တယ်လီနော မြန်မာအား ၃၀.၁.၂၀၁၄ ရက်နေ့တွင် ဆက်သွယ်ရေးလိုင်စင် တရားဝင် ပေးအပ်လိုက်ပြီ ဖြစ်ပါသည်။ ဓါတ်ပုံ - Telenor Myanmar
|
မြန်မာ အစိုးရက ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးနဲ့ မိုဘိုင်း လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို ပြည်ပ ကုမ္ပဏီ ၂ ခုကို တရားဝင် ထုတ်ပေး လိုက်ပါတယ်။
အစိုးရဘက်က တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေ အပြီး သတ် ရေး ဆွဲနေ ရတဲ့ အတွက် တရားဝင်ချပေးဖို့ နှောင့်နှေး ကြန့်ကြာခဲ့အပြီး ကာတာနိုင်ငံက အူရီဒူးကုမ္ပဏီနဲ့ နော်ဝေ နိုင်ငံအခြေစိုက် တယ်လီနောကုမ္ပဏီတို့ကို ဒီကနေ့ပဲ လိုင်စင် ထုတ်ပေး လိုက်တာပါ။
လိုင်စင်တွေက ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စတင် အကျိုးသက်ရောက်မှာ ဖြစ်ပြီး ကုမ္ပဏီ နှစ်ခုကလည်း လာမယ့် ၆ လနဲ့ ၈ လ အတွင်း ဖုန်းကတ်တွေ စတင် ရောင်းချမှာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
No comments:
Post a Comment