Friday, January 10, 2014

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြား

Photo: ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြား
Friday, January 10, 2014

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဇန်န၀ါရီ ၉ ရက်တွင် ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် မြောင်းမြခရိုင်၊ လပွတ္တာခရိုင်တွင်းရှိ ပြည်သူများ၊ မြို့မိမြို့ဖများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ မြောင်းမြမြို့ နောင်ရိုးအားကစားခန်းမ၌ ဇန်န၀ါရီ ၉ ရက် နံနက် ၉ နာရီ၌ တွေ့ဆုံဆွေးနွေးရာတွင် ၎င်းကထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းက လွှတ်တော်တွင်း ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေပုံများနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ယခင်အစိုးရ လက်ထက်က ထောက်ခံခဲ့သည်မှာ ဖွဲ့စည်းပုံတွင် ပါတီစုံ ဒီမိုကရေစီစနစ် အကောင်ထည်ဖော်ရေး လမ်းညွှန်နှင့် ဈေးကွက်စီးပွားရေးစနစ် အကောင်ထည်ဖော်မည့် အကြောင်းများ ထည့်သွင်းရေးဆွဲ ထားသောကြောင့် နိုင်ငံအကျိုး မျှော်မှန်းကာ ထောက်ခံခဲ့ကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲစ နိုင်ငံတစ်ခုတွင် လိုအပ်သော ဥပဒေများကို ပြုပြင်ပြောင်းလဲ သွားရမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူကြိုက်ကြိုက် မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည်ဖြစ်ပြီး ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဥပဒေများကိုမူ ကာကွယ်စောင့်ရှောက် ရမည်ဖြစ်ကြောင်း၊ ထည့်သွင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသော မြောင်းမြ၊ အိမ်မဲ၊ ၀ါးခယ်မ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းမြို့များမှ မြို့နယ်ထောက်ကူပြု ကော်မတီဝင်များက မြို့နယ်များအလိုက် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

တွေ့ဆုံပွဲ အစီအစဉ် အပိုင်းနှစ်အရ သူရဦးရွှေမန်းက ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် သီးသန့်တံခါးပိတ် ဆွေးနွေးခဲ့ပြီး မီဒီယာများကို ၀င်ရောက်သတင်းရယူခွင့် ပိတ်ပင်ခဲ့သော်လည်း ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ်နှင့် အခြားတာဝန်ရှိသူများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ မြို့နယ်အထောက်ကူပြု ကော်မတီဝင်များ၊ ခရိုင်မြို့နယ် အသီးသီးမှ အုပ်ချုပ်ရေးမှူးများကို တက်ရောက်ခွင့် ပြုခဲ့ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် သီးသန့်တံခါးပိတ် ဆွေးနွေးမှုနှင့် ပတ်သက်ပြီး မြောင်းမြမြို့နယ် ဒေသခံတစ်ဦးက “ပါတီဝင်တွေပဲ တွေ့ဆုံပွဲမို့လို့ တံခါးပိတ်ဆွေးနွေးပြီး မီဒီယာတွေကို အ၀င်မခံတာ လက်ခံပါတယ်။ ဒါပေမဲ့ မြို့နယ်ခရိုင် အုပ်ချုပ်ရေးမှူးတွေကလည်း ပါတီဝင်တွေပဲလား၊ သူတို့ကို ဘာလို့ ၀င်ခွင့်ပြုတာလဲ၊ ဥပဒေအရ ၀န်ထမ်းတွေက ပါတီဝင် မဟုတ်ရဘူးလို့ ဆိုထားပြီး ဘာလို့ပါတီဝင်တွေပဲ သီးသန့်ဆွေးနွေးတာမှာ ပါရတာလဲ၊ ပြီးတော့ နောင်ရိုးခန်းမဆိုတာ ပါတီတစ်ခုခုအတွက် အသုံးမပြုရလို့ သတ်မှတ်ထားတာလေ၊ ဘာကြောင့် အသုံးပြုခွင့်ရလဲ ဆိုတာကို နားမလည်ဘူး။ ဒီလိုမျိုး ပြုလုပ်နေမှုတွေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ဘယ်လိုယုံကြည်ရမလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်” ဟု ဆိုသည်။

Eleven Media Group

ဇန်န၀ါရီ ၉ ရက်က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း မြောင်းမြခရိုင်/လပွတ္တာခရိုင်မှ ဒေသခံများနှင့် တွေ့ဆုံစဉ်
ဇန်န၀ါရီ ၉ ရက်က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း မြောင်းမြခရိုင်/လပွတ္တာခရိုင်မှ ဒေသခံများနှင့် တွေ့ဆုံစဉ်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဇန်န၀ါရီ ၉ ရက်တွင် ပြောကြားသည်။
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် မြောင်းမြခရိုင်၊ လပွတ္တာခရိုင်တွင်းရှိ ပြည်သူများ၊ မြို့မိမြို့ဖများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ မြောင်းမြမြို့ နောင်ရိုးအားကစားခန်းမ၌ ဇန်န၀ါရီ ၉ ရက် နံနက် ၉ နာရီ၌ တွေ့ဆုံဆွေးနွေးရာတွင် ၎င်းကထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းက လွှတ်တော်တွင်း ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေပုံများနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ယခင်အစိုးရ လက်ထက်က ထောက်ခံခဲ့သည်မှာ ဖွဲ့စည်းပုံတွင် ပါတီစုံ ဒီမိုကရေစီစနစ် အကောင်ထည်ဖော်ရေး လမ်းညွှန်နှင့် ဈေးကွက်စီးပွားရေးစနစ် အကောင်ထည်ဖော်မည့် အကြောင်းများ ထည့်သွင်းရေးဆွဲ ထားသောကြောင့် နိုင်ငံအကျိုး မျှော်မှန်းကာ ထောက်ခံခဲ့ကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲစ နိုင်ငံတစ်ခုတွင် လိုအပ်သော ဥပဒေများကို ပြုပြင်ပြောင်းလဲ သွားရမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ် ထွန်းစေသော ဥပဒေများကို မည်သူကြိုက်ကြိုက် မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည်ဖြစ်ပြီး ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဥပဒေများကိုမူ ကာကွယ်စောင့်ရှောက် ရမည်ဖြစ်ကြောင်း၊ ထည့်သွင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက် လာသော မြောင်းမြ၊ အိမ်မဲ၊ ၀ါးခယ်မ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းမြို့များမှ မြို့နယ်ထောက်ကူပြု ကော်မတီဝင်များက မြို့နယ်များအလိုက် လိုအပ်ချက်များ ကို တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

တွေ့ဆုံပွဲ အစီအစဉ် အပိုင်းနှစ်အရ သူရဦးရွှေမန်းက ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် သီးသန့်တံခါးပိတ် ဆွေးနွေးခဲ့ပြီး မီဒီယာများကို ၀င်ရောက်သတင်းရယူခွင့် ပိတ်ပင်ခဲ့သော်လည်း ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ်နှင့် အခြားတာဝန်ရှိသူများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ မြို့နယ်အထောက်ကူပြု ကော်မတီဝင်များ၊ ခရိုင်မြို့နယ် အသီးသီးမှ အုပ်ချုပ်ရေးမှူးများကို တက်ရောက်ခွင့် ပြုခဲ့ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် သီးသန့်တံခါးပိတ် ဆွေးနွေးမှုနှင့် ပတ်သက်ပြီး မြောင်းမြမြို့နယ် ဒေသခံတစ်ဦးက “ပါတီဝင်တွေပဲ တွေ့ဆုံပွဲမို့လို့ တံခါးပိတ်ဆွေးနွေးပြီး မီဒီယာတွေကို အ၀င်မခံတာ လက်ခံပါတယ်။ ဒါပေမဲ့ မြို့နယ်ခရိုင် အုပ်ချုပ်ရေးမှူးတွေကလည်း ပါတီဝင်တွေပဲလား၊ သူတို့ကို ဘာလို့ ၀င်ခွင့်ပြုတာလဲ၊ ဥပဒေအရ ၀န်ထမ်းတွေက ပါတီဝင် မဟုတ်ရဘူးလို့ ဆိုထားပြီး ဘာလို့ပါတီဝင်တွေပဲ သီးသန့်ဆွေးနွေးတာမှာ ပါရတာလဲ၊ ပြီးတော့ နောင်ရိုးခန်းမဆိုတာ ပါတီတစ်ခုခုအတွက် အသုံးမပြုရလို့ သတ်မှတ်ထားတာလေ၊ ဘာကြောင့် အသုံးပြုခွင့်ရလဲ ဆိုတာကို နားမလည်ဘူး။ ဒီလိုမျိုး ပြုလုပ်နေမှုတွေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ဘယ်လိုယုံကြည်ရမလဲ ဆိုတာ မေးခွန်းထုတ် စရာ ဖြစ်လာတယ်” ဟု ဆိုသည်။

Eleven Media Group

No comments:

Post a Comment