Thursday, February 20, 2014

စာနယ်ဇင်းလွတ်လပ်ခွင့် အားနည်းခြင်း၊ အဓမ္မ မြေယာသိမ်းဆည်းမှုများ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ပြောကြား

Photo: စာနယ်ဇင်းလွတ်လပ်ခွင့် အားနည်းခြင်း၊ အဓမ္မ မြေယာသိမ်းဆည်းမှုများ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ပြောကြား
Thursday, February 20, 2014

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်းနှင့် ၎င်းတို့တွင် စာနယ်ဇင်းလွတ်လပ်ခွင့် အားနည်းခြင်း၊ အဓမ္မ မြေယာသိမ်းဆည်းခံရခြင်း၊ ပြည်တွင်းစစ်နှင့် တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရန် နှေးကွေးနေခြင်းတို့သည် အဓိက အကြောင်းရင်းများဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက ဖေဖော်ဝါရီ ၁၉ ရက် ည ၇ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး စံချိန်စံနှုန်းများ မြှင့်တင်ရန်အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းသည် အဓိက အရေးပါကြောင်း၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်နေကြောင်း၊ စစ်ဒဏ်ကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ရမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ကင်တားနားက ပြောကြားသည်။

“နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့ ကြိုးပမ်းချက်တွေကို တွေ့မြင်နေရပါတယ်။ ဒါပေမဲ့ လုပ်ဆောင်မှုတွေက အားနည်းနေပါသေးတယ်။ မြန်မာအစိုးရ အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရုံတင် မဟုတ်ဘဲ စစ်မှန်ပြီးရေရှည်ခံတဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် နိုင်ငံရေးဆွေးနွေးမှုတွေပါ ပြုလုပ်ဖို့ လိုပါတယ်” ဟု ကင်တားနားကဆိုသည်။

ထို့အပြင် Unity အပတ်စဉ် သတင်းဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦး ထိန်းသိမ်းခံရခြင်း၊ Eleven Media Group မှ လွိုင်ကော်သတင်းထောက်မခိုင် ဖမ်းဆီးခံရခြင်းတို့သည် မီဒီယာအပေါ် ဖိနှိပ်မှုများ ရှိနေသည်ကို ဖော်ပြနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနားက ပြောကြားသည်။

“တစ်ချိန်က မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလောက ပွင့်လင်းလာမှုကို နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ချီးကျူးခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပိုမိုမြှင့်တင်ဖို့ လိုအပ်ပါတယ်။ သတင်းထောက်တစ်ဦးရဲ့ ရေးသားမှုအတွက် ထောင်ချတာမျိုး မလုပ်သင့်ပါဘူး။ ငွေဒဏ်လိုမျိုး တခြားနည်းလမ်းတွေနဲ့ အရေးယူသင့်ပါတယ်” ဟု သတင်းမီဒီယာများ၏ မေးမြန်းမှုကို မစ္စတာကင်တားနားက ပြန်လည်ဖြေဆိုသည်။

နိုင်ငံရေးအကျဉ်းသား အများစု လွှတ်ပေးခြင်းသည် ဦးသိန်းစိန်အစိုးရလက်ထက် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်သော်လည်း ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်နှင့် ရဲတပ်သားများမှ အကျဉ်းသားများကို နှိပ်စက်ညှဉ်းပန်းမှုများ အဆုံးသတ်ရန် မစ္စတာကင်တားနားက တောင်းဆိုသည်။

ဆက်လက်၍ အဓမ္မ မြေယာသိမ်းဆည်းမှုများနှင့် ပတ်သက်၍ The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို မစ္စတာကင်တားနားက “လက်ရှိမြန်မာနိုင်ငံမှာ အဖြစ်အများဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုဟာ အဓမ္မ မြေယာသိမ်းဆည်းမှု ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေဟာ ပိုပြီးတော့ များပြားလာပါတယ်။ ဒါတွေကို ဖြေရှင်းဖို့အတွက် အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ အဓမ္မ မြေယာသိမ်းဆည်းမှုတွေကို စုံစမ်းဖော်ထုတ်ပြီး သင့်တော်သလို အရေးယူဆောင်ရွက်ပေးဖို့ ဖြစ်နိုင်မှာပါ။ ဒါ့အပြင် အစိုးရအနေနဲ့ ပြည်သူလူထုနဲ့ အမြဲမပြတ် ထိတွေ့နေဖို့ လိုအပ်ပါတယ်။ ပြည်သူလူထုနဲ့ အစဉ်ထိတွေ့နေခြင်းအားဖြင့် ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ ပြဿနာတွေကို သိလာနိုင်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

ထို့အပြင် စီးပွားရေးဆိုင်ရာ စီမံကိန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကြောင့် မြေယာသိမ်းဆည်းမှုများ၊ အဓမ္မ ရွှေ့ပြောင်းခိုင်းမှုများ တွေ့ကြုံနေရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေနှင့် သီလဝါ အထူးစီးပွားရေးဇုန် နယ်မြေများကဲ့သို့သော နေရာများအတွက် အဓမ္မရွှေ့ပြောင်းခိုင်းမှုများ ဖြစ်ပေါ်ခဲ့ရသည်ကို ထောက်ပြ၍ ၎င်းက ဒေသခံများကို သင့်လျော်သည့် လျော်ကြေးငွေနှင့် ပြန်လည်အခြေချမှုများ လုပ်ပေးသင့်ကြောင်း ထောက်ပြခဲ့သည်။

ရခိုင်ပြည်နယ်၌ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရခိုင်ပြည်နယ် ဒူးချီးယားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိအစိုးရမှ စုံစမ်းစစ်ဆေး တွေ့ရှိချက်များသည် ဘက်လိုက်မှုများ ရှိနေနိုင်ကြောင်း၊ ထို့ကြောင့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ခွင့်ပြုရန် တောင်းဆိုကြောင်း၊ ကုလသမဂ္ဂ အနေဖြင့် အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် လိုလားကြောင်း ၎င်းကပြောကြားသည်။

“လက်ရှိရခိုင်ပြည်နယ် အတွင်းမှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေပါသေးတယ်။ မတူညီတဲ့ ဘာသာဝင်တွေကလည်း ရောထွေးနေထိုင်နိုင်ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ဘင်္ဂါလီတွေ အပေါ်မှာ စနစ်တကျ ခွဲခြားဆက်ဆံမှုမျိုးတွေ တွေ့မြင်ခဲ့ရပါတယ်” ဟု ကင်တားနားကဆိုသည်။

မစ္စတာကင်တားနား၏ ယခုအကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့ အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် နောက်ဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကိုပါ သွားရောက်လေ့လာခဲ့သည်။ ကင်တားနားသည် ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီကျော်တွင် လေဆိပ်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ 

Eleven Media Group

ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် 
(ဓာတ်ပုံ-အောင်ဇော်ထွန်း)
ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်းနှင့် ၎င်းတို့တွင် စာနယ်ဇင်းလွတ်လပ်ခွင့် အားနည်းခြင်း၊ အဓမ္မ မြေယာသိမ်းဆည်းခံရခြင်း၊ ပြည်တွင်းစစ်နှင့် တိုင်းရင်း သားဒေသ များတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရန် နှေးကွေးနေခြင်းတို့သည် အဓိက အကြောင်း ရင်းများဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက ဖေဖော်ဝါရီ ၁၉ ရက် ည ၇ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။


မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး စံချိန်စံနှုန်းများ မြှင့်တင်ရန်အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် များအကြား ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းသည် အဓိက အရေးပါကြောင်း၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများ တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်နေကြောင်း၊ စစ်ဒဏ်ကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ရမှု များ ဖြစ်ပေါ်ခဲ့ကြောင်း ကင်တားနားက ပြောကြားသည်။

“နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့ ကြိုးပမ်းချက်တွေကို တွေ့မြင်နေရပါတယ်။ ဒါပေမဲ့ လုပ်ဆောင်မှုတွေက အားနည်းနေပါသေးတယ်။ မြန်မာအစိုးရ အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ နဲ့ အပစ်အခတ်ရပ်စဲရုံတင် မဟုတ်ဘဲ စစ်မှန်ပြီးရေရှည်ခံတဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် နိုင်ငံရေးဆွေးနွေး မှုတွေပါ ပြုလုပ်ဖို့ လိုပါတယ်” ဟု ကင်တားနားကဆိုသည်။

ထို့အပြင် Unity အပတ်စဉ် သတင်းဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦး ထိန်းသိမ်း ခံရခြင်း၊ Eleven Media Group မှ လွိုင်ကော်သတင်းထောက်မခိုင် ဖမ်းဆီးခံရခြင်းတို့သည် မီဒီယာအပေါ် ဖိနှိပ်မှုများ ရှိနေသည်ကို ဖော်ပြနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနားက ပြောကြားသည်။

“တစ်ချိန်က မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလောက ပွင့်လင်းလာမှုကို နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ချီးကျူးခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပိုမိုမြှင့်တင်ဖို့ လိုအပ်ပါတယ်။ သတင်းထောက်တစ်ဦးရဲ့ ရေးသားမှုအတွက် ထောင်ချတာမျိုး မလုပ်သင့်ပါဘူး။ ငွေဒဏ်လိုမျိုး တခြားနည်းလမ်းတွေနဲ့ အရေးယူသင့်ပါတယ်” ဟု သတင်းမီဒီယာများ၏ မေးမြန်းမှုကို မစ္စတာကင်တားနားက ပြန်လည်ဖြေဆိုသည်။

နိုင်ငံရေးအကျဉ်းသား အများစု လွှတ်ပေးခြင်းသည် ဦးသိန်းစိန်အစိုးရလက်ထက် ကြီးမားသော အောင်မြင်မှု တစ်ခု ဖြစ်သော်လည်း ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်နှင့် ရဲတပ်သား များမှ အကျဉ်းသားများကို နှိပ်စက်ညှဉ်းပန်းမှုများ အဆုံးသတ်ရန် မစ္စတာကင်တားနားက တောင်းဆိုသည်။

ဆက်လက်၍ အဓမ္မ မြေယာသိမ်းဆည်းမှုများနှင့် ပတ်သက်၍ The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို မစ္စတာကင်တားနားက “လက်ရှိမြန်မာနိုင်ငံမှာ အဖြစ်အများဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုဟာ အဓမ္မ မြေယာသိမ်းဆည်းမှု ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေဟာ ပိုပြီးတော့ များပြားလာပါတယ်။ ဒါတွေကို ဖြေရှင်းဖို့အတွက် အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ အဓမ္မ မြေယာသိမ်းဆည်းမှုတွေကို စုံစမ်းဖော်ထုတ်ပြီး သင့်တော်သလို အရေးယူဆောင်ရွက်ပေးဖို့ ဖြစ်နိုင်မှာပါ။ ဒါ့အပြင် အစိုးရအနေနဲ့ ပြည်သူလူထုနဲ့ အမြဲမပြတ် ထိတွေ့နေဖို့ လိုအပ်ပါတယ်။ ပြည်သူလူထုနဲ့ အစဉ်ထိတွေ့နေခြင်းအားဖြင့် ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ ပြဿနာတွေကို သိလာနိုင်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

ထို့အပြင် စီးပွားရေးဆိုင်ရာ စီမံကိန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကြောင့် မြေယာသိမ်းဆည်း မှုများ၊ အဓမ္မ ရွှေ့ပြောင်းခိုင်းမှုများ တွေ့ကြုံနေရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေနှင့် သီလဝါ အထူးစီးပွားရေးဇုန် နယ်မြေများကဲ့သို့သော နေရာများအတွက် အဓမ္မရွှေ့ပြောင်းခိုင်းမှုများ ဖြစ်ပေါ်ခဲ့ရသည်ကို ထောက်ပြ၍ ၎င်းက ဒေသခံများကို သင့်လျော်သည့် လျော်ကြေးငွေနှင့် ပြန်လည်အခြေချမှုများ လုပ်ပေးသင့်ကြောင်း ထောက်ပြခဲ့သည်။

ရခိုင်ပြည်နယ်၌ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရခိုင်ပြည်နယ် ဒူးချီးယားတန်း ကျေးရွာတွင် ဖြစ်ပွား ခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိအစိုးရမှ စုံစမ်းစစ်ဆေး တွေ့ရှိချက်များသည် ဘက်လိုက်မှုများ ရှိနေနိုင်ကြောင်း၊ ထို့ကြောင့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ခွင့်ပြုရန် တောင်းဆိုကြောင်း၊ ကုလသမဂ္ဂ အနေဖြင့် အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် လိုလားကြောင်း ၎င်းကပြောကြားသည်။

“လက်ရှိရခိုင်ပြည်နယ် အတွင်းမှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေပါသေးတယ်။ မတူညီတဲ့ ဘာသာဝင်တွေ ကလည်း ရောထွေးနေထိုင်နိုင်ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ဘင်္ဂါလီတွေ အပေါ်မှာ စနစ်တကျ ခွဲခြား ဆက်ဆံမှု မျိုးတွေ တွေ့မြင်ခဲ့ရပါတယ်” ဟု ကင်တားနားကဆိုသည်။

မစ္စတာကင်တားနား၏ ယခုအကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့ အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် နောက်ဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကိုပါ သွားရောက်လေ့လာခဲ့သည်။ ကင်တားနားသည် ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီကျော်တွင် လေဆိပ်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment