Monday, January 6, 2014

ဥပဒေများ ပြည်သူကတစ်ဆင့် ပြဋ္ဌာန်းရန်လိုဟု ၈၈ အဖွဲ့ဆို

နိုင်ငံနှင့်လူမျိုးအတွက် ဥပဒေများပြဋ္ဌာန်းရာတွင် ပြည်သူ့အတွက် အာမခံချက်ပေးနိုင်ရန်သာမက အဆိုပါ ဥပဒေပြဋ္ဌာန်းချက်များသည် ပြည်သူလူထုကိုယ်တိုင် ပြဋ္ဌာန်းခွင့်ရရန်လိုပြီး ပြည်သူကို ပိတ်ပင် တားဆီး ရာရောက်နေသည့် ဥပဒေများသည်လည်း မလိုအပ်တော့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ထောက်ပြ ပြောဆိုလိုက်သည်။

၈၈ ကျောင်းသားများ ဦးဆောင်ကာ ဇန်န၀ါရီ ၅ ရက်တွင် ရန်ကုန်မြို့လယ်ရှိ ဧမာနွေလ ဘုရားကျောင်း ရှေ့၌ ပြုလုပ်သော ပြည်သူလူထုအပေါ် နိုင်ငံရေးအရ တစ်ဖက်သတ် ချုပ်ချယ်သည့် ဥပဒေများ၊ ကန့် သတ်မှုများနှင့် အရေးယူမှုများအား ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် ၎င်းက ပြောဆို လိုက်ခြင်းဖြစ် သည်။

“ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့လူမျိုးအတွက် ဥပဒေဆိုတာ ပြည်သူတွေကတစ်ဆင့်သာ ပြဋ္ဌာန်းတဲ့ ဥပဒေတွေဖြစ်အောင် ကျွန်တော်တို့ ကြိုးစားရမယ်။ အာမခံချက်ပေးတဲ့ ဥပဒေတွေပဲ ပြဋ္ဌာန်းရမယ်”ဟု ဦးကိုကိုကြီးက ဆိုသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်ကလည်း ပြည်သူလူထု၏ နစ်နာဆုံး ရှုံးမှုများကို အစိုးရအနေဖြင့် ဖြေရှင်းပေးရန်လိုပြီး ပြည်သူ၏ တောင်းဆိုမှုများအပေါ် လျစ်လျူရှုမည်ဆိုပါ က တာဝန်ရှိသူများအတွက် မျက်မမြင်၊ နားမကြားကျောင်းသာ ဆောက်ပေးသင့်သည်ဟု ပြောသည်။

“နိုင်ငံတကာက ကြားနေပါလျက်နဲ့ တာဝန်ရှိတဲ့ပုဂ်္ဂိုလ်တွေက မမြင်ဘူး၊ မကြားဘူးဆိုရင်တော့ သူတို့အ တွက် မျက်မမြင်၊ နားမကြားကျောင်းတွေ ဆောက်ပေးဖို့ပဲ ကျန်ပါတော့တယ်။”ဟု ၎င်းက ဆိုသည်။

ပြည်သူလူထု၏ဆုံးရှုံးမှုများကို အစိုးရတာဝန်ရှိသူများက မကြောက်မရွံ့ဖြေရှင်းပေးရန် လိုသည်ဟုလည်း ဦးမင်းကိုနိုင်က မှတ်ချက်ပေးသည်။ “ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်တဲ့အတွက် ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ဖော် ထုတ်မယ်၊ ပြသမယ်။ တာဝန်ရှိသူတွေက ရဲရဲတင်းတင်းကြည့်ပါ။ ရဲရဲတင်းတင်း ဖြေရှင်းပေးပါ”ဟု ၎င်းက ဆိုသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် ပြည်သူလူထု ၂,၀၀၀ ကျော် တက်ရောက်ပြီး ကြွေးကြော်သံများအနေဖြင့် “နိုင်ငံ သားအခွင့်အရေး... အပြည့်အ၀ပေး”၊ နိုင်ငံရေးအရ ဖမ်းဆီးမှု...ချက်ချင်းရပ်”၊ "Freedom"ဟူ၍ သံပြိုင် ကြွေးကြော် ခဲ့ကြသည်။

ယင်းအပြင် ဆန္ဒထုတ်ဖော်သူများက နိုင်ငံရေးအရ တစ်ဖက်သတ် ချုပ်ချယ်သော ဥပဒေများပြင်ဆင်ရန် နှင့် ဖျက်သိမ်းသင့်သည်များကို ဖျက်သိမ်းပေးရန် ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။
ထိုပွဲသို့တက်ရောက်လာသည့် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က“ကျွန်တော် ဒီကိုတက် ရောက် လာခြင်း ဟာ ကျွန်တော်လည်း ဆန္ဒ၀င်ပြခြင်း၊ ကျွန်တော် ပူးပေါင်းပါဝင်ခြင်း၊ ရှစ်လေးလုံးရဲဘော် တွေ အားလုံးရဲ့ ဦးဆောင်မှုကို ကျွန်တော်တို့ လက်ခံခြင်းဆိုတဲ့ အချက် ဖြစ် ပါတယ်”ဟု ပြောသည်။

ယခုကဲ့သို့ ၈၈ ကျောင်းသားများ လမ်းပေါ်တက် ဆန္ဒပြခြင်းမှာ ယခုအစိုးရလက်ထက် လွတ်ငြိမ်းချမ်းသာ ခွင့်ရပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုပွဲသို့ ၂၀၁၂ ခုနှစ်အတွင်းက လက်ပံတောင်းတောင် အ ကြမ်းဖက်ဖြိုခွင်းမှုတွင် မီးလောင်ကျွမ်းမှုကြောင့် တစ်ကိုယ်လုံး အရေပြားအစားထိုးခဲ့ရသည့် ဆရာတော် ဦးတိက္ခဉဏလည်း တက်ရောက်သည်။

Mizzima - News in Burmese

No comments:

Post a Comment