Thursday, January 16, 2014

ရေယာဉ်များကို စက်သုံးဆီ တိုက်ရိုက် ရောင်းချခွင့် လိုင်စင်များ လျှောက်ထားခွင့်ပြု

Photo: ရေယာဉ်များကို စက်သုံးဆီ တိုက်ရိုက် ရောင်းချခွင့် လိုင်စင်များ လျှောက်ထားခွင့်ပြု
Thursday, January 16, 2014

ပြည်တွင်းရှိ ရေယာဉ်များကို စက်သုံးဆီ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်များအား သက်ဆိုင်ရာ စွမ်းအင် ဝန်ကြီးဌာနများတွင် လျှောက်ထားနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရ သည်။ အဆိုပါ စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် စက်သုံးဆီများ လွတ်လပ်စွာ ဝယ်ယူသုံးစွဲနိုင်ရေး အတွက် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များကို ခွင့်ပြုမိန့်လိုင်စင်များ ထုတ်ပေး၍ ဖွင့်လှစ်ရောင်းချ ခွင့်ပြုလျက်ရှိကြောင်း၊ ယခု အခါတွင် ရေယာဉ်များကိုပါ ရောင်းချခွင့်လိုင်စင်များ ထုတ်ပေးလျက်ရှိပြီး လေယာဉ်ဆီများ လျှောက်ထားရန် ခွင့်ပြု ခဲ့သော်လည်း လျှောက်ထားသူ မရှိကြောင်း သိရသည်။ ''ပုဂ္ဂလိက စက်သုံးဆီ ကဏ္ဍတွေ တိုးတက်မှု ရှိလာဖို့ရယ်၊ နေရာဒေသမရွေး ဝယ်ယူနိုင်အောင်လို့ စီစဉ်ပေးနေတာပါ၊ လိုင်စင်တွေကိုတော့ စိစစ် လုပ်ဆောင်ပေးပါတယ်။ လတ်တလော စိစစ်နေဆဲ ဆိုင်တွေလည်းရှိပါတယ်။

ရေယာဉ်တွေ အတွက်လဲ လိုင်စင်တွေလျှောက် ထားနိုင်ပါပြီ''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ စက်သုံးဆီ လိုင်စင် ထုတ်ပေးရန် စိစစ်ဆောင်ရွက်ဆဲ အရောင်းဆိုင်များမှာ စုစုပေါင်း ဆိုင်အရေအတွက ၄၅၉ ဆိုင်ရှိကြောင်း၊ ၎င်းတို့မှာ နေပြည်တော်တွင် ၁၂ ဆိုင်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၅၂ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင်၅၆ ဆိုင်၊ ရှမ်းပြည်နယ်တွင် ၈၂ဆိုင်၊ ရခိုင်ပြည်နယ်တွင် ၂၂ ဆိုင်၊ မွန်ပြည်နယ်တွင် ၃၁ ဆိုင်၊ ချင်းပြည်နယ်တွင် တစ်ဆိုင်၊ ကရင်ပြည်နယ်တွင် လေးဆိုင်၊ ကယားပြည်နယ်တွင် သုံးဆိုင်၊ ကချင်ပြည်နယ်တွင် ၂၈ ဆိုင်၊ တနင်္သာရီတိုင်း ဒေ သကြီးတွင် ၁၂ ဆိုင်၊ မကွေးတိုင်းဒေသကြီးတွင် ၂၃ ဆိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၆ ဆိုင်၊ပဲခူးတိုင်း ဒေသ ကြီးတွင် ၄၈ ဆိုင်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင်၄၉ ဆိုင်တို့ရှိကြောင်း သိရသည်။လက်ရှိတွင် မြန်မာနိုင်ငံ၌ ခွင့်ပြုမိန့် လိုင်စင်ဖြင့် ဖြန့်ဖြူး ရောင်းချလျက် ရှိနေသည့် စက်သုံးဆီ အရောင်းဆိုင် ၁ဝ၈၅ ဆိုင်ရှိကြောင်း၊ ယင်းတို့ အနက် မန္တလေးတိုင်း ဒေသကြီးတွင် ဆိုင်အရေအတွက် ၂၇ဝဖြင့် အများဆုံးရှိ နေကြောင်းသိရသည်။

မြ၀တီ
ပြည်တွင်းရှိ ရေယာဉ်များကို စက်သုံးဆီ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်များအား သက်ဆိုင်ရာ စွမ်းအင် ဝန်ကြီးဌာနများတွင် လျှောက်ထားနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြ ချက် အရ သိရ သည်။
အဆိုပါ စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် စက်သုံးဆီများ လွတ်လပ်စွာ ဝယ်ယူသုံးစွဲနိုင်ရေး အတွက် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များကို ခွင့်ပြုမိန့်လိုင်စင်များ ထုတ်ပေး၍ ဖွင့်လှစ်ရောင်းချ ခွင့်ပြုလျက်ရှိကြောင်း၊ ယခု အခါတွင် ရေယာဉ်များကိုပါ ရောင်းချခွင့်လိုင်စင်များ ထုတ်ပေးလျက်ရှိပြီး လေယာဉ်ဆီများ လျှောက်ထားရန် ခွင့်ပြု ခဲ့သော်လည်း လျှောက်ထားသူ မရှိကြောင်း သိရသည်။ ''ပုဂ္ဂလိက စက်သုံးဆီ ကဏ္ဍတွေ တိုးတက်မှု ရှိလာဖို့ရယ်၊ နေရာဒေသမရွေး ဝယ်ယူနိုင်အောင်လို့ စီစဉ်ပေးနေတာပါ၊ လိုင်စင်တွေကိုတော့ စိစစ် လုပ်ဆောင်ပေးပါတယ်။ လတ်တလော စိစစ်နေဆဲ ဆိုင်တွေလည်းရှိပါတယ်။

ရေယာဉ်တွေ အတွက်လဲ လိုင်စင်တွေလျှောက် ထားနိုင်ပါပြီ''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ စက်သုံးဆီ လိုင်စင် ထုတ်ပေးရန် စိစစ်ဆောင်ရွက်ဆဲ အရောင်းဆိုင်များမှာ စုစုပေါင်း ဆိုင်အရေအတွက ၄၅၉ ဆိုင်ရှိကြောင်း၊ ၎င်းတို့မှာ နေပြည်တော်တွင် ၁၂ ဆိုင်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၅၂ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင်၅၆ ဆိုင်၊ ရှမ်းပြည်နယ်တွင် ၈၂ဆိုင်၊ ရခိုင်ပြည်နယ်တွင် ၂၂ ဆိုင်၊ မွန်ပြည်နယ်တွင် ၃၁ ဆိုင်၊ ချင်းပြည်နယ်တွင် တစ်ဆိုင်၊ ကရင်ပြည်နယ်တွင် လေးဆိုင်၊ ကယားပြည်နယ်တွင် သုံးဆိုင်၊ ကချင်ပြည်နယ်တွင် ၂၈ ဆိုင်၊ တနင်္သာရီတိုင်း ဒေ သကြီးတွင် ၁၂ ဆိုင်၊ မကွေးတိုင်းဒေသကြီးတွင် ၂၃ ဆိုင်၊ စစ်ကိုင်း တိုင်းဒေ သကြီး တွင် ၃၆ ဆိုင်၊ပဲခူးတိုင်း ဒေသ ကြီးတွင် ၄၈ ဆိုင်နှင့် ဧရာဝတီ တိုင်းဒေသကြီးတွင်၄၉ ဆိုင်တို့ရှိကြောင်း သိရသည်။လက်ရှိတွင် မြန်မာနိုင်ငံ၌ ခွင့်ပြုမိန့် လိုင် စင်ဖြင့် ဖြန့်ဖြူး ရောင်းချလျက် ရှိနေသည့် စက်သုံးဆီ အရောင်းဆိုင် ၁ဝ၈၅ ဆိုင်ရှိကြောင်း၊ ယင်းတို့ အနက် မန္တလေးတိုင်း ဒေသကြီးတွင် ဆိုင်အရေအတွက် ၂၇ဝဖြင့် အများဆုံးရှိ နေကြောင်းသိရသည်။

မြ၀တီ

No comments:

Post a Comment