Monday, February 17, 2014

ရန်ကုန်တိုင်းအတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ငါးကြိမ်မြောက် ဆန္ဒပြမှုအဖြစ် သန်လျင်မြို့နယ်၌ ဒေသခံ ၃၀၀ ကျော်မှ ဆန္ဒပြ

Photo: ရန်ကုန်တိုင်းအတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ငါးကြိမ်မြောက် ဆန္ဒပြမှုအဖြစ် သန်လျင်မြို့နယ်၌ ဒေသခံ ၃၀၀ ကျော်မှ ဆန္ဒပြ
Monday, February 17, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ-၅၉(စ)၊ ပုဒ်မ -၅၉(ဃ) ပြင်ဆင်ရေးဆွဲရေးအတွက် ရန်ကုန်တိုင်းသေကြီးတွင် ငါးကြိမ်မြောက် ဆန္ဒပြမှုကို သန်လျင်မြို့နယ်၌ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒပြမှုကို သန်လျင်မြို့နယ်နေ ပြည်သူများနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၃၀၀ ၀န်းကျင်တို့မှ တရားဝင်ခွင့်ပြုချက်ဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံးပြင်ဆင်ပေးရေး”၊ နိုင်ငံသားတိုင်း သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားသော “ပုဒ်မ-၅၉(စ)(ဃ)” အလိုမရှိ၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံးလုပ်ဆောင်ပေး စသည့်စာသားများ ရေးဆွဲထားသော ဆိုင်းဘုတ်များကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

“ပြည်သူတွေရဲ့ဆန္ဒအစစ်အမှန်တွေ မပါပဲ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့အတွက် လူထုဆန္ဒပြ တောင်းဆိုမှုကို တရားဝင်ခွင့်ပြုချက်နဲ့လုပ်တယ်။ ဒါ့ပြင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အတူ ဖြစ်ပေါ်လာတဲ့ မတရားတဲ့ ပုဒ်မတွေကိုလည်း အစိုးရအနေနဲ့သော် လည်းကောင်း၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းအနေနဲ့သော် လည်းကောင်း ပယ်ဖျက်ပေးဖို့ တာဝန်ရှိပါတယ်။ ပြည်သူရွေးချယ်တင်မြောက်ထားတဲ့ အစိုးရဆိုရင် ပြည်သူတွေရဲ့ဆန္ဒ၊ ပြည်သူတွေပေးတဲ့ တာဝန်ကို လုပ်ဆောင်ရမှာပါ” ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူဖြစ်သည့် ကိုညီညီဦးက ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။    

ယင်းကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ-၅၉(စ)၊ပုဒ်မ-၅၉(ဃ) ပြင်ဆင်ရေးဆွဲပေးရေးအတွက် အစိုးရသို့ ဆန္ဒပြတောင်းဆိုမှုကို ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တံတားမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် အလုံမြို့နယ်တို့တွင်လည်း သက်ဆိုင်ရာဒေသခံများက ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလတို့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။  

Eleven Media Group

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုသူများကို တွေ့ရစဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုသူများကို တွေ့ရစဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ-၅၉(စ)၊ ပုဒ်မ -၅၉(ဃ) ပြင်ဆင်ရေးဆွဲရေးအတွက် ရန်ကုန်တိုင်းသေကြီးတွင် ငါးကြိမ်မြောက် ဆန္ဒပြမှုကို သန်လျင်မြို့နယ်၌ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့သည်။


အဆိုပါ ဆန္ဒပြမှုကို သန်လျင်မြို့နယ်နေ ပြည်သူများနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၃၀၀ ၀န်းကျင်တို့မှ တရားဝင်ခွင့်ပြုချက်ဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံးပြင်ဆင်ပေးရေး”၊ နိုင်ငံသားတိုင်း သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားသော “ပုဒ်မ-၅၉(စ)(ဃ)” အလိုမရှိ၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံးလုပ်ဆောင်ပေး စသည့်စာသားများ ရေးဆွဲထားသော ဆိုင်းဘုတ်များကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

“ပြည်သူတွေရဲ့ဆန္ဒအစစ်အမှန်တွေ မပါပဲ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက် သိမ်းပေးဖို့ အတွက် လူထုဆန္ဒပြ တောင်းဆိုမှုကို တရားဝင်ခွင့်ပြုချက်နဲ့လုပ်တယ်။ ဒါ့ပြင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အတူ ဖြစ်ပေါ်လာတဲ့ မတရားတဲ့ ပုဒ်မတွေကိုလည်း အစိုးရအနေနဲ့သော် လည်းကောင်း၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းအနေနဲ့သော် လည်းကောင်း ပယ်ဖျက်ပေးဖို့ တာဝန်ရှိ ပါတယ်။ ပြည်သူရွေးချယ်တင်မြောက်ထားတဲ့ အစိုးရဆိုရင် ပြည်သူတွေရဲ့ဆန္ဒ၊ ပြည်သူတွေပေး တဲ့ တာဝန်ကို လုပ်ဆောင်ရမှာပါ” ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူဖြစ်သည့် ကိုညီညီဦးက ဖေဖော် ၀ါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။    

ယင်းကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ-၅၉(စ)၊ပုဒ်မ-၅၉(ဃ) ပြင်ဆင်ရေး ဆွဲပေးရေး အတွက် အစိုးရသို့ ဆန္ဒပြတောင်းဆိုမှုကို ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တံတားမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် အလုံမြို့နယ်တို့တွင်လည်း သက်ဆိုင်ရာဒေသခံများက ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလတို့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။  

Eleven Media Group

No comments:

Post a Comment