Friday, January 10, 2014

ရန်ကုန်တွင် လေထုအရည်အသွေး တိုင်းတာနိုင်မည့်စက် တပ်ရန်စီစဉ်

မြန်မာနိုင်ငံ၏ လေထု အရည်အသွေးကို တိုင်းတာနိုင်ရန် ရန်ကုန်တွင် အဆိုပါစက်ကို အမေရိကန် အခြေစိုက် အမျိုးသားအာကာသနှင့် လေကြောင်းဦးစီးဌာန (NASA) ကတပ်ဆင်နိုင်ရန် စီစဉ်လျက် ရှိကြောင်း အဆိုပါစက်ကို တပ်ဆင်ပေးမည့် Cooperative Institute for Meteorological Satellite Studies (CIMSS) မှ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းမင်းဦးက ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် E-guard အဖွဲ့တို့ ပူးပေါင်း၍ ဇန်နဝါရီလ ၉ ရက်နေ့ ရန်ကုန်မြို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနတွင် ကျင်းပသည့် ပတ်ဝန်းကျင် ထိန်း သိမ်းရေး ဆိုင်ရာ ဆွေးနွေးပွဲအတွင်း ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါစက်မှာ ပြင်သစ်နိုင်ငံထုတ် AERONET အမည်ရှိ စက်ဖြစ်ပြီး NASA ဂြိုဟ်တုမှတစ်ဆင့် မြန်မာနိုင်ငံ ၏ လေထုအရည်အသွေးအခြေအနေကို မှတ်တမ်းတင်နိုင်မည် ဖြစ်ကြောင်း ယင်းမှတ်တမ်းမှ တစ် ဆင့် လေထုညစ်ညမ်းမှု သင့်မသင့်အခြေအနေကိုပါ လေ့လာနိုင်မည်ဖစ်ကြောင်း ဦးမင်းမင်းဦးက ဆိုသည်။

ရန်ကုန်မြို့တွင် အဆိုပါစက် တပ်ဆင်မည်ဆိုပါက လေထုညစ်ညမ်းမှု၊ ပတ်ဝန်းကျင် ညစ်ညမ်းနေမှု အခြေ အနေကို သိရှိနိုင်မည် ဖြစ်၍ သင့်တော်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက်ဌာနမှူး ဦးအောင်မြင့်မော်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment