ဗုံးပေါက်ကွဲ သည့် နေရာအနီးသို့ ဝင်ရောက်မည့် ရဲတပ်ဖွဲ့နှင့် သတင်းထောက် များကို ဆန္ဒပြသူ လုံခြုံရေး အစောင့်များက ပိတ်ဆို့ဟန့်တားခဲ့မှုတို့နှင့် ပတ်သက် ၍ သံသယဖြစ်မှုများ မြင့် တက် လာခဲ့ကြောင်း သိရသည်။

သို့ရာတွင် ဆူသက်သောင်ဆူဘန် ဦးဆောင်သော PDRC ထောက်ခံ ဆန္ဒပြသူများသည် ဆန္ဒပြမှုများ၌ ဗန်ကောက် မြို့သူမြို့သားများ ပါဝင်လာရေး စည်းရုံးလှုံ့ဆော်ရန် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် ပသွန်ဝမ် လမ်းဆုံမှ စတင်ကာ ဟွာချမ်တံတား၊ ရတ်ချာသဝီလမ်းဆုံ၊ ပတ်ချာဘူရီ လမ်းသစ်နှင့် ဘန်သက် သွန်လမ်းတို့သို့ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment