Wednesday, February 19, 2014

တရုတ်နိုင်ငံသားတစ်ဦး မိမိကိုယ်ကိုယ် ကျားစာကျွေးရန်အားထုတ်

Photo: တရုတ်နိုင်ငံသားတစ်ဦး မိမိကိုယ်ကိုယ် ကျားစာကျွေးရန်အားထုတ်
Wednesday, February 19, 2014

Chendu Business နေ့စဉ်သတင်းစာက အသက်(၂၇)နှစ်ရှိ ယန်ဂျင်ဟိုင်၏ မိမိကိုယ်ကိုယ် စတေးမှု အစီအစဉ်သည် အထမမြောက်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။

တရုတ်နိုင်ငံမှ လူတစ်ဦးသည် အလွန်အကျွံ စိတ်ဖိစီးမှု များပြားလာသည့်နောက် မိမိကိုယ်ကိုယ် ကျားစာကျွေးရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ Chendu Business နေ့စဉ်သတင်းစာက အသက်(၂၇)နှစ်ရှိ ယန်ဂျင်ဟိုင်၏ မိမိကိုယ်ကိုယ် စတေးမှု အစီအစဉ်သည် အထမမြောက်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။ ယန်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဆီချွမ်ပြည်နယ်၊ ချန်ဒူမြို့မှ တိရစ္ဆာန်ရုံထဲတွင် ကျားလှောင်အိမ်ထဲ ခုန်ချခဲ့ခြင်း ဖြစ်သည်။ ရှားပါးမျိုးစိတ် ဘင်္ဂလားကျားဖြူကြီး နှစ်ကောင်ကို ထားရှိသော လှောင်အိမ်ထဲတွင် ယန်အနေဖြင့် မိနစ်(၂၀)မျှ ရှိနေခဲ့ပြီးမှ တိရစ္ဆာန်ရုံ ဝန်ထမ်းများက ၎င်းကို ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

"ကျားတွေ ကျွန်တော့်ကို စားပါစေ။ ကျွန်တော့်အသားကို စားပါစေလို့ ဆန္ဒပြုခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ကို ကျားကိုက်တော့ လုံးဝ ပြန်ပြီး မတွန်းလှန်ခဲ့ဘူး"ဟု ယန်က ဆိုသည်။ ပုံနှိပ်စက်ရုံ တစ်ခုတွင် အလုပ်လုပ်ရင်း ဖိအားများအောက် ငြီးငွေ့လာသည့် ယန်က ယခုလို အဆုံးစီရင်မှုအတွက် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ ယန်သည် လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့ပြီး မကြာမီမှာပင် ပုံနှိပ်စက်ရုံသို့ ပြောင်းလာကာ ထိုအလုပ်ကိုလည်း နုတ်ထွက်ခဲ့ပြန်သည်။

၎င်းသည် ကျားမွေးထားသည့် ခြံဝင်းထဲ ခုန်ချခဲ့သော်လည်း ကျားမောင်နှံအနက် အမမှာ လန့်ပြီး ထွက်ပြေးသွားခဲ့သည်။ ထို့နောက် ဘင်္ဂလားကျားဖြူ အထီးကြီးထံ ယန်က တိုးကပ်သွားသည့်နောက် ကျားက ၎င်း၏ လည်ကုပ်ကို လှမ်းခဲထားခဲ့သည်။ သို့သော်လည်း တိရစ္ဆာန်ရုံ ဝန်ထမ်းများက ကျားကို ခြောက်လှန့်မောင်းထုတ်ပြီး ယန်ကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယန်အနေဖြင့် ယခုဖြစ်ရပ် အပြီးတွင် စိတ်ပိုင်းဆိုင်ရာ ကုသမှုများ ခံယူရဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြထားသည်။

Planet Myanmar Network
Chendu Business နေ့စဉ်သတင်းစာက အသက်(၂၇)နှစ်ရှိ ယန်ဂျင်ဟိုင်၏ မိမိကိုယ်ကိုယ် စတေးမှု အစီအစဉ်သည် အထမမြောက်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။

တရုတ်နိုင်ငံမှ လူတစ်ဦးသည် အလွန်အကျွံ စိတ်ဖိစီးမှု များပြားလာသည့်နောက် မိမိကိုယ်ကိုယ် ကျား စာကျွေးရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ Chendu Business နေ့စဉ်သတင်းစာက အသက်(၂၇)နှစ်ရှိ ယန်ဂျင်ဟိုင်၏ မိမိကိုယ်ကိုယ် စတေးမှု အစီအစဉ်သည် အထမမြောက်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။ ယန်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဆီချွမ်ပြည်နယ်၊ ချန်ဒူမြို့မှ တိရစ္ဆာန်ရုံထဲတွင် ကျားလှောင် အိမ်ထဲ ခုန်ချခဲ့ခြင်း ဖြစ်သည်။ ရှားပါးမျိုးစိတ် ဘင်္ဂလားကျားဖြူကြီး နှစ်ကောင်ကို ထားရှိသော လှောင် အိမ်ထဲတွင် ယန်အနေဖြင့် မိနစ်(၂၀)မျှ ရှိနေခဲ့ပြီးမှ တိရစ္ဆာန်ရုံဝန်ထမ်းများက ၎င်းကို ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

"ကျားတွေ ကျွန်တော့်ကို စားပါစေ။ ကျွန်တော့်အသားကို စားပါစေလို့ ဆန္ဒပြုခဲ့တယ်။ ဒါကြောင့် ကျွန်တော့် ကို ကျားကိုက်တော့ လုံးဝ ပြန်ပြီး မတွန်းလှန်ခဲ့ဘူး"ဟု ယန်က ဆိုသည်။ ပုံနှိပ်စက်ရုံ တစ်ခုတွင် အလုပ် လုပ်ရင်း ဖိအားများအောက် ငြီးငွေ့လာသည့် ယန်က ယခုလို အဆုံးစီရင်မှုအတွက် ကြံစည်ခဲ့ခြင်း ဖြစ် သည်။ ယန်သည် လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့ပြီး မကြာမီမှာပင် ပုံနှိပ်စက်ရုံသို့ ပြောင်းလာကာ ထိုအလုပ် ကိုလည်း နုတ်ထွက်ခဲ့ပြန်သည်။

၎င်းသည် ကျားမွေးထားသည့် ခြံဝင်းထဲ ခုန်ချခဲ့သော်လည်း ကျားမောင်နှံအနက် အမမှာ လန့်ပြီး ထွက်ပြေး သွားခဲ့သည်။ ထို့နောက် ဘင်္ဂလားကျားဖြူ အထီးကြီးထံ ယန်က တိုးကပ်သွားသည့်နောက် ကျားက ၎င်း၏ လည်ကုပ်ကို လှမ်းခဲထားခဲ့သည်။ သို့သော်လည်း တိရစ္ဆာန်ရုံ ဝန်ထမ်းများက ကျားကို ခြောက် လှန့်မောင်းထုတ်ပြီး ယန်ကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယန်အနေဖြင့် ယခုဖြစ်ရပ် အပြီးတွင် စိတ်ပိုင်း ဆိုင်ရာ ကုသမှုများ ခံယူရဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြထားသည်။

Planet Myanmar Network

No comments:

Post a Comment