Friday, January 10, 2014

တရုတ်-မြန်မာဓာတ်ငွေ့ပိုက်လိုင်း၏ ဒေသဖွံ့ ဖြိုးရေးလျှပ်စစ်မီးလင်း

တရုတ်-မြန်မာပိုက်လိုင်းစီမံ ကိန်း၏ဒေသဖွံ့ဖြိုးရေးအစီအစဉ် အရ နွားထိုးကြီးမြို့နယ်ထနောင်း ပင်လဲကျေးရွာ ကို (၂၄)နာရီ လျှပ်စစ်မီးလင်းရန် (၁၁) ကေဗွီဓာတ် အားလိုင်း (၂)မိုင် ကိုအောင်ကောင်း ကျော် ကုမ္ပဏီကဆွဲနေရာ ယခုအခါ ရွာအရောက်လျှပ်စစ်လိုင်းကြိုးဆွဲ နိုင်ပြီဟု ကျေးရွာ အုပ်ချုပ်ရေးမှူး က ပြောသည်။
(၃၁၅) ဓာတ်အား လှောင် အိုးတပ်ပြီး ကျေးရွာတွင်းလမ်းများ ကိုပါ ယင်းစီမံကိန်းက မီးလင်း ပေးမည်ဆို သည်။ ကျေးရွာအိမ် များသာကိုယ်ထူကိုယ်ထဖြင့် မီး လင်းယူကြရမည် ဖြစ်သည်။

တရုတ်ဓာတ်ငွေ့နှင့်ရေနံပိုက် လိုင်းမှာ ထနောင်းပင်လဲကန်သုံး ရေကန်ကြီးကိုဖြတ်သန်းဖောက် လုပ်ခံခဲ့ ရ၍ ကျေးရွာ၏နစ်နာမှုကို ယင်းစီမံကိန်းက နွားထိုးကြီးမြို့နယ် တွင် ပထမဦးဆုံးဒေသဖွံ့ဖြိုးရေး ကို ဆောင် ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထနောင်းပင်လဲ ကျေးရွာမှာ နွားထိုးကြီးမြို့တောင်ဘက် (၂) မိုင်ကွာ အိမ်ခြေ ၃၀၀ ကျော်ရှိ သော အညာကျေးရွာဖြစ်ပြီး ပိုက် လိုင်းဖြတ်သန်းခံရသော ရွာ(၁၄) ရွာအနက်မှ တစ်ရွာဖြစ်သည်။

Hot News Journal

No comments:

Post a Comment