Friday, February 14, 2014

ပဲခူးမြို့ ဥဿာမြို့သစ် သီးသန့် ၂၄ ရပ်ကွက်ရှိ ကျူးကျော်အိမ်ထောင်စု ၁၅၃ စုအား ဖေဖော်ဝါရီ ၁၉ ရက် နောက်ဆုံးထားဖယ်ရှားပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး သတိပေး

Photo: ပဲခူးမြို့ ဥဿာမြို့သစ် သီးသန့် ၂၄ ရပ်ကွက်ရှိ ကျူးကျော်အိမ်ထောင်စု ၁၅၃ စုအား ဖေဖော်ဝါရီ ၁၉ ရက် နောက်ဆုံးထားဖယ်ရှားပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး သတိပေး
Friday, February 14, 2014

ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး (၈) သီးသန့်(၂၄)ရပ်ကွက်ရှိ ပလပ်မြေများပေါ်တွင် ကျူးကျော်တဲများ ဆောက်လုပ်နေထိုင်နေသည့် အိမ်ထောင်စုများအား ဖေဖော်ဝါရီ ၁၉ ရက် နောက်ဆုံးထားဖယ်ရှားပေးရန်နှင့် မဖယ်ရှားပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက သတိပေးခဲ့ကြောင်း အဆိုပါ ကျူးကျော်အိမ်ထောင်စုများထံမှ သိရသည်။

သီးသန့် ၂၄ ရပ်ကွက်နေသူတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်က “မနေ့ညက မြို့နယ်အုပ်ချုပ်ရေးမှူးက စာသင်ကျောင်းမှာ အစည်းအဝေးခေါ်လုပ်တယ်။ ဒီက ကျူးကျော်တဲတွေအားလုံး နောက်ငါးရက်အတွင်း ဖယ်ရှားပေးဖို့နဲ့ မဖယ်ပေးရင် ဥပဒေအရ အရေးယူမယ်ဆိုပြီး ပြောသွားပါတယ်” ဟု ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းက ပြောကြားသည်။

ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး ၈ အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းက “မနေ့က မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် အစည်းအဝေး လုပ်သွားပါတယ်။ ဒီသီးသန့် ၂၄ ရပ်ကွက်မှာ နေထိုင်နေတဲ့ ကျူးကျော်တဲတွေ အကုန်လုံးကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ပြောပါတယ်။ မြေအစားရထားတဲ့ အိမ်ထောင်စုတွေမပါဘဲ ဒီမှာနေထိုင်နေတဲ့ ကျူးကျော်တဲအိမ်ထောင်စု က ၁၅၃ အိမ်ထောင်စု ရှိပါတယ်” ဟု ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၎င်းရပ်ကွက်မှာ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းနှင့် မြို့ရှောင်လမ်း စီမံကိန်းကြောင့် သိမ်းဆည်းခဲ့သည့်  ရွာကြီးခြောက်ရွာနှင့် ရပ်ကွက်ကြီးများမှ အိမ်ထောင်စုများအား ပြန်လည်နေရာချမြေအစားပေးသည့် ရပ်ကွက်ဖြစ်ပြီး မြေသိမ်းဆည်းစဉ်က တစ်ဧကမှ နှစ်ဧကအထိ အသိမ်းခံရသည့် အိမ်ထောင်စုများလည်းရှိပြီး ပြန်လည်အစားပေးသည့်အခါ ပေ ၂၅×၄၀ မြေကွက်များသာ ပြန်ပေးသဖြင့် မိသားစုများသည့်အိမ်ထောင်စုများမှာ ပလပ်မြေများပေါ်တွင် ကျူးကျော်တဲများထိုး၍ နေထိုင်လျက်ရှိကြောင်း နေထိုင်သူများက ဆိုသည်။

အဆိုပါရပ်ကွက်တွင် ကျူးကျော်တဲထိုး၍ နေထိုင်နေသူတစ်ဦးက “ပြန်ပေးတဲ့ မြေကွက်တွေကကျဉ်းလို့ အိမ်ထောင်စုများတဲ့သူတွေက ပလပ်မြေတွေပေါ်မှာ တဲဆောက်ပြီး သွားနေတော့ ကျူးကျော်ဆိုပြီး သက်ဆိုင်ရာက သတ်မှတ်တာကို ခံရပါတယ်။ သိမ်းခံရတဲ့ မြေကွက်တွေက ပေ ၈၀×၁၀၀ အနည်းဆုံး ရှိကြတယ်။ တချို့ဆို သုံးဧကလောက်ကျယ်တဲ့ ခြံတွေလည်းရှိတယ်။ ဒါပေမဲ့ ဒီမှာပြန်ရတော့ ပေ ၂၅× ၄၀ ပဲ ပြန်ရကြတယ်” ဟု ပြောကြားသည်။
ဥဿာမြို့သစ် ရပ်ကွက်ကြီး ၈ သီးသန့် ၂၄ ရပ်ကွက်တွင် ဟံသာဝတီလေဆိပ် စီမံကိန်းနှင့် မြို့ရှောင်လမ်း စီမံကိန်းကြောင့် ပြောင်းရွှေ့လာခဲ့ရသည့် ဘုရင့်နောင်၊ မဟာကြီး၊ ဆပ်ပြာကျင်း၊ နွားတဲကုန်း၊ ချမ်းသာကွင်း၊ ဘောင်းတော်ကျ စသည့်ရွာများမှ အိမ်ထောင်စုပေါင်း တစ်ထောင်ကျော်ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။

 Eleven Media Group

ဥဿာမြို့သစ် ရပ်ကွက်ကြီး(၈) သီးသန့်(၂၄) ရပ်ကွက်ရှိ ကျူးကျော်နေ အိမ်အချို့ ကို ဇန်န၀ါရီ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ဥဿာမြို့သစ် ရပ်ကွက်ကြီး(၈) သီးသန့်(၂၄) ရပ်ကွက်ရှိ ကျူးကျော်နေအိမ်အချို့ ကို 
ဇန်န၀ါရီ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး (၈) သီးသန့်(၂၄)ရပ်ကွက်ရှိ ပလပ်မြေများပေါ်တွင် ကျူးကျော်တဲများ ဆောက်လုပ်နေထိုင်နေသည့် အိမ်ထောင်စုများအား ဖေဖော်ဝါရီ ၁၉ ရက် နောက်ဆုံးထား ဖယ်ရှားပေး ရန်နှင့် မဖယ်ရှားပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် မြို့နယ် အုပ်ချုပ်ရေးမှူးက သတိပေးခဲ့ကြောင်း အဆိုပါ ကျူးကျော်အိမ်ထောင်စုများထံမှ သိရသည်။


သီးသန့် ၂၄ ရပ်ကွက်နေသူတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်က “မနေ့ညက မြို့နယ်အုပ်ချုပ်ရေးမှူးက စာ သင်ကျောင်းမှာ အစည်းအဝေးခေါ်လုပ်တယ်။ ဒီက ကျူးကျော်တဲတွေအားလုံး နောက်ငါးရက်အတွင်း ဖယ် ရှားပေးဖို့နဲ့ မဖယ်ပေးရင် ဥပဒေအရ အရေးယူမယ်ဆိုပြီး ပြောသွားပါတယ်” ဟု ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းက ပြောကြားသည်။

ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး ၈ အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းက “မနေ့က မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် အစည်းအဝေး လုပ်သွားပါတယ်။ ဒီသီးသန့် ၂၄ ရပ်ကွက်မှာ နေထိုင်နေတဲ့ ကျူးကျော်တဲတွေ အကုန်လုံးကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ပြောပါတယ်။ မြေအစားရထားတဲ့ အိမ်ထောင်စုတွေမပါဘဲ ဒီမှာနေထိုင်နေတဲ့ ကျူးကျော်တဲအိမ်ထောင်စု က ၁၅၃ အိမ်ထောင်စု ရှိပါတယ်” ဟု ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၎င်းရပ်ကွက်မှာ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းနှင့် မြို့ရှောင်လမ်း စီမံကိန်းကြောင့် သိမ်းဆည်းခဲ့သည့်  ရွာကြီးခြောက်ရွာနှင့် ရပ်ကွက်ကြီးများမှ အိမ်ထောင်စုများအား ပြန်လည်နေရာချမြေအစားပေးသည့် ရပ်ကွက်ဖြစ်ပြီး မြေသိမ်းဆည်းစဉ်က တစ်ဧကမှ နှစ်ဧကအထိ အသိမ်းခံရသည့် အိမ်ထောင်စုများလည်းရှိပြီး ပြန်လည်အစားပေးသည့်အခါ ပေ ၂၅×၄၀ မြေကွက်များသာ ပြန်ပေးသဖြင့် မိသားစုများသည့်အိမ်ထောင်စုများမှာ ပလပ်မြေများပေါ်တွင် ကျူးကျော်တဲများထိုး၍ နေထိုင်လျက်ရှိကြောင်း နေထိုင်သူများက ဆိုသည်။

အဆိုပါရပ်ကွက်တွင် ကျူးကျော်တဲထိုး၍ နေထိုင်နေသူတစ်ဦးက “ပြန်ပေးတဲ့ မြေကွက်တွေကကျဉ်းလို့ အိမ်ထောင်စုများတဲ့သူတွေက ပလပ်မြေတွေပေါ်မှာ တဲဆောက်ပြီး သွားနေတော့ ကျူးကျော်ဆိုပြီး သက်ဆိုင် ရာ က သတ်မှတ်တာကို ခံရပါတယ်။ သိမ်းခံရတဲ့ မြေကွက်တွေက ပေ ၈၀×၁၀၀ အနည်းဆုံး ရှိကြတယ်။ တချို့ဆို သုံးဧကလောက်ကျယ်တဲ့ ခြံတွေလည်းရှိတယ်။ ဒါပေမဲ့ ဒီမှာပြန်ရတော့ ပေ ၂၅× ၄၀ ပဲ ပြန်ရကြတယ်” ဟု ပြောကြားသည်။

ဥဿာမြို့သစ် ရပ်ကွက်ကြီး ၈ သီးသန့် ၂၄ ရပ်ကွက်တွင် ဟံသာဝတီလေဆိပ် စီမံကိန်းနှင့် မြို့ရှောင်လမ်း စီမံကိန်းကြောင့် ပြောင်းရွှေ့လာခဲ့ရသည့် ဘုရင့်နောင်၊ မဟာကြီး၊ ဆပ်ပြာကျင်း၊ နွားတဲကုန်း၊ ချမ်းသာ ကွင်း၊ ဘောင်းတော်ကျ စသည့်ရွာများမှ အိမ်ထောင်စုပေါင်း တစ်ထောင်ကျော်ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။

 Eleven Media Group

No comments:

Post a Comment