Saturday, February 1, 2014

မကွေးတိုင်းဒေသကြီးတွင် စက်ရုံအလုပ်ရုံများ လုပ်ပေးရန် ကုန်သည်ကြီးများအသင်း တင်ပြ

အလုပ်အကိုင် အခွင့်အလမ်း ရှားပါးသော မကွေးတိုင်းဒေသကြီးတွင် လူအများစုအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မည့် စက်ရုံအလုပ်ရုံများလုပ်ဆောင်ပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းနှ င့် တွေ့ဆုံစဉ် မကွေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းက တင်ပြထားကြောင်း ယင်းအသင်း ဥက္ကဋ္ဌ ဦးထွန်းဆိုင်က ထုတ်ဖော် ပြောကြားသည်။

ဇန်နဝါရီ ၃၀ ရက်နေ့တွင် မကွေးမြို့ ကုန်စည်ဒိုင်ခန်းမ၌ ပြုလုပ်သော ၂၀၁၅ အလွန် စီးပွားရေး အဝန်း အဝိုင်းနှင့် ရာသီဥတု ဒဏ်ကြံ့ကြံ့ခံသည့်သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်း ဟောပြောပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တောင်သူတွေ မိမိတို့ယာမြေမှာ ရာသီပေါ်သီးနှံ လုပ်ကိုင်ပြီးရင် အလုပ်မရှိတဲ့အတွက် လူများစု လုပ်ငန်း ကိုင်ငန်းတွေ လုပ်နိုင်မယ့် စက်ရုံအလုပ်ရုံတွေ ကျွန်တော်တို့ဆီမှာ ရှိချင်ပါတယ်” ဟု ဦးထွန်းဆိုင်က ဆိုသည်။ 

မြန်မာနိုင်ငံအလယ်ပိုင်းတွင် အထည်အလိပ် လုပ်ငန်းနှင့် ပတ်သက်သော ရက်ကန်းလုပ်ငန်းမှာ နာ မည်ကျော်ကြော င်း၊ ပြည်တွင်း ပို့ကုန် အစားထိုးနိုင်ရန် ချည်ထည် လုပ်ငန်းဇုန်များ လုပ်ဆောင်နိုင်ပြီး အထူးစီးပွားရေးဇုန်နှင့် စက်မှုဇုန်များ ထူထောင်ရာ၌ ဒေသအားသာချက် (Locational Advantage)ကို ထည့်သွင်း စဉ်းစားသင့်ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာ ချိုချိုသိန်းက ထောက်ပြသည်။

စီးပွားရေး လုပ်ငန်းရှင် အများစုမှာလည်း ပြည်တွင်း အတိုင်းအတာတွင် နစ်မြှုပ်ကာ နိုင်ငံတကာရှိ အပြောင်း အလဲများကို မလေ့လာဘဲ အထီးကျန်လျက် ရှိကြောင်း ၎င်းက ဝေဖန် ပြောကြားသည်။ “ဗမာစကားပုံ နဲ့ ပြောရရင် ဝါးလုံးခေါင်းထဲမှာ လသာနေတဲ့သူတွေ အများကြီး ရှိတယ်” ဟု ဒေါက်တာချိုချိုသိန်းက ဆို သည်။

တောင်သူလယ်သမားနှင့် ကျေးလက် လူဦးရေ အများစုဖြစ်သော မကွေးတိုင်းဒေသကြီးတွင် အလုပ်အကိုင် ရှားပါးသဖြင့် ဒေသခံ လူငယ်လူရွယ်နှင့် လူလတ်ပိုင်း အများစုသည် ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံတို့ ကဲ့ သို့သော ပြည်ပနိုင်ငံများတွင် အောက်ခြေသိမ်း အလုပ်များ သွားရောက် လုပ်ကိုင်ရခြင်း၊ ပြည်တွင်းရှိ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင်သွားရောက် လုပ်ကိုင်ခြင်းတို့ဖြင့် အသက်မွေး ကြ ရသည်။

The Voice Weekly

No comments:

Post a Comment