Friday, January 24, 2014

စာချုပ်ဖျက်သိမ်းခံရသည့် ဧရာဝတီ ကစားသမားများ လျော်ကြေးမရဟုဆို

၂၀၁၃ မြန်မာနေရှင်နယ်လိဂ်တွင် ဧရာဝတီယူနိုက်တက်အသင်း၌ ပါဝင်ကစားခဲ့ပြီး ၂၀၁၄ ရာသီမစတင် မီတွင် စာချုပ်ဖျက်သိမ်းခံခဲ့ရသည့် ဧရာဝတီယူနိုက်တက်ကစားသမားများကို အသင်းမှသုံးလစာ လျော်ေ ကြးေ ငွပေး မည် ဟု ဆိုခဲ့သော်လည်း ယခုအချိန်ထိ ရရှိခြင်း မရှိသေးကြောင်း စာချုပ်ဖျက်သိမ်းခံ ရသည့် ကစားသမားလေးဦးတွင် တစ်ဦးအပါအ၀င် ဖြစ်သည့် တောင်ပံကစားသမား ညီညီမင်းက ပြော သည်။
ဧရာဝတီယူနိုက်တက်အသင်းသည် နောက်ခံလူထူးကျော်၊ ဂိုးသမားပြည့်ဖြိုးဦး၊ ကွင်းလယ် ကစားသမား များဖြစ် သည့် မျိုးဇော်ဦးနှင့် ညီညီမင်းတို့လေးဦးကို စာချုပ်သက်တမ်းအသီးသီး ကျန်ရှိနေသော်လည်း ရာသီသစ်မစမီတွင် စာချုပ်ဖျက်သိမ်းခဲ့ ခြင်းလည်း ဖြစ်သည်။

အသင်းမှ ရရန်ရှိသည့် လျော်ကြေးငွေကိစ္စနှင့်ပတ်သက်၍ ညီညီမင်းက “ကျွန်တော့်ကို အသင်းက ငါးနှစ် စာချုပ်ထားတာပါ။ ပြီးခဲ့တဲ့တစ်နှစ်ပဲ ကစားခဲ့ရပြီး စာချုပ်အဖျက်ခံခဲ့ ရပါတယ်။ ကျွန်တော်မှာ စာချုပ် သက်တမ်းလေးနှစ် ကျန်နေပါသေးတယ်။ ကျွန်တော်တို့ သိထားတာက စာချုပ်အဖျက် ခံရရင် လျော် ကြေးပေးရမှာပါ။ လျော်ကြေးပေးမယ်လို့ ချိန်းထား တဲ့နေ့ ကျွန်တော်တို့တွေ အသင်းကို သွားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က တခြားအသင်းမှာ ကစားနေပြီ။ အဲဒါကြောင့် ကျွန်တော်တို့ ကို လျော်ကြေး မပေးဘဲ အသင်းသစ်မရသေးတဲ့ ကိုထူးကျော်တစ်ယောက်ကိုပဲပေးနိုင်မယ်လို့ အသင်း က ပြော ပါတယ်” ဟု ပြောသည်။

ဧရာဝတီယူနိုက်တက်မှ စာချုပ်ဖျက်သိမ်းလိုက်သည့် ကစားသမားလေးဦးတွင် မျိုးဇော်ဦး၊ ပြည့်ဖြိုးဦးနှင့် ထူးကျော်တို့ သုံးဦးမှာ စာချုပ်သက်တမ်းတစ်နှစ်စီကျန်ရှိနေပြီး ညီညီမင်းမှာ စာချုပ်လေးနှစ်အထိ ကျန် ရှိ နေ သူဖြစ်သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ဧရာဝတီယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးနီပေါအား ဆက်သွယ်မေးရန်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

Mizzima - News in Burmese

No comments:

Post a Comment