Friday, February 21, 2014

အန္တရာယ်ရှိ စာသင်ကျောင်းများနှင့် ပြင်ဆင်ရန်ကျောင်းပေါင်း ၃ဝဝ ကျော်ရှိနေ

ပညာရေးဝန်ကြီးဌာန၊ အမှတ် ၂ အခြေခံ ပညာရေးဦးစီးဌာနက၂ဝ၁၄-၁၅ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် အန္တရာယ် ရှိကျောင်းများ၊ ဥပဓိရုပ်မကောင်းသော ကျောင်းများ၊ ကျောင်းဆောင်သစ်တိုးချဲ့ ခြင်းများနှင့် ပတ် သက်ပြီး မူလတင်ပြထားသည့် ကျောင်းပေါင်း ၂၂ဝ အစား ၃ဝ၃ ကျောင်းပြင်ဆင်ရန် ယနေ့ ပြည် ထောင်စု လွှတ်တော်၌ ပြည်သူ့ လွှတ်တော်ပညာရေးမြှင့်တင်မှု ကော်မတီဝင်က အဆိုပြု တင်ပြ လိုက်သည်။

“အမှတ် ၂ အခြေခံဦးစီးဌာနမှ တင်ပြထားတဲ့ RCC အဆောက်အဦးများ အတွက် BE နှုန်း ထားဟာ အခြား ဦးစီးဌာနတွေလို ၁၈,ဝဝဝ မဟုတ်ဘဲ ၂ဝ,ဝဝဝ ဖြစ်နေတဲ့အတွက် ပြန် လည် စိစစ်တဲ့အခါမှာ ကျပ်ငွေ ၃ ဒသမ ၄၅ဝ၆ ဘီလီယံ ပိုထွက်လာပါတယ်။ အဲ့ဒီပိုထွက်လာတဲ့ ငွေတွေကို အရေးကြီးတဲ့ အန္တရာယ် ရှိ ကျောင်းများအဖြစ် သတ်မှတ်ခံထားရတဲ့ ကျောင်းပေါင်း ၈၃ ကျောင်း ပိုမိုပြင်ဆင်နိုင်တယ်ဆိုတာ တွေ့ရ တယ်” ဟု အဆိုပါကော်မတီ ဝင်၊ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာမြဦးက ဆိုသည်။

ပညာရေးဝန်ကြီးဌာန၏ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်၊ လျာထားချက် အခန်းကဏ္ဍတွင် အမှတ် ၂ အခြေခံပညာ ဦးစီးဌာနက လွှတ်တော်တွင် တင်ပြထားသည့် လုပ်ငန်းများအတွက် လျာထားငွေ ကျပ်သန်းပေါင်း ၄၁,၁၉ဝ တင်ပြထားသည့်အထဲတွင် အန္တှရာယ်ရှိ ကျောင်းများဖျက်သိမ်း၍ အသစ်ဆောက်လုပ် ရန် ကျောင်းပေါ င်း၂၂ဝ အစား ၃ဝ၃ ကျောင်း ဆောက်လုပ်ရန် တိုးမြှင့်ခဲ့သော်လည်း လျာထားငွေ မှာမူ လျော့ ချခြင်းမပြု ခဲ့ကြောင်း နိုင်ငံပိုင် အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လျာထား ချက် (မူကြမ်း) အပေါ်ပြင်ဆင်ရန် အဆိုပြုချက် ဇယားတွင် ဖော်ပြပါရှိသည်။

ထို့အပြင် လွှတ်တော်တွင် တင်ပြထားသော ကျောင်းများအသစ် ဆောက်လုပ်ခြင်း(၂၈၁ ကျောင်း)၊ ကျောင်း သားဦးရေအရ စာသင်ခန်းလိုအပ်၍ တိုးချဲ့ဆောင်များ (၁၃၅ ကျောင်း)၊ ဥပဓိရုပ်မကောင်း သည့် ကျော င်းဆော င်များ အသစ်ဆောက်လုပ်ခြင်း (၁၇၆ ကျောင်း)၊ သိပ္ပံလက်တွေ့ခန်းနှင့် မီဒီယာခန်း ဆောင် (၁)ဆောင် ဆောက်လုပ်ခြင်း၊ တိုင်း/ပြည် နယ်၊ ခရိုင်ပညာရေးမှူးရုံး များ အသစ်ဆောက်လုပ်ခြင်း(၈ ရုံး)၊ ဝန်ထမ်းအိမ်ရာများ ဆောက် လုပ်ခြင်း လုပ်ငန်း(၆)ဆောင် နှင့် ရုံးသုံးစက်ကရိယာ၊ ပရိဘောဂနှင့် ယာဉ်များ ဝယ်ယူရေးအတွက်လည်း ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံ ကိန်း ရင်းနှီးမြှပ်နှံမှု လျာထားချက် များ (မူကြမ်း) တွင် ဖော်ပြပါရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment