Thursday, January 16, 2014

ဘင်္ဂါလီအရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်၍ အာဆီယံအစည်းအဝေးများတွင် ဆွေးနွေးရေး တောင်းဆိုလာလျှင်လည်း လက်ခံဆွေးနွေးသွားမည် မဟုတ်ဟုဆို

Photo: ဘင်္ဂါလီအရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်၍
အာဆီယံအစည်းအဝေးများတွင် ဆွေးနွေးရေး တောင်းဆိုလာလျှင်လည်း
လက်ခံဆွေးနွေးသွားမည် မဟုတ်ဟုဆို
Thursday, January 16, 2014

ဘင်္ဂါလီအရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်သဖြင့်
အခြားအာဆီယံနိုင်ငံများက
အာဆီယံအစည်းအဝေးများတွင် ဆေွးနွေးရေး တောင်းဆိုလာလျှင်လည်း
လက်ခံဆွေးနွေးသွားမည် မဟုတ်ဟု
ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဠ်ကယနေ့ ပြောသည်။
ဒါက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို ကျနော်တို့ အစိုးရရော ပြည်သူတွေက လက်မခံဘူးဆိုတာ
ရှင်းလင်းပြီးသားပါ ပြီးတော့ ဒီဘင်္ဂလီအရေးဟာ ကျနော်တို့ရဲ့ ပြည်တွင်းရေးပဲဆိုတော့
ကျန်တဲ့နိုင်ငံတွေက တောင်းဆိုလာရင်လည်း ကျနော်တို့ အာဆီယံဥက္ကဌ တာဝန်ယူချိန်မှာ
အာဆီယံအစည်းအဝေးတွေမှာ လက်ခံဆွေးနွေးသွားမှာ မဟုတ်ပါဘူး။
အကြံပေးတာဆိုရင်တော့ ကျနော်တို့နိုငိငံနဲ့ ကိုက်ညီတာကို လက်ခံသွားမှာပါဟု၎င်းကပြောသည်။
မြန်မာမှအာဆီယံဥက္ကဌတာဝန်စတင်ရယူချိန်တွင်
ပထမဆုံးအနေဖြင့်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏သီးသန့်နှင့်ဆက်စပ်အစည်းအဝေးများကို ဇန်န၀ါရီ၁၆ရက်
မှစတင်ကာ ပုဂံမြို့ ရွှေနန်းတော်ဟိုတယ်တွင် စတင်ကျင်းပသည်။
ဇန်န၀ါရီလ(၁၅)ရက်နေ့တွင် အစည်းအဝေးသို့တက်ရောက်လာမည့် အဆင့်မြင့် အရာရှိများနှင့် ညစာစားပွဲပြုလုပ်မည်ဖြစ်ကာ
ဇန်န၀ါရီလ (၁၆)ရက်နေ့နံနက်ပိုင်းမှ စတင်၍ အစည်းအဝေးအဖွင့်နှင့် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ အစည်းအဝေးတို့ကို စတင်ကျင်းပသည်။
ထို့ပြင်ဇန်န၀ါရီလ(၁၇)ရက်နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသီးသန့်အစည်း အဝေးကို ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါအာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးပွဲအစီစဉ်အချိန်ဇယားထုတ်ပြန်ချက်အရသိရသည်။ 

Popular Myanmar News Journal
ဘင်္ဂါလီအရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်သဖြင့် အခြား အာဆီယံနိုင်ငံ များက အာဆီယံအစည်းအဝေးများတွင် ဆေွးနွေးရေး တောင်းဆိုလာလျှင်လည်း လက်ခံဆွေးနွေးသွားမည် မဟုတ်ဟု ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဠ်ကယနေ့ ပြောသည်။
ဒါက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို ကျနော်တို့ အစိုးရရော ပြည်သူတွေက လက်မခံဘူး ဆိုတာ ရှင်းလင်းပြီး သား ပါ ပြီးတော့ ဒီဘင်္ဂလီအရေးဟာ ကျနော်တို့ရဲ့ ပြည်တွင်းရေးပဲဆိုတော့ ကျန်တဲ့နိုင်ငံတွေ က တောင်း ဆိုလာရင်လည်း ကျနော်တို့ အာဆီယံဥက္ကဌ တာဝန်ယူချိန်မှာ အာဆီယံအစည်းအဝေးတွေမှာ လက်ခံဆွေးနွေးသွားမှာ မဟုတ်ပါဘူး။

အကြံပေးတာဆိုရင်တော့ ကျနော်တို့နိုငိငံနဲ့ ကိုက်ညီတာကို လက်ခံသွားမှာပါဟု ၄င်းကပြော သည်။ မြန်မာမှ အာဆီယံဥက္ကဌတာဝန်စတင်ရယူချိန်တွင် ပထမဆုံးအနေဖြင့်ကျင်းပသည့် အာဆီ ယံနိုင်ငံခြားရေးဝန်ကြီးများ၏သီးသန့်နှင့်ဆက်စပ်အစည်းအဝေးများကို ဇန်န၀ါရီ၁၆ရက်မှစတင်ကာ ပုဂံမြို့ ရွှေနန်းတော် ဟိုတယ်တွင် စတင်ကျင်းပသည်။

ဇန်န၀ါရီလ(၁၅)ရက်နေ့တွင် အစည်းအဝေးသို့တက်ရောက်လာမည့် အဆင့်မြင့် အရာရှိ များနှင့် ည စာ စားပွဲပြုလုပ်မည်ဖြစ်ကာ ဇန်န၀ါရီလ (၁၆)ရက်နေ့နံနက်ပိုင်းမှ စတင်၍ အစည်းအဝေး အဖွင့်နှင့် အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ အစည်းအဝေး တို့ကို စတင်ကျင်းပသည်။

ထို့ပြင်ဇန်န၀ါရီလ(၁၇)ရက်နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသီးသန့်အစည်း အဝေး ကို ပြုလုပ် မည်ဖြစ်ကြောင်း အဆိုပါအာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးပွဲ အစီစဉ်အချိန်ဇယား ထုတ်ပြန်ချက် အရ သိရသည်။ 

Popular Myanmar News Journal

No comments:

Post a Comment