Tuesday, January 14, 2014

KIA ဌာနချုပ် ဒုက္ခသည်စခန်းများသို့ ကုလအကူအညီများ ထပ်မံရောက်ရှိ

(ဇန်န၀ါရီ ၁၃ တွင် လိုင်ဇာအနီး ဂျေယန့်ဒုက္ခသည်စခန်းသို့ ရောက်လာတဲ့ ကုလသမဂ္ဂ အကူညီပေး ယာဉ်တစ်စီး။)
ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ ကူညီထောက်ပံ့မှုများ လိုင်ဇာ အနီးရှိ ကချင် ဒုက္ခသည် စခန်းများသို့ ရောက်ရှိလာသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဗဟိုဌာနချုပ် နယ်မြေအတွင်းရှိ ဒုက္ခသည် စခန်းလေး ခု သို့ ဆား၊ ပဲအမျိုးမျိုးနှင့် အဟာရမှုန့်များကို ယနေ့ ဇန္န၀ါရီ ၁၃ ရက် တနင်္လာနေ့တွင် ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့များက လာရောက်ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒုက္ခသည် စခန်း တာဝန်ခံများက ပြောသည်။

အဆိုပါကုလသမဂ္ဂ (UN) အကူအညီပေးရေးအဖွဲ့သည် ယမန်နေ့ညတွင် လိုင်ဇာသို့ ရောက် ရှိပြီး ယနေ့ နံနက် ၈ နာရီခွဲချိန် ကုလသမဂ္ဂ (UN) ယာဉ်တန်း ၇ စင်းဖြင့် ဂျေယန့်ဒုက္ခသည်စခန်း သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဂျေယန့် ဒုက္ခသည်ကော်မတီ အတွင်းရေးမှူး ဆလန်လဘန်နော်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

“ပစ္စည်းတွေကိုတော့ သန်ဘက်ခါမှ ဝေမယ် ပစ္စည်းတင်တဲ့ ကားကြီး ၃ စီး ဟုတ်တယ်။ မနက်ကအဖွဲ့အစည်း တွေစီး တဲ့ကား ၄ စင်းနဲ့ လာကူညီတယ် လိုင်ဇာမှာအနီးမှာရှိတဲ့စခန်း ၄ ခုမှာ ရောက်တယ် ကျနော်တို့ ဒုက္ခသည်စခန်းတွေကို ဆက်လက် ကူညီမှုတွေ ပေးမယ် လို့ပြောလို့ စိတ်ချမ်းသာတယ် ကျနော်တို့ အရမ်းပျော်ပါတယ်”

ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ အကူအညီတွင် အဓိက ရိက္ခာဖြစ်သည့် ဆန် မပါဝင်သော် လည်း ဒုက္ခသည်များ အတွက် လိုအပ်သော ဆန်၊ ဆီနှင့် တလလျှင်ဟင်းဖိုး ၆၀၀၀ ကို ဗန်းမော် ရှိ ‘ဂရုဏာ’ ရိုမင်ကက် သလစ် လူမှုရေးအကူညီပေးအဖွဲ့မှ မတ်လအထိ ကူညီ မည်ဖြစ်ကြောင်းသိရသည်။

ယခုအခါ စခန်းများတွင် ထင်းနှင့် သောက်ရေ၊ သုံးရေများခက်ခဲမှုကြောင့် အိမ်သာအချို့ ပိတ်ထားရခြင်း ပြည့်သွားသည့် အိမ်သာများနှင့် ခက်ခဲမှုများဆိုင်ရင်နေရကြောင်း သိရသည်။

ပျက်ဆီးလာသော ဒုက္ခသည်စခန်းနေအိမ်များကို ဒုက္ခသည် ကော်မတီမှ ၁၁၇ အိမ် အိမ်ထောင် စု ၇၀၀ အတွက်ဆောက်လုပ်ပေးသော်လည်း အိမ်ထောင်စု ၈၀၀ အတွက်နေ အိမ်များ ခက်ခဲနေကြောင်းသိရသည်။

ဖေဖော်ဝါရီလတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှ ဒုက္ခသည် နေအိမ်များကို ပြန်လည်တည်ဆောက် ပေးမည်ဖြစ်ပြီး လိုင်ဇာ ဈေးအမှတ် (၃) ဒုက္ခသည်များ အိမ်ခြေ ၁၂၀ ကို ဂျေယန့်စခန်းသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး UNDP အဖွဲ့မှလည်း ထင်းသက်သာသည့် မြေကြီးဖြင့်ပြုလုပ်ထားသော မီးဖို ကိုလည်း ၂ ရက် ၃ ရက်အကြာတွင် ဂျေယန့် ဒုက္ခသည်စခန်းသို့ ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

လိုင်ဇာဗဟိုဌာနချုပ်အတွင်းရှိ ဒုက္ခသည်စခန်း ၄ ခုတွင် ဂျေယန့် (Je Yang) ဒုက္ခသည် စခန်းတွင် ဒုက္ခသည်ပေါင်း ၈၂၇၂ ရှိပြီး လူဦးရေ အများဆုံး စခန်းဖြစ်သည်။

၂၀၁၁ ခုနှစ် ဇွန်လ တိုက်ပွဲများ ဖြစ်ပွားချိန်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာန ချုပ် နယ်မြေအတွင်းရှိ ဒုက္ခသည် စခန်းများသို့ ကုလသမဂ္ဂ ကူညီထောက်ပံ့မှုများ တတိယ အကြိမ် ရောက်ရှိခြင်း ဖြစ်သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာခဲ့ရပြီး ဒုက္ခ သည် များ အဖြစ် ရောက်ရှိနေသူပေါင်း ၇ သောင်းကျော် ရှိကြောင်း ကယ်ဆယ်ရေး အဖွဲ့များ က ပြောသည်။

KNG

No comments:

Post a Comment